၁၅ဝဝ နဲ့ ၅၂၈ ပေါင်းစပ်ထားတဲ့ ချစ်ခြင်းမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ လက္ခဏာများ

blank

သင့်ချစ်သူနဲ့သင်ဟာ ….

မောင်နှမတွေလို ရန်ဖြစ်ငြင်းခုံမယ်။ ပြီးရင် ဘယ်သူကမှ ချော့စရာမလိုဘဲ ပြန်တည့်သွားတတ်ဆိုရင်….

သင့်ရဲ့ခံစားချက်တွေကို ညီမတစ်ယောက်၊ အစ်ကိုတစ်ယောက်လို ယုံယုံကြည်ကြည်ရင်ဖွင့်တတ်တယ်ဆိုရင်….

ချစ်သူဘေးနားမှာရှိနေတိုင်း သူစိမ်းတစ်ယောက်ရဲ့ အနားမှာရှိနေသလို မခံစားရဘဲ နှလုံးသားဟာ လုံခြုံနွေးထွေးနေတယ်ဆိုရင်….

သင်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ အနေနီးခြင်း၊ဝေးခြင်း၊ အဆက်အသွယ်ရှိခြင်း၊မရှိခြင်းနဲ့ တိုက်ရိုက်အချိုးကျတာမဟုတ်ဘဲ ယုံကြည်စိတ်ချနေနိုင်တယ်ဆိုရင်….

ချစ်စကား၊ကြိုက်စကားတွေထက် တစ်ယောက်ကိုတစ်ယောက် အကျိုးရှိစေမယ့်စကားတွေ၊ ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်စေမယ့် ဆုံးမစကားတွေကို ပြောဖြစ်တယ်ဆိုရင်…… ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပန်းစည်းတွေ အရုပ်တွေလို စိတ်ကူးယဉ်ဆန်တဲ့ လက်ဆောင်တွေပေးမယ့်အစား လိုချင်တာဝယ်ပါလို့ မုန့်ဖိုးပေးတတ်တယ်ဆိုရင်၊ ချစ်သူအတွက်တကယ်လိုအပ်တဲ့ ပစ္စည်းကိုပဲ ဝယ်ပေးဖြစ်တယ်ဆိုရင်…..

တစ်ယောက်နဲ့တစ်ယောက် ငွေကြေးနဲ့ပတ်သက်ပြီး အားနာစရာ၊ ဟန်ဆောင်စရာမလိုဘဲ ပြောပြဖြစ်တယ်၊ ပြတ်လပ်နေတဲ့ကာလတွေကို အတူတူကျော်ဖြတ်ဖြစ်တယ်ဆိုရင်….

မျက်နှာမှာ အိုးမည်းပေးနေတာကအစ၊ သွားမှာငရုတ်သီးဖတ်ကပ်နေတာက အစ ပွင့်ပွင့်လင်းလင်း ပြောပြဖြစ်တယ်ဆိုရင်…

ချစ်သူရှေ့မှာ အစားအသောက်တွေကို အားရပါးရ စားတတ်တယ်ဆိုရင်…

ချစ်သူငိုနေတဲ့အခါ ချော့မော့တဲ့စကားတွေမပြောဘဲ မခံချင်အောင်လိုက်စပြီး ပြုံးရယ်လာအောင် လုပ်တတ်တယ်ဆိုရင်…

သင်နဲ့သင့်ချစ်သူဟာ (၅၂၈) နဲ့ (၁၅ဝဝ) ပေါင်းစပ်ထားတဲ့ ချစ်ခြင်းမျိုးကို ပိုင်ဆိုင်ထားပြီဆိုတာ သေချာပြီပေါ့။ (၂ဝ၂၈) နဲ့ ချစ်ရတဲ့ သင့်ရဲ့ချစ်သူလေးကို mention ခေါ်လိုက်ပါဦး။

တိုက်ဆိုင်ခဲ့ရင် SHARE ပေးဖို့လည်း မမေ့နဲ့ဦးနော်။