မထိုက်တန်သူတစ်ယောက်နဲ့လွဲတာဟာ တကယ်ထိုက်တန်သူနဲ့တွေ့ဖို့ပါ

blank
Image of lovely asian couple. Valentine day concept

အချစ်ဆိုတာ ဖန်တီးယူလို့မရဘူးဆိုတာ၊ ကိုယ်သဘောကျမိတဲ့သူရဲ့ ငြင်းပယ်ခံရခြင်းက နာကျင်စရာဆိုတာ အားလုံးလက်ခံထားကြပါတယ်။ အထူးသဖြင့် မိန်းမသားတွေအတွက် ကိုယ်စိတ် ဝင်စားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ လျစ်လျူရှုခြင်းကိုခံရခြင်းက ကိုယ့်ကိုယ်ကို ဝမ်းနည်းအားငယ် စိတ်ဝင်မိစရာပါ။ ဒါ တင်မကဘဲ ကိုယ့်ကိုယ်ကို ယောက်ျားတစ်ယောက်ရဲ့ချစ်ခွင့်ပန်ခံရ ခြင်းနဲ့ မထိုက် တန်သူအဖြစ်လည်း ခံစားတတ်ကြတယ်။

တကယ်တော့ ဒါဟာ မှန်ကန်တဲ့အတွေးမဟုတ်ပါဘူး။

ကိုယ်ချစ်မိတဲ့သူဟာ ကိုယ်နဲ့ထိုက်တန်တဲ့ယောက်ျားတစ်ယောက်မဟုတ်သေးတဲ့အတွက် ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ခွင့်မပန်တာ ဖြစ်ပါတယ်။ အဲ့ဒီယောက်ျားရဲ့လျစ်လျူရှုခံရတာနဲ့ ကိုယ့်တစ် ဘဝလုံး အမြဲတမ်းလျစ်လျူရှုခံရတော့မှာလို့ ခံစားလိုက်တာက မဖြစ်သင့်သလို ကိုယ်ပိုင် ဆိုင်ထားတဲ့ အရည်အချင်းတွေအပေါ် သံသယဝင်တာမျိုးလည်း လုံးဝမဖြစ်သင့်ပါဘူး။ အချစ်ဆိုတာ ဘဝမဟုတ် တဲ့အတွက် ယောက်ျားတစ်ယောက်ရဲ့လျစ်လျူရှုခံရတာနဲ့ ကိုယ့်ဘဝကို အရှုံးပေးတယ်ဆိုတာ မှား ယွင်းတဲ့အတွေးဖြစ်ပါတယ်။ ဒါကို ကိုယ့်ချို့ယွင်းချက်အဖြစ်နဲ့လည်း သိမ်ငယ်စရာမလိုပါဘူး။

ကိုယ့်အပေါ် ချစ်ခြင်း၊ မချစ်ခြင်းဆိုတာ တစ်ဖက်ကယောက်ျားလေးရဲ့ ကိုယ်ပိုင်ရွေးချယ်ဆုံး ဖြတ်ခွင့်သာဖြစ်ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲ စရာမလိုပါဘူး။

          ကိုယ့်မှာက ကိုယ်ပိုင်တန်ဖိုး၊ ကိုယ်ပိုင်ရပ်တည်မှုသီးသန့်ရှိပြီးသားပါ။ ယောက်ျားတစ်ယောက် ရဲ့ ချစ်ခြင်းပေါ်တည်မှီပြီး ဘဝကို ရှင်သန်နေရမယ့်သူမဟုတ်ပါဘူး။ ဘဝလမ်းဆိုတာ အရှည်ကြီးဖြစ် တဲ့အတွက် ကိုယ်နဲ့တကယ်ထိုက်တန်တဲ့ယောက်ျားတစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ ကိုယ်ဟာ အဲ့ဒီ ယောက်ျားတစ်ယောက်ရဲ့ တန်ဖိုးအထားရဆုံးသူလေးတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။ ဒါ ကြောင့် ကိုယ့်တန်ဖိုးကိုယ်နှိမ့်ချပြီး ဘယ်တော့မှ လျှော့မတွက်မိပါစေနဲ့။   ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

          ကိုယ်နဲ့တကယ်ထိုက်တန်သူနဲ့တွေ့တဲ့အခါ ကိုယ်ဟာ အဲ့ဒီယောက်ျားအတွက်…

  • ငွေရောင်နာရီလေးတွေကြားက အလှပဆုံး ရွှေရောင်နာရီလေး ဖြစ်လာလိမ့်မယ်။
  • ပတ္တမြားပွင့်တွေကြားက အတောက်ပဆုံးစိန်လေးတစ်ပွင့် ဖြစ်လာလိမ့်မယ်။
  • ရောင်စုံပန်းပွင့်လေးတွေကြားက အမွှေးပျံ့ဆုံး တော်ဝင်သဇင်ပန်းလေးဖြစ်လာလိမ့်မယ်။

အဲ့ဒီအချိန်မှာ ကိုယ်ကယောက်ျားလေးတိုင်း လိုချင်ကြတဲ့အရည်အချင်းတွေနဲ့ ထူးထူးခြားခြား ပြည့်စုံနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်မနေခဲ့ရင်တောင်၊ အပြစ်အနာအဆာတချို့ရှိတဲ့ မိန်းကလေး တစ်ယောက်ဖြစ်နေခဲ့ရင်တောင် ကိုယ့်အပေါ်တကယ်ချစ်တဲ့သူက မြတ်မြတ်နိုးနိုးကို ချစ်ခွင့်ပန်လိမ့် မယ်။ တန်ဖိုးထားပြီးတော့ လက်တွဲဖို့ ကြိုးစားပါလိမ့်မယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အလင်းရောင်သေး သေးလေးကိုပဲ သူ့ကမ္ဘာကြီးလို့ မှတ်ယူလိမ့်မယ်။ ကိုယ့်ပျော်ရွှင်မှုဟာ သူ့ပျော်ရွှင်မှုလို့ မှတ်ယူပြီး ကိုယ့်ကို ပျော်ရွှင်ခြင်းတွေဖန်တီးပေးလိမ့်မယ်။ အဲ့ဒီယောက်ျားတစ်ယောက်အတွက်တော့ ကိုယ်ဟာ ကိုယ်ဖြစ်နေတာနဲ့တင်ပဲ တန်ဖိုးထား မြတ်နိုးထိုက်သူဖြစ်နေလိမ့်မယ်။

   အဲ့ဒီအခါ တချိန်တုန်းက ကိုယ်ခံစားခဲ့ရတဲ့ သိမ်ငယ်မှုတွေ၊ နာကျင်မှုတွေဆိုတာ ပြန်လိုက်ရှာ ရင်တောင် တွေ့ရတော့မှာမဟုတ်ပါဘူး။ အခုလို နာကျင်ခံစားပြီး ကိုယ့်ကိုယ်ကို ပြစ်တင်သိမ်ငယ်မိခဲ့ တဲ့အတွက်တောင် ကိုယ့်ကိုယ်ကို ပြန်ရှက်ရွံ့နေမိမှာပါ။ ရယ်လည်း ရယ်ချင်မိမှာပါ။

အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်တော့မှလျှော့မတွက်ပါနဲ့နော်။ ကိုယ်ဟာ ကိုယ်နဲ့ထိုက်တန် တဲ့ ယောက်ျားတစ်ယောက်နဲ့တွေ့တဲ့အခါ မြတ်မြတ်နိုးနိုးချစ်ခွင့်ပန်ခံရထိုက်တဲ့၊ တန်ဖိုးရှိတဲ့မိန်းမသား လေးတစ်ယောက်ဆိုတာ ကိုယ့်စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားလိုက်ပါနော်။