သားလေးအတွက် အချစ်ရေးအကြံပေး

blank

၁။ သားချစ်သူကိုတွေ့ဖို့ message ပို့ပြီး ချိန်းဆိုတာမျိုးမလုပ်ပါနဲ့။ သူမကိုဖုန်းခေါ်ပြီး တိုက်ရိုက်ပြောပါ။  အဲဒီလိုလုပ်ခြင်းအားဖြင့် သားချစ်သူအပေါ် လေးစားမြတ်နိုးမှုကို ပြသရာရောက်ပါတယ်။

၂။ သားချစ်သူကို အချိန်ပေးပါ။ သူမနဲ့စကားများများပြောပြီး သူမကိုနားလည်အောင်ကြိုးစားပါ။ သူမစကားပြောတဲ့အခါ သေသေချာချာနားထောင်ပေးပါ။

၃။ သားနဲ့အတူရှိနေတဲ့အခါ သူမရဲ့စိတ်လုံခြုံနွေးထွေးနေပါစေ။ သူမကိုအမြဲကာကွယ်စောင့်ရှောက်ပေးပါ။

၎။ ချိန်းတဲ့နေရာကို သားအရင်ဆုံးရောက်နေပါစေ။ ချစ်သူရှိတဲ့နေရာကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ လာခဲ့တဲ့ သားချစ်သူကို သားကိုစောင့်မျှော်နေရတာနဲ့ ရင်မမောရပါစေနဲ့။

၅။ သားချစ်သူအပေါ်မှာ အမြဲတမ်းသစ္စာစောင့်ထိန်းပါသား။ သစ္စာတရားဆိုတာ အချစ်ရေးတစ်ခုကို အခိုင်မြဲဆုံးချည်ထားနိုင်တဲ့ ကြိုးလေးတစ်ချောင်းပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ သားချစ်သူကို အမြဲတမ်းကြင်ကြင်နာနာဆက်ဆံပါ။ သားကိုနှလုံးသားတစ်ခုလုံး ပုံအပ်ပေးထားတဲ့ချစ်သူကို ကြမ်းကြမ်းတမ်းတမ်းပြုမူမယ်ဆိုရင် သားဘယ်တရားပါ့မလဲနော်။

၇။ သားချစ်သူဟာ သားနဲ့ချစ်သူဖြစ်ရုံတင်မကပါဘူး။သူမမှာလည်း ကိုယ်ပိုင်ဘဝတစ်ခုရှိတယ်ဆိုတာ မမေ့ပါနဲ့။ သူမကို ကိုယ်ပိုင်အချိန်ပေးဖို့လည်း မမေ့ပါနဲ့။

၈။ လမ်းလျှောက်တဲ့အခါ သူမလက်ကလေးကို ကြင်ကြင်နာနာတွဲလျှောက်ပေးပါ။ သူမငိုတဲ့အခါ သားပုခုံးလေး အဆင်သင့်ရှိနေပါစေ။

၉။ သူမရဲ့နှလုံးသားကို ဂရုစိုက်ပေးပါ။ခံစားချက်တွေကို နားလည်ပေးပါ။ သောကတွေကို မျှဝေယူပြီး သားရဲ့ပျော်ရွှင်မှုတွေကို မျှဝေပေးပါ။ ဘယ်လောက်ပဲ ထက်မြက်တဲ့ မိန်းကလေးဖြစ်ပါစေ။ နူးညံ့တဲ့ နှလုံးသားအားဖြင့်နူးညံ့ပါတယ်။ သားကြောင့်သူမရဲ့နှလုံးသား ဒဏ်ရာအနာတရ မဖြစ်ပါစေနဲ့။

၁ဝ။ သူမရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ခင်မင်ရင်းနှီးအောင်နေပါ။ သားရဲ့အသိုင်းအဝိုင်းနဲ့လည်း သူမနဲ့ ရင်းနှီးနေပါစေ။

၁၁။ တစ်ခါတရံမှာ သူမဟာ နားလည်ရခက်ပြီး စိတ်ရှုပ်စရာကောင်းချင်ကောင်းနေလိမ့်မယ်။ အခက်အခဲတွေကြောင့် ဝမ်းနည်းအားငယ်ချင်အားငယ်နေလိမ့်မယ်။ အဲဒီအချိန်မျိုးမှာ သားရဲ့အချစ်ဟာ သူမအတွက် ခွန်အားတစ်ခုဖြစ်နေပါစေ။

၁၂။ သူမကိုအံ့သြစရာ လက်ဆောင်လေးတွေပေးပါ။ အထိမ်းအမှတ်နေ့တွေကို သတိတရရှိပေးပါ။ မိန်းကလေးတွေဆိုတာ ချစ်သူနဲ့ပတ်သက်တဲ့နေ့ရက်တွေကို ဘဝအတွက်အရေးကြီးတဲ့နေ့အဖြစ် တန်ဖိုးထားတတ်ကြပါတယ်။

၁၃။ သားနဲ့သားချစ်သူ လက်မထပ်ခင်အထိ သားတို့အချစ်ရေးကို ဖြူစင်သန့်ရှင်းစွာရှိနေပါစေသား။ သူဟာလည်း တစ်စုံတစ်ယောက်ရဲ့ ညီမတစ်ယောက်၊သမီးတစ်ယောက်ကိုတာကို အမြဲအမှတ်ရပါ။

သားကိုယောက်ျားကောင်းပီသသူတစ်ယောက်အဖြစ် မြင်ချင်တဲ့

သားရဲ့မေမေ…