ထမင်းလက်ဆုံစားရင်း မိသားစုချစ်ခြင်းမေတ္တာတွေ ဖော်ဆောင်နိုင်စေဖို့

blank

မိတ်ဆွေတို့ရေ… တစ်နေ့တစ်နေ့ အလုပ်တာဝန်တွေနဲ့ ရှုပ်ထွေးရင်း မိသားစုမောင်နှမတွေနဲ့ ထမင်းလက်ဆုံပြီး ညစာအတူမစားနိုင်တာ ကြာနေပြီလား။ တကယ်တော့ မိသားစုအတူညစာစားချိန် ဆိုတာ မိသားစုဝင်အချင်းချင်းကြား ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးရင်းနှီးမှုတွေကို တည်ဆောက်ပေးနိုင် တဲ့ တစ်နေ့တာရဲ့အကောင်းဆုံးအချိန်ပါ။ မိသားစုဝင်ဆိုတဲ့အဓိပ္ပာယ်က မိဘတွေ၊ မောင်နှမတွေ၊ ဇနီး ခင်ပွန်းနဲ့ သမီးယောက်မတွေအပြင် မိသားစုရဲ့မျိုးဆက်သစ်ရင်သွေးလေးတွေအထိ ပါဝင်နေပါတယ်။ အားလုံးကြားက စည်းလုံးချစ်ခင်နွေးထွေးမှုတွေကို ဖော်ဆောင်ချင်တယ်ဆိုရင်တော့ အောက်ပါအကြံ ပြုချက်လေးတွေက သင့်ကို စောင့်ကြိုနေပါတယ်နော်။

၁။ မိသားစုအားလုံးအိမ်ပြန်ရောက်မယ့်အချိန်ကို ညစာစားချိန်အဖြစ် သတ်မှတ်ပါ။ အဆင်မပြေရင် မိသားစုဝင်အများစု အိမ်ပြန်ရောက်မယ့်အချိန်ကို ရွေးချယ်သတ်မှတ်နိုင်ပါတယ်။

၂။ စားသောက်ဖို့ ပြင်ဆင်ရာမှာ အားလုံးကို တာဝန်ကိုယ်စီနဲ့ ပါဝင်ကူညီခိုင်းပါ။ ကလေးတွေကိုလည်း ကွဲရှတတ်တဲ့အရာ၊ အပူလောင်စေနိုင်တဲ့အရာတွေကိုရှောင်ပြီး သူတို့နိုင်တဲ့တာဝန်သေးသေးလေးတွေ ခွဲဝေသတ်မှတ်ပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ စားသောက်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ ကိုယ်ထိုင်ဖို့ခုံကို ကိုယ်တိုင်ယူစေပါ။ အဲ့ဒီအချိန်ဟာ ကိုယ်စီ တစ်နေ့တာ အဆင်ပြေမှု၊ မပြေမှုတွေကို မေးမြန်းရင်း စကားစမြည်ပြောဖို့ အကောင်းဆုံးအချိန်ပါပဲ။ ပြောစရာမရှိရင်တောင် ကမ္ဘာ့သတင်းနဲ့ ပြည်တွင်းသတင်းတွေအကြောင်း ပြောလို့ရပါတယ်။

၎။ စကားဝိုင်းထဲပါဝင်ဖို့ ဘယ်သူ့ကိုမှ ဖိတ်ခေါ်ခြင်းမပြုပါနဲ့။ ကျန်တဲ့မိသားစုဝင်တွေ စကားစမြည်ပြော နေတာမြင်ပြီး ကိုယ်တိုင်လိုလိုလားလားပါဝင်ပြောဆိုလာတာမျိုး ဖြစ်ပါစေ။

၅။ စားသောက်ပြီးတဲ့အခါ ကိုယ့်ပန်းကန်ကိုယ် ဆေးကြောဖို့ တာဝန်ယူခိုင်းပါ။

၆။ ဒီထက်ပိုပြီးအချိန်ပေးနိုင်ဦးမယ်ဆိုရင် သင့်အနေနဲ့ သစ်သီးအချိုပွဲလေးတွေကို ပြင်ဆင်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ပိုမိုညီညွှတ်စေချင်ရင်တော့ လတ်ဆတ်တဲ့သီးနှံတွေနဲ့ ဒိန်ချဉ်တစ်ခွက်စီ စီစဉ်ပေးနိုင်ပါ တယ်။

သတိထားသင့်တာတစ်ခုက သင့်အနေနဲ့ မိသားစုနဲ့ပျော်ပျော်ပါးပါးထမင်းလက်ဆုံစားနေ ချိန်မှာ သင့်ကလေးက အပေါ့အပါးစွန့်ချင်တာ၊ ဒါမှမဟုတ် အရေးတကြီးဖုန်းဆက်စရာရှိရင် ထမင်း ဝိုင်းနဲ့ခပ်ဝေးဝေးကို ထွက်သွားလိုက်ပါ။ သိပ်အရေးမကြီးဘူးဆိုရင်တော့ ညစာစားပြီးချိန်မှ ဖြေရှင်း သင့်ပါတယ်။ မိသားစုထမင်းဝိုင်းကလည်း မိသားစုတစ်စုရဲ့ချစ်ခင်ညီညွှတ်မှုကို တည်ဆောက်ပေးတဲ့ အရာမို့ ညစာစားပွဲလေးတွေဖန်တီးရင်း မိသားစုအပြင်၊ ထပ်မံတိုးပွားလာတဲ့ မိသားစုရဲ့မျိုးဆက်သစ် လေးတွေကြားထဲမှာပါ ချစ်ခင်စည်းလုံးမှုတွေရှိလာအောင် လေ့ကျင့်တည်ဆောက်ပေးလိုက်ပါနော်။

ကဲ… သင့်အနေနဲ့ ထမင်းလက်ဆုံအတူစားချင်တဲ့ မိသားစုဝင်လေးတွေရှိနေရင်လည်း သူတို့ ကို mention ခေါ်လိုက်ပါဦး။ မိသားစုတိုင်း ထမင်းလက်ဆုံစားရင်း ချစ်ခြင်းမေတ္တာလေးတွေ တည် ဆောက်နိုင်စေဖို့ ဒီဆောင်းပါးလေးကို SHARE ဖို့လည်း လက်တို့လိုက်ပါတယ်နော်။