အချစ်အကြောင်း တစေ့တစောင်း

blank

        အချစ်ဆိုတာဟာ အချိန်မှန်ရေလောင်းပေါင်းသင်ပေးဖို့လိုတဲ့ တန်ဖိုးကြီး အပင်လေးတစ်ပင်လေးဖြစ်ပါတယ်။ သံယောဇဉ်တွေနဲ့ ပျိုးထောင်ထားပေမဲ့လည်း ဒီသစ်ပင်လေး အမြဲတမ်းလန်းဆန်းနေစေဖို့အတွက် အစာအာဟာရတွေမပြတ်ကျွေးနေဖို့လိုပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဘဝမှာ အရာရာတိုင်းဟာပြောင်းလဲတိုးတက်နေတာပါ။ အခြေအနေတွေနဲ့ လိုက်လျောပြီး ကျွန်မတို့ချစ်တဲ့သူတွေက ပြောင်းလဲနေသလို ကျွန်မတို့ကိုယ်တိုင်ကလည်း ပြောင်းလဲနေကြတာပါ။ ကျွန်မတို့ရဲ့ အချစ်တွေနဲ့ ကြင်နာမှုတွေက မပြောင်းလဲဘူးဆိုရင်တောင် အခြေအနေတွေကတော့ ပြောင်းလဲနေတယ်လေ။ ဒါ့ကြောင့် လောကဓံရဲ့အလှည့်အပြောင်းတွေခံရတဲ့အခါ ခံနိုင်ရည်ရှိအောင် အချစ်သစ်ပင်လေးကို စိမ်းလန်းနေအောင် ရေလောင်းပေါင်းသင်ပေးဖို့လိုတယ်နော်ပရိသတ်ကြီး။ ဘယ်လောက်ပဲနှစ်နှစ်ကာကာချစ်တဲ့သူတွေပဲ ဖြစ်ဖြစ် အနေဝေးပြီး သွေးအေးတာမျိုးမဖြစ်ရအောင် အချစ်သစ်ပင်လေးတွေကနေ ဘေးစကားဆိုတဲ့ ပေါင်းမြက်လေးတွေကို ရှင်းပြီး ဂရုစိုက်ခြင်းဆိုတဲ့ ရေစင်လေးတွေလောင်း ကြင်နာခြင်းဆိုတဲ့ နေခြည်လေးတွေဖြန်းပက်ပြီး အချစ်သစ်ပင်လေးကို ဂရုတစိုက်ပျိုးထောင်လိုက်ကြရအောင်လားရှင်။