အိပ်ကောင်းခြင်းမအိပ်ခဲ့ရရှာတဲ့ မေမေတို့ရဲ့ဘဝ

blank

သမီးရေ…

ဖေဖေသမီးကို ပြောစရာလေးရှိတယ် သမီး။ သမီးမေမေ အကြောင်းပေါ့။

သမီးမေမေက သမီးလေးကို သိပ်ချစ်တာ။

သမီးလေးကို ကိုယ်ဝန်လွယ်ထားရတုန်းက သူ့ခမျာ ကြွက်တက်ရတာနဲ့၊ ခါးနာရတာနဲ့၊ အသက်ရှူမဝတာနဲ့ အိပ်ကောင်းခြင်း မအိပ်ခဲ့ရရှာဘူး။

သမီးလေးကို မွေးပြီးတော့ နေ့နဲ့ညမှားပြီး ညဘက်တွေမှာ မအိပ်တဲ့သမီးလေးကြောင့် သမီးလေးမေမေ အိပ်ကောင်းခြင်းမအိပ်ခဲ့ရရှာဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ညဘက်တွေမှာ သမီးလေးဗိုက်ဆာတိုင်း၊ ရှူးပေါက်တိုင်းအသင့်ဖြစ်နေအောင်လို့ သူ့ခမျာ အိပ်ကောင်းခြင်းမအိပ်ခဲ့ရရှာဘူး။

သမီးလေး ဖျားတဲ့နာတဲ့အခါမှာလည်း ကိုယ်ပူကျအောင် တစ်ညလုံး ရေဝတ်ကပ်ပေး၊ ဘုရားစာရွတ်ပေးနဲ့ သမီးမေမေခမျာ တစ်ညလုံး အိပ်ကောင်းခြင်းမအိပ်ခဲ့ရရှာဘူး။

သမီးလေး ဆယ်တန်းစာမေးပွဲဖြေတဲ့အချိန်တွေရော၊ အောင်စာရင်းထွက်ခါနီးအချိန်တွေရော သမီးမေမေခမျာ အိပ်မပျော်နိုင်ပဲ တစ်ညလုံးဘုရားစာရွတ်နေခဲ့တယ်။

သမီးလေးသူငယ်ချင်းတွေနဲ့ ပါတီသွားရင်း အိမ်ပြန်နောက်ကျတိုင်းလည်း သမီးအမေခမျာ သမီးကို မျှော်ရင်း အိပ်ကောင်းခြင်းမအိပ်ခဲ့ရရှာဘူး။

သမီးလေး လက်ထပ်တော့မယ်ဆိုတော့လည်း ဝမ်းနည်းဝမ်းသာစိတ်တွေ၊ စိုးရိမ်ပူပန်စိတ်တွေ၊ မခွဲနိုင်ဖြစ်နေတဲ့စိတ်တွေနဲ့ အိပ်ကောင်းခြင်းမအိပ်ခဲ့ရရှာဘူး။

သမီးရေ… ဒါတွေဟာ ဖေဖေကိုယ်တိုင် သိခဲ့မြင်ခဲ့ရတဲ့ သမီးမေမေရဲ့ မိခင်မေတ္တာတွေပါ။ “မေမေက ပိုလိုက်တာ” လို့ မထင်လိုက်ပါနဲ့။ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ မိခင်တွေအားလုံး သားသမီးတွေကြောင့် အိပ်ရေးပျက်ခဲ့ရတာပါပဲ။

ဒါကြောင့် ဖေဖေပြောချင်တာက သမီးရဲ့ မေမေကို ချစ်ပါ။ လေးစားပါ။ သမီးမေမေရဲ့ ကျေးဇူးတရားတွေကို သိတတ်ပါ။ သမီးမေမေအတွက် အချိန်ပေးပါ။

ဖေဖေ့သမီးလေးလည်း တစ်ချိန်ချိန်မှာ မိခင်ဘဝရောက်လာဦးမှာပါ။ သမီးမိခင်တစ်ယောက်ဖြစ်လာခဲ့ရင် မိဘမေတ္တာကို သမီးလေး နားလည်လာမှာပါ။

သမီးမေမေ သမီးရဲ့ဘဝထဲမှာ၊ ဒီလောကကြီးထဲမှာ ရှိနေတုန်း ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်နိုင်ပါစေလို့ ဖေဖေဆုတောင်းလိုက်ပါတယ် သမီးရေ။

သမီးရဲ့ ဖေဖေ

သင့်မေမေကို ချစ်ရင် ဒီစာစောင်လေးကို SHARE လိုက်ပါနော်။