ဇနီးသည်ကို ကြင်နာပါ။ လှလှပပ ကျော့ကျော့မော့မော့ နေနိုင်အောင် အလိုလိုက်ပါ။

blank

အိမ်ထောင်ရှင်အမျိုးသားထုကြီးရေ…

ရှင်တို့ရဲ့ ဇနီးသည်တွေထက် တခြားမိန်းမတစ်ယောက်က ပိုလှပြီး ဆွဲဆောင်မှုရှိတယ်လို့ မှတ်ချက်ချမိတဲ့ အခိုက်အတန့် ရှင်တို့မှာ ရှိခဲ့မယ်ထင်ပါတယ်။

သူတို့တွေ လှပနေတယ်ဆိုတာ သူတို့ရဲ့ သက်ဆိုင်သူတွေက သူတို့ကို ကောင်းကောင်းဂရုစိုက်နေလို့ဆိုတာ ရှင်တို့မစဉ်းစားမိဘူးလားဟင်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မြေပြင်ပေါ်က မြက်ပင်လေးတွေတောင် ရေမှန်မှန်လောင်းပေးမှ ပိုပြီး စိမ်းလန်းစိုပြေတယ်မဟုတ်လား။

ပုရိသတိုင်းဟာ လှပတင့်တယ်တဲ့ မိန်းမတိုင်းကို နှစ်သက်ကြတယ်။ ဒါပေမဲ့ လူကြီးလူကောင်းပီသတဲ့ ယောက်ျားတွေကတော့ မိန်းမတစ်ယောက်ကို လှပအောင် ပြုလုပ်ပေးနိုင်ကြပါတယ်။

ဒီတော့ အခြားမိန်းမတွေနဲ့ ယှဉ်ပြီး ကိုယ့်အမျိုးသမီးကို မလှဘူးလို့ တွေးထင်နေမယ့်အစား ဇနီးသည်ကို စိတ်ရောကိုယ်ပါ လှပလာအောင် ပြုပြင်ပေးသင့်တယ်၊ ထောက်ပံ့ပေးသင့်တယ်၊ အလိုလိုက် အကြိုက်ဆောင်ပေးသင့်တယ်မဟုတ်လား။

ထောက်ခံတယ်ဆိုရင် SHARE လိုက်ပါ။ ခင်ပွန်းဖြစ်သူကို mention ခေါ်ဖို့ မမေ့နဲ့နော်။