ကလေးတွေရဲ့မေးခွန်းကိုဖြေရာမှာ မိဘများသိထားသင့်တဲ့ ဥပဒေသများ

blank

၁။ ကလေးတွေဟာ သူတို့မေးတဲ့အကြောင်းအရာထက်ပိုပြီး တခြားအရာတွေကိုသိဖို့ မလို အပ်သေးပါဘူး။ သူတို့ကို ရိုးစင်းတဲ့အဖြေပဲပေးပါ။

၂။ ကလေးတွေမေးတာကို မသိရင် မသိတဲ့အကြောင်း ဝန်ခံပါ။ မညာပါနဲ့။ အဖြေမှန်ကိုရ အောင် အတူတူအဖြေရှာပါ။ ဒီလိုဖြေရှင်းတာက မိဘရဲ့သြဇာသက်ရောက်မှုကိုလည်း ပို တည်ဆောက်ပေးနိုင်ပါတယ်။ ကလေးကတခြားသူဆီက သင်ယူနေတဲ့အရွယ်မို့ သင်လိမ် ညာတဲ့အခါ လိမ်ညာတတ်သွားနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဆရာတစ်ယောက်လို လေသံမာမာနဲ့ ဘယ်တော့မှမပြောပါနဲ့။ သူတို့ကို ဘယ်တော့မှ မ ပြောင်လှောင်ပါနဲ့။ သူတို့မေးမြန်းတဲ့အခါ အလေးအနက်ထားဆက်ဆံပါ။ ဒါမှသာ နောက်ထပ် မေးခွန်းတွေ သင့်ကို ဆက်မေးမှာဖြစ်ပါတယ်။

၎။ သူတို့ရဲ့မေးခွန်းတွေအတွက် တက်တက်ကြွကြွ စဉ်းစားဆင်ခြင်ပေးပါ။ တစ်ခါတရံမှာ သင့် အပေါ် အကြောက်တရားကိန်းအောင်းနေတာကြောင့် သင့်ကလေးရဲ့ မေးခွန်းတွေက အမှန်အ တိုင်းသိမြင်ဖို့ခက်တာ ကြုံရပါမယ်။ သူတို့တကယ်ပြောချင်တာက ဘာလဲဆိုတာ သိမြင်အောင် ကြိုးစားပါ။

သိမှတ်စရာလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။