၁၂ နှစ်သမီးလေးအတွက် မေမေတစ်ယောက်ရဲ့ရင်တွင်းကဗျာ

blank

သမီးလေးရဲ့ တောက်ပတဲ့မျက်လုံးတွေထဲကို မေမေကြည့်တယ်။

မေမေ့ကိုယ်မေမေတွေ့တယ်။

ဒါပေမဲ့ မေမေမြင်ချင်တာက သမီးလေးကိုပါ။

မေမေတို့မပါဝင်တဲ့ သမီးလေးရဲ့ကိုယ်ပိုင်အိပ်မက်တွေကိုပါ။

မေမေတို့နေထိုင်ရာ ကမ္ဘာကြီးက အကျယ်ကြီးပဲ။

လေ့လာသင်ယူစရာတွေလည်း အများကြီးပဲ။

အဲ့ဒီအခွင့်အရေးတွေအားလုံးကို လုံးဝဆုံးရှုံးမခံပါနဲ့ သမီးရေ…။

သမီးက အခု ၁၂ နှစ်။

အချိန်တွေအများကြီးကျန်သေးတယ်။

လုပ်စရာတွေအများကြီးကျန်သေးတယ်။

အသက်ရှင်သန်ခွင့်တွေ အများကြီးကျန်သေးတယ်။

အနောက်ကို ဘယ်တော့မှ ပြန်လှည့်မကြည့်ပါနဲ့။

ရှေ့တည့်တည့်သာ ကြည့်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဘဝဆိုတာ ထိတ်လန့်စရာကောင်းပေမဲ့ မကြောက်ပါနဲ့။

ကြောက်တတ်တဲ့လူက ပိုပြီးဆုံးရှုံးရတတ်တယ်။

ရဲရင့်သတ္တိရှိပါ။ မျက်စိဖွင့်ပြီး အမြင်ကျယ်ကျယ်ထားပါ။

လွတ်လွတ်လပ်လပ် ပြေးလိုက်ပါ။

သမီးသွားချင်တဲ့လမ်းတွေနောက်ကို လိုက်ဖို့ကြိုးစားပါ။

သမီးလေးအရွယ်ရောက်လာတဲ့တစ်နေ့ကျရင်…

သမီးရဲ့ဖြတ်သန်းမှုတွေအတွက် ဝမ်းသာလိမ့်မယ်။

မေမေပြောချင်တဲ့ ဘဝအဓိပ္ပာယ်တွေကို နားလည်လာလိမ့်မယ်။

တံခါးတွေပိတ်သွားလိမ့်မယ်။

တံခါးတွေပွင့်လာလိမ့်မယ်။

သမီးအိပ်မက်တွေကို ဘယ်တော့မှ မသေဆုံးပါစေနဲ့။

အချိန်တစ်ခုရောက်လာတဲ့အခါ သမီးက သမီးဖြစ်လာလိမ့်မယ်။

မေမေကတော့  မေမေပဲဖြစ်နေလိမ့်မယ်။

သမီးလိုအပ်လာချိန်တိုင်း…

သမီးအတွက် အမြဲရှိနေပေးမယ့် မေမေအဖြစ်နဲ့ပေါ့ကွယ်။

  • မေမေ

ခံစားမှုရသလေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။