လက်တွေ့ကျတဲ့သူနဲ့ စိတ်ကူးယဉ်တတ်သူတို့ ချစ်သူတွေဖြစ်သွားကြသောအခါ…

blank

လောကကြီးမှာ ယေဘူယျအားဖြင့် လူ (၂) မျိုးရှိပါတယ်။

၁။ လက်တွေ့ကျကျစဉ်းစားတွေးခေါ်တတ်တဲ့သူ (The Thinker) – အမှန်တရားကို အခြေခံပြီး လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်တတ်တဲ့သူ၊ ဘယ်အရာကိုမှ ပေါ့ပေါ့တန်တန် သဘောမထားတတ်တဲ့သူ။

၂။ ခံစားချက်တွေကိုရှေ့တန်းတင်ပြီး စိတ်ကူးယဉ်တတ်တဲ့သူ (The Feeler) – စိတ်ခံစားချက်တွေ၊ ဆန္ဒတွေကိုပဲ ရှေ့တန်းတင်ပြီး ဆုံးဖြတ်တတ်တဲ့သူ၊ ချစ်ရသူတွေအတွက် စဉ်းစားပေးတတ်တဲ့သူ။

အဲဒီလူ (၂)မျိုးဟာ သူ့သဘောနဲ့သူဆိုရင် အားနည်းချက်၊ အားသာချက်လေးတွေ အနည်းနဲ့အများရှိနိုင်ပေမယ့် မတူညီတဲ့ ဒီလူ (၂)မျိုး ပေါင်းဖက်လိုက်ရင် အများတကာထက် သာလွန်ကောင်းမွန်တဲ့ ပျော်ရွှင်ချမ်းမြေ့စရာ အချစ်ရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်ပါအကြောင်းရင်းတွေကြောင့်ဖြစ်ပါတယ်။

၁။ ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် Thinker က ဖြေရှင်းနိုင်မယ့်အချက်အလက်တွေကို ရှာဖွေတယ်၊ Feeler က ခံစားချက်တွေကို ထည့်သွင်းစဉ်းစားတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ Thinker က ပြောင်းလဲမှုတစ်ခုခု ဖြစ်လာတိုင်း ဘာတွေမှားနေလဲဆိုတာတွေးပြီး စိတ်ထဲမှာအလိုမကျ ဖြစ်နေတတ်တယ်။ အဲဒီလို အလိုမကျဖြစ်တာကို Feeler က စိတ်သက်သာမှုရအောင် ကြိုးစားပေးတယ်။

၃။ Thinker က သတင်းဆိုးကို အရင်ကြားချင်တယ်။ Feeler ကတော့ သတင်းကောင်းကို အရင်ကြားချင်တယ်။

၎။ စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ရန်ဖြစ်ကြရင် Thinker က ဖြစ်နေကျဖြစ်စဉ်တစ်ခုလို့ သတ်မှတ်တယ်။ Feeler က ဒါဟာ အချစ်ရေးရဲ့ ကပ်ဆိုးတစ်ခုအဖြစ် တွေးထင်တတ်တယ်။

၅။ Thinker က ပြဿနာတွေကို ဖြေရှင်းသွားတယ်။ Feeler က ပြဿနာဖြေရှင်းပြီးချိန်မှာ ခံစားချက်တွေ အသက်ဝင်စားစေဖို့ ကြိုးစားတယ်။

၆။ Thinker က အချစ်ရေးခိုင်မြဲဖို့ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲဆိုတာကို တွေးတယ်။ Feeler ကတော့ အချစ်ဆိုတာ ချစ်နေရရင်ပြီးတာပဲလို့ ထင်နေတတ်တယ်။

၇။ Thinker က “ဘာလို့ ဒီပြဿနာဖြစ်ရတာလဲ” ဆိုတာကို သိချင်တယ်။ Feeler က “ငါတို့ကျမှ ဘာလို့ ဒီပြဿနာဖြစ်ရတာလဲ”  ဆိုတာကို သိချင်တယ်။

၈။ Thinker က အမှန်တရားကို တစိုက်မတ်မတ်ရှာဖွေတယ်။ Feeler က မလိုအပ်ဘူးထင်ရင် အမှန်တရားကိုလည်း လက်လွှတ်လိုက်တယ်။

ဒီလို ဆန့်ကျင်ဘက်အကြောင်းရင်းတွေကြောင့် တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးနေသလိုဖြစ်နေပြီး အရာရာတိုင်းက အံဝင်ခွင်ကျဖြစ်နေတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်နိုင်ပြီး ခိုင်မာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ နတ်ဖက်တဲ့ စုံတွဲတွေ ဖြစ်နေကြတာပါ။ ဘဝတစ်ခုတည်ဆောက်ဖို့က ရှုထောင့်အမျိုးမျိုးကနေ ကြည့်တတ်မြင်တတ်မှ အဆင်ပြေမှာပါ။ ဒီလို အမြင်မတူတာ၊ အကျင့်စရိုက်မတူတာလေးတွေက နှလုံးသားနှစ်ခုကို မကွဲကွာအောင် ကပ်ထားပေးတဲ့ ကော်ဆိုရင်လည်း မမှားပါဘူး။

“အသွင်တူ၊ အိမ်သူဖြစ်” လို့ ရှေးလူကြီးတွေက ပြောကြပေမဲ့ တစ်ခါတလေမှာ အသွင်မတူတာလေးတွေက၊ အိမ်သူပိုဖြစ်နိုင်တာကို ဒီလိုစုံတွဲလေးတွေက သက်သေပြနေပါတယ်။ သင်နဲ့သင့်ချစ်သူကရော ဘယ်လိုလူမျိုးလဲ။ comment box မှာ ဖြေသွားပေးခဲ့ပါဦး။ ချစ်ရသူကို mention ခေါ်ဖို့လည်း မမေ့နဲ့နော်။