မောင်နှမထဲက အကြီးဆုံးတို့ရဲ့ဘဝပေးသင်ခန်းစာလေးများ

blank

၁။ ဘယ်လိုမျှဝေပေးရမယ်၊ အလျှော့ပေးရမယ်ဆိုတာကို သင်ယူခဲ့ရတယ်။

၂။ ဘဝက တစ်ခါတရံမှာ မမျှတဘူးဆိုတာ သင်ယူခဲ့ရတယ်။

၃။ အကြီးဆုံးဆိုတာ အငယ်တွေရဲ့စံပြဖြစ်အောင်နေဖို့ အရေးကြီးတယ်ဆိုတာ သင်ယူခဲ့ရတယ်။

၎။ အမှားအမှန်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးရမယ်ဆိုတာ သင်ယူခဲ့ရတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ မောင်နှမတွေနဲ့ သူငယ်ချင်းဖြစ်ဖို့၊ တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ သင်ယူခဲ့ရတယ်။

၆။ ဘယ်လိုဦးဆောင်မှုပြုရမယ်ဆိုတာ သင်ယူခဲ့ရတယ်။

၇။ တခြားသူကို လက်တွေ့ဘယ်လိုသင်ကြားပေးရမယ်ဆိုတာကို သင်ယူခဲ့ရတယ်။

၈။ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်၊ အသင်းအဖွဲ့အဖြစ် ဘယ်လိုအလုပ်လုပ်သင့်တယ်ဆိုတာကို သင်ယူခဲ့ရတယ်။

၉။ အငယ်တွေနဲ့ပတ်သက်လာရင် အဆိုးအတွက်ဖြစ်စေ၊ အကောင်းအတွက်ဖြစ်စေ အကြံဉာဏ် ဘယ်လိုပေးရမယ်၊ ဘယ်လိုသြဇာလွှမ်းမိုးရမယ်ဆိုတာကို သင်ယူခဲ့ရတယ်။

၁ဝ။ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကို သင်ယူခဲ့ရတယ်။

၁၁။ အချိန်တွေကို အချည်းနှီးမဖြစ်အောင် ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ သင်ယူခဲ့ရတယ်။

၁၂။ အငယ်တွေကို ပြောဆိုဆုံးမဖို့ နှုတ်ရေးကြွယ်ဖို့ကလည်း အရေးကြီးတယ်ဆိုတာ သင်ယူခဲ့ရတယ်။

၁၃။ အငယ်တွေကိုလမ်းပြဖို့ ကိုယ်တိုင်က ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာဖို့အရေးကြီးတာကို သင်ယူခဲ့ရတယ်။

၁၄။ အငယ်တွေကို သူတို့အမှားတွေထဲကနေ သင်ခန်းစာယူခွင့်ပေးဖို့ သင်ယူခဲ့ရတယ်။

၁၅။ တခြားသူကိုတက်ကြွအောင် ဘယ်လိုအားပေးရမယ်ဆိုတာ သင်ယူခဲ့ရတယ်။

တိုက်ဆိုင်မှုလေးတွေရှိနေရင် SHARE လိုက်ပါ။