အသည်းကွဲတယ်ဆိုတာ ပိုကောင်းတဲ့အချစ်ရေးတစ်ခုကို တည်ဆောက်နိုင်ဖို့လား။

blank

ပူပူနွေးနွေးအသည်းကွဲထားသူလေးရေ……..

နှလုံးသားတစ်ခုလုံး ပုံအပ်ချစ်ရသူနဲ့ လမ်းခွဲပြတ်စဲထားတာကြောင့်  နှလုံးသားဝေဒနာတွေကို ခံစားနေရလား။ စိတ်တွေတစ်စစီပြိုလဲ၊ မျက်ရည်တွေ စိုရွှဲနေအောင် ငိုကြွေးနေလား။ အသည်းကွဲဝေဒနာဆိုတာ နံရိုးတွေတဖြောင်းဖြောင်းကျိုးသွားသလို ခံစားရတတ်တယ်ဆိုတာ တို့သိပါတယ်။ မင်းအပ်နှံထားခဲ့တဲ့ နှလုံးသားဆိုတာ ခန္ဓာကိုယ်ရဲ့ အနူးညံ့ဆုံးအရာတစ်ခုပဲလေ။ ပစ်ပစ်ခါခါ နင်းချေခံရတဲ့အခါ သူကလေးနာကျင်မယ်ဆိုတာ တို့သိပါတယ်။

လေ့လာမှုတွေအရ အချစ်နဲ့တွေ့တဲ့အခါ နှလုံးသားတင်မကဘဲ ဦးနှောက်အပေါ်မှာလည်း သက်ရောက်မှုတွေရှိစေတယ်လို့ ဆိုပါတယ်။ အသည်းကွဲတဲ့အခါမှာ ဟော်မုန်းတွေ၊ ခန္ဓာကိုယ်ရဲ့ ဓာတ်ပစ္စည်းတွေဟာလည်း ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရတယ်လို့ သိရတယ်။ ဒါကြောင့် အသည်းကွဲသွားပြီးတဲ့အခါ မင်းအတွက် အချစ်ရေးသဘောတရားတွေက အရင်ကနဲ့ မတူဘဲ ပြောင်းလဲလာမယ်ဆိုတာကိုလည်း သိပ္ပံနည်းကျအချက်တွေနဲ့ သိခဲ့ရပါတယ်။ အသည်းကွဲခြင်းကို လွန်မြောက်လာတဲ့အခါ… ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မင်းအနေနဲ့ ချစ်သူရွေးချယ်တဲ့အခါ ပိုပြီးလက်တွေ့ကျလာလိမ့်မယ်။ အတိတ်က အချစ်ရေးမှာ ကြုံခဲ့ရတဲ့ အမှားတွေကို ရှောင်ရှားနိုင်လာလိမ့်မယ်။

မင်းအနေနဲ့ နောက်တစ်ခါလွယ်လွယ်နဲ့ ပြန်ချစ်တော့မှာ မဟုတ်သလို မြင်မြင်ချင်းအချစ်တွေကိုလည်း ယုံကြည်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုကောင်းတဲ့ အချစ်တစ်ခုကိုတော့ မင်းရှာဖွေနိုင်လိမ့်မယ်။

မင်းရဲ့ ထုံကျင်အေးစက်သွားတဲ့ နှလုံးသားတံခါးဟာလည်း တံခါးခေါက်တိုင်းဖွင့်လို့မရတော့ဘဲ အဖွင့်ကြပ်တဲ့ တံခါးလေးတစ်ခုဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ မင်းနှလုံးသားထဲကို ဝင်ခွင့်ရသူကလည်း မင်းကိုနောက်တစ်ကြိမ်မနာကျင်စေမယ့် သူပဲဖြစ်နေလိမ့်မယ်။

အသည်းကွဲခြင်းတွေရဲ့ အလွန်မှာ မျက်ရည်တွေက မင်းနှလုံးသားကို ဆေးချလိုက်သလိုပဲ မင်းနှလုံးသားဟာ သစ်လွင်လာလိမ့်မယ်။ နှလုံးသားဟာ ပုံစံအသစ်နဲ့ ခုန်လှုပ်လာလိမ့်မယ်။

ဒါကြောင့် အသည်းကွဲဝေဒနာကြောင့် နာကျင်ခံစားနေရတယ်ဆိုရင် မျက်ရည်တွေကို သုတ်လိုက်ပါ။ မင်းရှေ့မှာ လှပတဲ့ဘဝက စောင့်နေတယ်လေ။