အချစ်ဆိုတာ ညီမျှခြင်းချလို့မရသလို အစားလည်းထိုးမရတဲ့အရာပါ။

blank

ချစ်သူတို့ရေ…

ကမ္ဘာပေါ်မှာ ဘယ်တော့မှ အဖြေရှာမရသလို၊ စားထိုးလို့လည်းမရ၊ ညီမျှခြင်းလည်းချမရတဲ့ပြ ဿနာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “ အချစ်” ပါပဲ။ အရွယ်ရောက်သူတိုင်းရဲ့ဘဝမှာ အချစ်နဲ့ မကင်း ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက်အချစ်ချင်းက မ တူညီကြပါဘူး။ ချစ်သူနှစ်ဦးကြားက ချစ်ခြင်း တောင်မှ ညီမျှခြင်းချလို့မရပါဘူး။

  • တချို့တွေအတွက် ချစ်ခြင်းက ရိုးသားပွင့်လင်းမှု။
  • တချို့တွေအတွက် ချစ်ခြင်းက သိုဝှက်မြိုသိပ်ထားမှု။
  • တချို့တွေအတွက် ချစ်ခြင်းက ပေးဆပ်မှု။
  • တချို့တွေအတွက် ချစ်ခြင်းက ရယူမှု။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဲ့ဒီလိုမတူညီကြပေမဲ့ ကိုယ့်ချစ်ခြင်းကမှ အမှန်လို့ယူဆလို့မရပါဘူး။ လူတွေဟာ တစ် ယောက်နဲ့ တစ်ယောက်ဘဝဖြတ်သန်းမှုချင်းမတူညီကြတဲ့အတွက် ကိုယ့်ခံစားချက်နဲ့ကိုယ် ချစ်ခြင်းကို သတ်မှတ်ယုံကြည်ကြပုံချင်းလည်း မတူညီနိုင်ကြပါဘူး။ ဒါကြောင့် ချစ်သူတွေကြားမှာ နှစ်ယောက် သားခံယူချက်ချင်းမတူတိုင်း ကိုယ့်အချစ်က စစ်တယ်။ သူ့အချစ်က မစစ်မှန်ဘူးလို့ သတ်မှတ်ရင် မှား ယွင်းနိုင်ပါတယ်။ မယုံကြည်မှုတွေ၊ သံသယတွေစတဲ့ မလိုလားအပ်တဲ့ပြဿနာလေးတွေ ဝင်လာ တတ်ပါတယ်။

တကယ်တော့ နှစ်ဦးနှစ်ဖက်အပြန်အလှန်ချစ်ရင် လုံလောက်နေပြီမို့ ချစ်ခြင်းကို ညီမျှခြင်း ချဖို့ဖြစ်ဖြစ်၊ တခြားအရာနဲ့လဲလှယ်အစားထိုးဖို့ဖြစ်ဖြစ် မကြိုးစားလိုက်ပါနဲ့လို့ အကြံပြုလိုက်ပါရစေ နော်။

တိုက်ဆိုင်မှုလေးတွေရှိရင် SHARE လိုက်ပါဦးနော်။