ဝေးဝေးရှောင်သင့်တဲ့ ရည်းစားဟောင်းအန္တရာယ်

blank

ရည်းစားဟောင်းနဲ့ ပြန်တွဲတယ်ဆိုတာ ဘာနဲ့တူလဲဆိုတော့

၁။ အနာကျက်ခါစ ဒဏ်ရာဟောင်းကို အပ်ဖျားလေးနဲ့ ပြန်ပြန်ဆွနေတတ်တဲ့အဖြစ်မျိုး။

၂။ ပြောင်းလဲချိန်တန်တာတောင် ခေတ်နောက်ပြန်ဆွဲနေတတ်တဲ့ အဖြစ်မျိုး။

၃။ ရင့်ကျက်သလိုလိုနဲ့ မရင့်ကျက်သေးတဲ့ အဖြစ်မျိုး။

၎။ ကိုယ့်ကို နာနာရိုက်သွားတဲ့သူကို ထပ်ရိုက်ပါဦးလားလို့ တောင်းဆိုနေမိတဲ့အဖြစ်မျိုး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ဝါးပြီး ထွေးထုတ်ထားတဲ့ ပီကေကို ပြန်ချိုလာမလားဆိုပြီ ပြန်ကောက်ဝါးနေတဲ့ အဖြစ်မျိုး။

၆။ ကိုယ့်ကိုပေးလာတဲ့အချစ်စစ်တွေကို လျစ်လျူရှုပြီး ကိုယ့်ကိုမပေးချင်တဲ့ အချစ်တုကို ခခယယတောင်းဆိုနေရတဲ့ အဖြစ်မျိုး။

၇။ ကိုယ့်နှလုံးသားနဲ့ကိုယ်ချစ်၊ ကိုယ့်မျက်ရည်နဲ့ ကိုယ်လွမ်းပြီး သူများကို အလိုလို အရှုံးပေးလိုက်ရတဲ့အဖြစ်မျိုး။

၈။ ကောင်းကင်အမြင့်ကြီးမှာ လွတ်လွတ်လပ်လပ်ပျံသန်းနိုင်ဖို့ အတောင်တွေရှိနေပါရက်နဲ့ ကိုယ့်ခြေထောက်ကိုယ် ခဲနဲ့ချည်ထားမိတဲ့ အဖြစ်မျိုး နဲ့ တူပါတယ်။

“ဟောင်းလေ ပိုပြီးတန်ဖိုးကြီးလေ” ဆိုတဲ့အရာတွေထဲမှာ ရည်းစားဟောင်းဆိုတဲ့အရာတွေ မပါပါဘူး။ ဘဝသစ်တစ်ခုကိုလှမ်းချီတဲ့အချိန်မှာ ရည်းစားဟောင်းမစားကောင်းတဲ့အသီးလိုသဘောထားပြီး ဝေးဝေးရှောင်၊ ဝေါင်ဝေါင်ရှေးလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

သင့်ထင်မြင်ချက်လေးတွေကို comment box မှာ မျှဝေပေးခဲ့ပါဦးနော်။