ဘယ်သန်သားသမီးတွေရဲ့ မိဘတွေတိုင်း သိထားသင့်တဲ့ အကြောင်းအရာများ

blank

ညာသန်တွေပဲကြီးစိုးနေတဲ့ ကမ္ဘာကြီးမှာ အဆင်ပြေပြေနေထိုင်သွားလာလှုပ်ရှားဖို့က ခက်ခဲပါတယ်။

၁။ ကမ္ဘာပေါ်ကလူတွေရဲ့ ၅% ကနေ ၁ဝ% က ဘယ်သန်တွေဖြစ်ကြပါတယ်။ ဘယ်သန်ခြင်းဟာ မွေးရာပါဖြစ်ပြီး မိဘဆွေမျိုးတွေမှာ ဘယ်သန်ပါရင် မွေးလာတဲ့ကလေးက ဘယ်သန်ဖြစ်နိုင်ခြေပိုများပါတယ်။

၂။ ကလေးက ဘယ်သန်တယ်ဆိုရင် ညာသန်ဖြစ်အောင် ပြောင်းပေးဖို့မကြိုးစားပါနဲ့။ ဘယ်သန်ဖြစ်ခြင်းဟာ အားနည်းချက်မဟုတ်ပါဘူး။ ဘယ်သန်ကို ညာသန်ဖြစ်အောင် ဇွတ်ပြောင်းပေးတာက ကလေးကို ချို့ယွင်းမှုတွေဖြစ်လာစေနိုင်ပါတယ်။

၃။ ကလေးက ဘယ်သန်ဖြစ်ကြောင်းကို ကျောင်းဆရာမတွေကို ကြိုပြောပြထားပါ။ ဒါမှ ညာသန်ကလေးတွေကြားမှာ ထိုင်ပြီး စာရေးရတာအဆင်မပြေတာမျိုးတွေ မဖြစ်မှာပါ။

၎။ ဘယ်သန်ကလေးတွေ စာရေးဖို့ လုံးဝန်းတဲ့ခဲတံလေးတွေထက် ၆ထောင့်ပါတဲ့ ထောင့်ချိုးခဲတံအမျိုးအစားကို ဝယ်ပေးပါ။ ဘယ်သန်ကလေးတွေအတွက် လုံးဝန်းတဲ့ခဲတံက ကိုင်ရခက်ခဲပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ဘယ်သန်ကလေးတွေအတွက် ဘောပင်န်ဝယ်မယ်ဆိုရင်လည်း မှင်စိုဘောပင်န်မဝယ်ပါနဲ့။ မင်ခြောက်ဘောပင်န်ဝယ်ပါ။ ဘယ်လက်နဲ့ စာရေးတဲ့အခါ ဘယ်လက်နဲ့ ညာဘက်ကိုသွားရတဲ့အတွက် မင်တွေပေကျံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၆။ ဘယ်သန်ကလေးတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ရှာဝယ်ပေးပါ။ စက္ကူကို ကပ်ကြေးညှပ်တာလေးတောင် ဘယ်သန်လေးတွေအတွက် ခက်ခဲနေတတ်တာကြောင့် သူတို့ရဲ့ နေ့စဉ်ဘဝလေးတွေကို အဆင်ပြေစေမယ့် ပစ္စည်းလေးတွေကိုပဲ ရှာပြီး ဝယ်ပေးပါ။

၇။ ဘယ်သန်ဖြစ်တာကြောင့် ကလေးကို ခွဲခွဲခြားခြား မဆက်ဆံပါနဲ့။ ဘယ်သန်ခြင်းဟာ ဖယ်ကြဉ်ခံရမယ့် ရောဂါတစ်ခုမဟုတ်သလို ကုစားစရာလည်း မလိုပါဘူး။ ဘယ်သန်ခြင်းဟာ သူ့ရဲ့ ပါရမီ၊ အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုပေးလိုက်ပါ။

တခြားမိဘတွေလည်းသိစေဖို့ မျှဝေတဲ့အနေနဲ့ SHARE လိုက်ပါနော်။