မိဘကောင်းတစ်ဦးဖြစ်ဖို့ နည်းလမ်းလေးများ…

blank
၁။ သီးသန့်အချိန်တစ်ခုထားပါ။

ကလေးတွေမနိုးခင် စောစောထပါ။ အိပ်ရာထဲက မထချင်သေးရင် စာဖတ်ပါ။ စဉ်းစားပါ။ အိမ် မှုကိစ္စတွေ မဆောင်ရွက်ခင် အချိန်အနည်းငယ်ယူပြီး တရားထိုင်ပါ။ တိတ်တိတ်ဆိတ်ဆိတ်နေပါ။ တ ကယ်လို့ မနက်ဘက် အချိန်မယူနိုင်ဘူးဆိုရင် နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်ချိန်ယူပါ။ စိတ်ကို သက်တောင့်သက်သာရှိအောင်ထားပါ။ စာရေး၊ စာဖတ်ပါ။

၂။ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ပါ။

လေ့ကျင့်ခန်းက စိတ်ငြိမ်းချမ်းမှုနဲ့ အေးချမ်းခြင်းကို ယူဆောင်လာပေးပါတယ်။ ပြီးတော့ တစ် နေ့တာလုပ်ငန်းတွေကို ပျော်ရွှင်တက်ကြွစွာ ဆောင်ရွက်နိုင်စေဖို့ ဦးနှောက်ထဲက အင်န်ဒေါ်ဖင် (endorphins) ဓာတ် ကိုလည်း ထုတ်လွှတ်ပေးပါတယ်။

၃။ ကလေးတွေကို စောစောအိပ်တတ်တဲ့အကျင့်မွေးမြူပေးပါ။

ကလေးတွေကို စောစောသိပ်ပါ။ မအိပ်ပျော်သေးရင်တောင် အလင်းရောင်ကို အမှိန်ဆုံး လျှော့ချပါ။ မအိပ်ခင်မှာ ကလေးတွေရဲ့တစ်နေ့တာ အတွေ့အကြုံထဲက အနှစ်သက်ဆုံး၊ မနှစ် သက်ဆုံး၊ ကျေးဇူးတင်မိဆုံး အကြောင်းအရာလေးတွေကို မေးပါ။ ဒါက ကလေးတွေစိတ်ထဲ ဘာရှိ နေတယ်ဆိုတာကို သိနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

၎။ ဖုန်းကို ဝေးဝေးထားပါ။

မလိုအပ်ချိန်မှာ ဖုန်းကို ဝေးဝေးမှာထားခြင်းက ကလေးတွေအတွက် အချိန်ပိုပေးနိုင်စေပါ တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ကလေးတွေရဲ့ခံစားချက်ကို အမြဲသတိရပါ။

မိသားစုအတွက် အချိန်ဖြုန်းတယ်ဆိုတာ အပြုသဘောဆောင်တဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေဘက်ကို အမြဲတွေးပေးပါ။ ကလေးတွေရဲ့ ခံစားချက်ကို စဉ်းစား ပေးဖို့ အမြဲသတိရသင့်ပါတယ်။

၆။ တစ်နေ့ချင်းစီကို သေချာဖြတ်သန်းပါ။

ကလေးတစ်ယောက်တည်းရှိချိန်မှာ အချိန်ပေးဖို့လွယ်ပေမဲ့ ကလေးတွေများလာတဲ့အခါ အား လုံးကို မျှတစွာအချိန်ပေးဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ တစ်နေ့ချင်းစီမှာ ကလေးတွေအားလုံးအတွက် ညီမျှတဲ့အချိန်တစ်ခုစီကို သေချာပေါက်စီမံပါ။ ဒါက ကလေးတွေကို ပျော်ရွှင်စေသလို မိဘနဲ့ သားသမီး ကြားက ဆက်ဆံရေးကိုလည်း ပိုပြီး အားကောင်းလာစေပါတယ်။

၇။ အချိန်တွေကို သေချာထိန်းညှိပါ။

မိခင်ဘဝမှာ လုပ်စရာတွေများလွန်းတဲ့အတွက် ရည်ရွယ်ထားတာတွေမလုပ်ဖြစ်ဘဲ အချိန်ကုန် မှန်းမသိ ကုန်ဆုံးသွားတတ်ပါတယ်။ နေ့ရက်တွေများလာတဲ့အခါ အချည်းနှီးဖြစ်ရတာတွေလည်း များ လာပါတယ်။ ဒါကြောင့် အချိန်တွေကို စနစ်တကျစီမံပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ပါတယ်။

ဗဟုသုတရဖွယ်လေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။