အပျော်ရွှင်ဆုံးစုံတွဲဆိုတာ ဒီလိုနံနက်ခင်းလေးတွေကို ပိုင်ဆိုင်ထားကြတယ်။

blank
happy Couple wake up in Bed and smiling raise arms in the morning, asian lovers

         လူအတော်များများအတွက်တော့ နေ့တစ်နေ့ရဲ့အစပြုရာ နံနက်ခင်းဆိုတာ တစ်နေ့တာအချိန် ဇယားတွေမီဖို့ ပျာယာခတ်ကြရတဲ့အချိန်တစ်ခုဆိုလည်း မမှားပါဘူးနော်။ ဒါပေမဲ့ အပျော်ရွှင်ဆုံးစုံတွဲ တွေအတွက်တော့ နံနက်ခင်းဆိုတာ တစ်နေ့တာလုံးရဲ့ပျော်ရွှင်မှုတွေကို အစပျိုးတည်ဆောက်ရာ အ ကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဘယ်လိုတည်ဆောက်ကြသလဲ။ နံနက်ခင်း ကို ဘယ်လိုကြည်နူးဖွယ်အပြုအမူတွေနဲ့ စတင်လေ့ရှိကြသလဲဆိုတာ ဖတ်ကြည့်ကြရအောင်နော်။

၁။ အကြည့်ချင်းဆုံကြတယ်။

အတူတူ မျက်နှာသစ်၊ သွားတိုက်ကြတယ်။ သွားတိုက်ရင်းနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ကြ တယ်။

၂။ ပွေ့ဖက်ကြတယ်။

ခင်ပွန်းသည်က အလုပ်မသွားခင် ဇနီးသည်ကို ပွေ့ဖက်တယ်။ အကြင်နာလေးတွေပေးတယ်။ ကြည်နူးမှုလေးတွေနဲ့ တစ်နေ့တာကို စတင်ကြတယ်။

၃။ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးနိုင်အောင် ကြိုးစားကြတယ်။

နံနက်ခင်းမှာ အလုပ်တွေအတူလုပ်ရင်း တစ်ယောက်နဲ့တစ်ယောက် တတ်နိုင်သလောက် အချိန်ပေးနိုင်အောင် ကြိုးစားကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကော်ဖီအတူသောက်ကြတယ်။

စားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး အတူတူ ကော်ဖီသောက်ကြတယ်။ ပြီးတော့ တစ်နေ့တာ အ စီအစဉ်လေးတွေအကြောင်းပြောကြတယ်။ ပြတင်းပေါက်အပြင်ဘက်က ငှက်ကလေးတွေကို ကြည့် ကြတယ်။

၅။ အနမ်းနဲ့နှုတ်ဆက်ကြတယ်။

အလုပ်သွားခါနီးမှာ အနမ်းတစ်ပွင့်နဲ့ နှုတ်ဆက်တယ်။

၆။ ဖုန်းတွေကို ပိတ်ထားကြတယ်။

နှစ်ယောက်အတူရှိနေတဲ့နံနက်ခင်းလေးမှာ ရသလောက်အချိန်ကို တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝပေးဖို့ ဖုန်းတွေပိတ်ထားကြတယ်။

၇။ အိမ်မှုကိစ္စတွေကို အတူတူလုပ်ကြတယ်။

ခင်ပွန်းသည်ကလည်း ဇနီးသည်နဲ့အတူ အိမ်မှုကိစ္စတွေမှာ ပါဝင်ကူညီပေးတယ်။ နှစ်ယောက် သား စည်းစည်းလုံးလုံး၊ တိုင်တိုင်ပင်ပင်နဲ့ အသင်းအဖွဲ့တစ်ခုလို အလုပ်လုပ်ကြတယ်။

၈။ တစ်ယောက်နဲ့တစ်ယောက် အပြုံးနဲ့ပြောဆိုကြတယ်။

ဘယ်လောက်ပဲ အလုပ်တွေရှုပ်ပြီး ပင်ပန်းနေပါစေ။ အပျော်ရွှင်ဆုံးစုံတွဲတွေဟာ တစ်ယောက် နဲ့တစ်ယောက် အပြုံးနဲ့ အမြဲပြောဆိုဆက်ဆံကြတယ်။

သင့်မှာလည်း ဒီလိုအချက်တွေနဲ့ကိုက်ညီတဲ့ လက်တွဲဖော်လေး ပိုင်ဆိုင်ခွင့်ရထားတယ်ဆိုရင် သူ့ကို mention ခေါ်ဖို့ မမေ့ပါနဲ့နော်။