ကမ္ဘာပေါ်မှာ တုနှိုင်းမဲ့တာ…မိခင်တစ်ယောက်ရဲ့ မေတ္တာ

blank

          ကျွန်မက single mother တစ်ယောက်ပါ။ တစ်နည်းအားဖြင့်ပြောရရင် ခင်ပွန်းသည်နဲ့ ကွာရှင်းပြီး ကျန်ခဲ့တဲ့ သားလေးကို ပြုစုပျိုးထောင်နိုင်ဖို့ ခက်ခဲပင်ပန်းစွာ ကြိုးစားရုန်းကန်နေရသူ တစ်ယောက်ပေါ့။ ကျွန်မရဲ့ ဝင်ငွေအနည်းငယ်နဲ့ သားကို ကျောင်းကောင်းကောင်းမှာ ထားနိုင်အောင် နေ့မအားညမနား ကြိုးစားရှာဖွေခဲ့တယ်။

တစ်နေ့ ကျွန်မအလုပ်ကနေ ပင်ပန်းကြီးစွာ ပြန်လာတဲ့အခါ သားလေးက ကျွန်မအနားကို ရောက်လာပြီး မနက်ဖန် ကျောင်းကို လိုက်ခဲ့ပေးဖို့ လာပြောတယ်။ ကျွန်မစိတ်ထဲမှာ သားလေး အပြစ်လုပ်လို့ အတန်းပိုင်ဆရာမက ဆင့်ခေါ်တယ်လို့ ထင်နေမိတယ်။ စိတ်ထဲမှာလည်း “အမေက ဒီလောက်ပင်ပင်ပန်းပန်း ရုန်းကန်နေတာတောင် ဒင်းက ကျောင်းမှာ ပြဿနာရှာလာရလား”ဆိုပြီး ဒေါသဖြစ်သွားတာပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်တစ်နေ့ ကျွန်မ ကျောင်းကို ရောက်သွားတဲ့အခါမှ အကြောင်းစုံသိရတော့တာပါပဲ။ တကယ်တော့ ကျောင်းကအတန်းပိုင်ဆရာမက သားလေးတို့ကို အိမ်စာပေးလိုက်တာပါ။ အဲဒါက သားလေးတို့အနေနဲ့ “တန်ဖိုးအထားရဆုံး (သို့) ကမ္ဘာပေါ်မှာ အချစ်ရဆုံးအရာ” ကို ကျောင်းကို ယူလာပြီး ဘာလို့ချစ်ရတာလဲဆိုတဲ့အကြောင်းကို ပြောဖို့ပါပဲ။

သားလေးတို့အတန်းဖော် အချို့ကလေးတွေဆိုရင် သူတို့ရဲ့ တန်ဖိုးကြီး ခွေးလေးတွေ၊ စကိတ်ဘုတ်တွေယူလာတာကိုတွေ့ရတယ်။ ကောင်မလေးတစ်ယောက်ဆိုရင် သူ့ရဲ့ iPad ကို ယူလာတာကိုတောင် တွေ့ရတယ်။ ကိုယ်စီကိုယ်စီယူလာကြတဲ့ တန်ဖိုးကြီး ပစ္စည်းတွေကြား သားလေးကတော့ ကျွန်မလက်ကိုဆွဲပြီး ပြုံးလို့ပေါ့။

ဒီလိုနဲ့ သားလေးပြောပြရမယ့်အလှည့်ကို ရောက်လာတဲ့အခါ သားလေးက ကျွန်မလက်ကိုဆွဲပြီး-

“သားအချစ်ဆုံးနဲ့ တန်ဖိုးအထားဆုံးအရာကတော့ သားမေမေပါ။ သားမေမေက သားသူငယ်ချင်းတွေရဲ့ မေမေတွေလို တန်ဖိုးကြီးပစ္စည်းတွေ ဝယ်မပေးနိုင်ပေမဲ့ သားအတွက် ချစ်ခြင်းမေတ္တာတွေ ပေးခဲ့ပါတယ်။ ဒါကြောင့် သား မေမေ့ကို တန်ဖိုးထားတယ်။ မေမေ့ကို အရမ်းချစ်တယ်” လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောကြားခဲ့ပါတယ်။

အဲဒီနေ့က သားလေးကြောင့် ကျွန်မမျက်ရည်ကျခဲ့ရတယ်။ မျက်ရည်ဆိုပေမယ့် ဝမ်းသာမှုပီတိကြောင့် ဖြစ်လာတဲ့မျက်ရည်တွေပါ။ သားလေးရဲ့ ပြောစကားတွေကနေ ကျွန်မ စိတ်ဓာတ်ခွန်အားတွေရခဲ့တယ်။ အဲဒီစိတ်ဓာတ်ခွန်အားတွေကို အသုံးချပြီး သားလေးရဲ့ အနာဂတ်ကို အကောင်းဆုံးတည်ဆောက်ပေးမယ်၊ သားလေးရဲ့ ဆန္ဒတွေကို အကောင်းဆုံးဖြည့်ဆည်းသွားမယ်၊ အချိန်တိုင်းအတွက် သားလေးဘေးမှာ အကောင်းဆုံးမေမေအဖြစ် ရှိနေမယ်လို့လည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

သင်လည်း သင့်မေမေကို ချစ်တယ်ဆိုရင် SHARE လိုက်ပါ။