ကစားစရာများများဝယ်ပေးတာက ကလေးတွေရဲ့ကိုယ်ပိုင်တီထွင်ဉာဏ်ကို ဟန့်တားနေတာ သင် သိပါသလား။

blank

သားသားမီးမီးတို့ရဲ့ ဖေဖေမေမေတို့ရေ…

မိဘတိုင်းကတော့ သားသမီးတွေနဲ့ပတ်သက်လာရင် တခြားကလေးတွေထက်မသာရင်တောင် တခြားကလေးတွေနဲ့တန်းတူ ကစားစရာတွေစုံစုံလင်လင်ဝယ်ပေးချင်ကြသူတွေချည်းပါ။ ဒါပေမဲ့ ကျွမ်း ကျင်ပညာရှင်တွေကတော့  ကလေးတွေကို ကစားစရာအရုပ်တွေအများကြီးဝယ်ပေးတာထက် ကစား စရာအနည်းငယ်လောက်ပဲ ဝယ်ပေးတာက ပိုကောင်းတဲ့အကြောင်းကို အကြံပြုထားကြပါတယ်။ ဘာ ကြောင့်အဲ့ဒီလိုအကြံပြုထားကြတယ်ဆိုတာလေးကို ဖတ်ကြည့်စေချင်ပါတယ်။

၁။ ကစားစရာများတာက ကလေးရဲ့တီထွင်ဖန်တီးဉာဏ်မဖွံ့ဖြိုးအောင် ပိတ်ပင်တားမြစ်ထားပါတယ်။

ဂျာမန်ကျန်းမာရေးစင်တာနှစ်ခုက စမ်းသပ်မှုတစ်ခုကိုပြုလုပ်ဖို့ မူလတန်းကလေးတွေရဲ့ စာ သင်ခန်းတစ်ခုထဲက ကစားစရာအရုပ်တွေကို သုံးလကြာဖယ်ရှားပစ်ခဲ့ကြပါတယ်။ စမ်းသပ်စပထမ အ ဆင့်မှာ ကလေးတွေက ပျင်းရိငြီးငွေ့ကုန်ကြပေမဲ့ သိပ်မကြာခင်မှာဘဲ သူတို့ရှိနေတဲ့ဝန်းကျင်က အရာ တွေကိုအခြေခံပြီး ကစားနည်းတွေကို တီထွင်ကြံဆလာကြပါတယ်။ ကစားစရာအတွက် သူတို့ရဲ့ကိုယ် ပိုင်စိတ်ကူးတွေကို အသုံးပြုလာကြပါတယ်။

၂။ အာရုံစိုက်စရာများတာက ကလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေပါတယ်။

ကစားစရာတွေအများကြီး ကလေးရဲ့ဘဝထဲဝင်လာတဲ့အခါ ကလေးရဲ့အာရုံစိုက်နိုင်စွမ်းကို စ တင်ထိခိုက်လာပါတယ်။ ကလေးအနေနဲ့ အနောက်မှာလည်း ရွေးချယ်စရာတွေ အများကြီးရှိနေတာ ကိုသိနေတာကြောင့် အရှေ့မှာရှိတဲ့ကစားစရာတွေအပေါ် အပြည့်အဝအာရုံမစိုက်တတ်တော့ပါဘူး။

၃။ ကစားစရာနည်းတဲ့ကလေးဟာ လူလူချင်းပေါင်းသင်းဆက်ဆံရေးကို ပိုတည်ဆောက်နိုင်လာတယ်။

ကစားစရာအနည်းငယ်ပဲရှိတဲ့ကလေးတွေဟာ တခြားကလေးတွေရယ်၊ လူကြီးတွေရယ်နဲ့ ပေါင်းသင်းဆက်ဆံရေး ဘယ်လိုဖွံ့ဖြိုးအောင်လုပ်ရမယ်ဆိုတာ သင်ယူနိုင်ကြတယ်။ စကားစမြည် ကောင်းကောင်းပြောနိုင်ဖို့ အပေးအယူမျှတအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ယူတတ်သွား တယ်။ လေ့လာတွေ့ရှိမှုတွေအရ ငယ်ဘဝကတည်းက ပေါင်းသင်းဆက်ဆံရေးကို နားလည်တတ် ကျွမ်းတဲ့ကလေးဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း လူမှုရေးကောင်းမွန်သူဖြစ်လာပါတယ်။

၎။ ကစားစရာနည်းတဲ့ကလေးက ပစ္စည်းတွေကို ပိုတန်ဖိုးထားတတ်တယ်။

ကလေးတွေမှာ ကစားစရာအရုပ်တွေအများကြီးရှိတဲ့အခါ သူတို့တွေဟာ အလိုအလျောက် အလေးမထားတတ်တဲ့အကျင့်စွဲသွားတယ်။ တစ်ခုပျက်ရင် တစ်ခုအချိန်မရွေးပြန်အစားထိုးလို့ ရနေ တဲ့အတွက် တန်ဖိုးထားမှုလည်း နည်းသွားပါတယ်။ သင့်မှာ ကစားစရာအရုပ်တွေကို အမြဲတမ်းဖျက် ဆီးပစ်နေကျ ကလေးတစ်ယောက်ရှိတယ်ဆိုရင် အရုပ်တွေအားလုံးကို ဖယ်ရှားပစ်လိုက်ပါ။ ကလေး အနေနဲ့ ပြန်ပြီးတန်ဖိုးထားတတ်လာပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ကစားစရာနည်းခြင်းက စာရေးခြင်း၊ စာဖတ်ခြင်းနဲ့ အနုပညာဖန်တီးချိန် ပိုရတာကြောင့် လူသားဆန် တဲ့ နှလုံးသားကို တည်ဆောက်ပေးတယ်။

အရုပ်နည်းတဲ့ကလေးတွေဟာ စာအုပ်တွေကို ကြိုက်တယ်။ ဂီတကို ပိုခံစားတတ်တယ်။ အ ရောင်ခြယ်ရတာ၊ ပန်းချီဆွဲရတာကို နှစ်သက်လာတယ်။ အဲ့ဒီအရာတွေက ကလေးကို လောကကြီးရဲ့ အလှအပတွေကို မြင်တတ်စေဖို့၊ ချစ်မြတ်နိုးတတ်စေဖို့နဲ့ လူလူချင်း ချစ်ခင်တတ်စေဖို့ လူသားဆန်တဲ့ နှလုံးသားကို တည်ဆောက်ပေးနိုင်ပါတယ်။

၆။ ကစားစရာနည်းခြင်းက ကြံရည်ဖန်ရည်ကို ပိုကောင်းစေပါတယ်။

အမြဲပြည့်စုံလာတဲ့ကလေးဟာ မပြည့်စုံတဲ့အခြေအနေနဲ့ ကြုံလာတဲ့အခါ ဘာလုပ်ရမယ်မှန်း မသိတော့ပါဘူး။ ကစားစရာနည်းတဲ့ကလေးတွေကတော့ ကြုံလာတဲ့မပြည့်မစုံအခြေအနေကိုလည်း ကိုယ်ပိုင်ဉာဏ်နဲ့ဆင်ခြင်စဉ်းစားပြီး ဖြေရှင်းတတ်ပါတယ်။ ကြံရည်ဖန်ရည်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝကို အကန့်အသတ်မရှိတဲ့အရာတွေပိုင်ဆိုင်ခွင့်ရစေနိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ။

၇။ ကစားစရာနည်းခြင်းက တခြားသူတွေနဲ့ အငြင်းပွားမှုလျော့နည်းတယ်။

မိဘအများစုထင်ကြတာက ကစားစရာများများရှိတဲ့ကလေးဟာ တခြားကလေးတွေနဲ့ အငြင်း ပွားရန်ဖြစ်ချိန်လျော့နည်းသွားမယ်ဆိုတာပါ။ ဒါပေမဲ့ မောင်နှမတွေရန်ဖြစ်ကြတာဟာ ကစားစရာတွေ လုရင်းနဲ့ပါ။ ကစားစရာနည်းတဲ့မောင်နှမတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မျှဝေမှု၊ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အတူတူကစားတတ်တဲ့အမူအကျင့်ကောင်းလေးတွေ စွဲမြဲမှုတွေကို ရရှိစေပါတယ်။

၈။ ကစားစရာနည်းခြင်းက စိတ်အားထက်သန်မှုရှိတယ်။

မရေမတွက်နိုင်လောက်အောင် ကစားစရာတွေများနေတဲ့ကလေးတွေဟာ ပိုလွယ်တာကို ကစားဖို့ မြန်မြန်အရှုံးပေးတတ်ကြတယ်။ ကစားစရာနည်းတဲ့ကလေးတွေကတော့ တစ်ခုတည်းအပေါ် အာရုံစိုက်မှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှုနဲ့ သေသေချာချာ ဆုံးဖြတ်ချက်ချတတ်တဲ့ အလေ့အ ကျင့်တွေ အလိုလိုစွဲမြဲသွားတယ်။

၉။ ကစားစရာနည်းရင် တစ်ကိုယ်ကောင်းစိတ်တွေနည်းပါးတယ်။

လိုချင်တာမှန်သမျှအကုန်ရနေတဲ့ကလေးတွေဟာ သူတို့လိုချင်သမျှ အမြဲတမ်းရမယ်လို့ ယုံ ကြည်ထားကြတယ်။ ဒီသဘောထားက ဘဝရဲ့မပျော်ရွှင်မှုတွေကို ဦးတည်စေတဲ့ အပျက်သဘော ဆောင်အတွေးအခေါ်တွေပဲ ဖြစ်ပါတယ်။

၁ဝ။ ကစားစရာနည်းတဲ့ကလေးတွေဟာ သဘာဝတရားကိုပိုပြီး အတွေ့အကြုံများတယ်။

ကစားစရာနည်းတဲ့ကလေးဟာ အပြင်ထွက်ပြီးကစားတာ ပိုများတယ်။ ပြီးတော့ သဘာဝတ ရားကို ပိုပြီးနက်နက်ရှိုင်းရှိုင်းအသိအမှတ်ပြုမှု ဖွံ့ဖြိုးလာတယ်။ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုအ တွက် ရုပ်ပိုင်းဆိုင်ရာနဲ့ ပါဝင်ဖို့လည်း ပိုပြီးနှစ်သက်လာတယ်။

၁၁။ ကစားစရာနည်းခြင်းက တင်းတိမ်ရောင့်ရဲတတ်တဲ့အလေ့အထလေးတွေ စွဲမြဲစေပါတယ်။

မှန်ကန်တဲ့အရုပ်နဲ့ ရောင့်ရဲတင်းတိမ်မှုဆိုတာကို အရုပ်ဆိုင်တစ်ခုထဲမှာ ဘယ်တော့မှ ရှာဖွေ တွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။ ရှိတဲ့အရုပ်အနည်းငယ်နဲ့နေသားကျလာတဲ့ကလေးတွေဟာ ဘဝမှာ မဖြုန်းတီးဘဲ တင်းတိမ်ရောင့်ရဲတတ်တဲ့အလေ့အကျင့်လေးတွေ စွဲမြဲသွားကြပါတယ်။

၁၂။ ကစားစရာနည်းခြင်းက ကလေးတွေကို သန့်ရှင်းသပ်ရပ်တဲ့အိမ်ထဲမှာ နေထိုင်ခွင့်ရစေပါတယ်။

သင်က ကလေးမိဘတစ်ယောက်ဆိုရင် ကစားစအရာအရုပ်အပိုင်းအစတွေနဲ့ ပြန့်ကျဲနေတဲ့ အိမ်ထဲမှာ နေရတဲ့ဒုက္ခကို သိမှာပါ။ ကစားစရာအရုပ်နည်းပါးခြင်းက ကလေးတွေကို သန့်ရှင်းသပ် ရပ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အိမ်ထဲမှာ နေထိုင်ခွင့်ရရှိစေပါတယ်။

အကြံပြုချက်လေးတွေက သင့်အတွက် အထောက်အကူဖြစ်စေတယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။