ဒိန်းမတ်နိုင်ငံသားတွေ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတွေဖြစ်နေတာ ဘာကြောင့်လဲ

blank

ဒိန်းမတ်နိုင်ငံသားတွေက ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတွေဖြစ်ပြီး လူအများက အားကျရတဲ့ မိသားစုဘဝတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီလို ဘဝတစ်လျှောက်လုံး ပျော်ရွှင်စွာဖြတ်သန်းသွားရတဲ့ အကြောင်းရင်းကတော့ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုက သိပ်ကို ကောင်းမွန်လို့ပါပဲ။ ဒိန်းမတ်နိုင်ငံက မိဘတွေဟာ သားသမီးတွေကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်အောင်၊ စိတ်လုံခြုံမှုရှိအောင်၊ ရောင့်ရဲပျော်ရွှင်တတ်အောင် ပြုစုပျိုးထောင်တတ်ကြပါတယ်။

ဒီတော့ ပျော်ရွှင်စရာကောင်းတဲ့သားသားမီးမီးလေးတွေဖြစ်အောင် ပြုစုပျိုးထောင်နိုင်တဲ့ နည်းလမ်းတွေကို “The Danish Way of Parenting” ဆိုတဲ့ စာအုပ်ထဲကနေ ကောက်နုတ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အတူတူဆော့ကစားခြင်း

ဒိန်းမတ်နိုင်ငံသားတွေရဲ့ ရင်သွေးပြုစုတဲ့ နည်းလမ်းကောင်းတစ်ခုက ကလေးတွေနဲ့ ပျော်ရွှင်စွာဆော့ကစားခြင်းပါ။ ကျောင်းစာတွေ၊ အလုပ်တွေနဲ့ ဘယ်လောက်ရှုပ်ရှုပ် မိဘနဲ့ကလေးကြား အတူတူဆော့ကစားနိုင်တဲ့ အချိန်တစ်ခုတော့ သတ်မှတ်ထားကြပါတယ်။

၂။ မှန်မှန်ကန်ကန်လုပ်ဆောင်မှုကို ချီးမွမ်းခြင်း

ဒိန်းမတ်နိုင်ငံက မိဘတွေဟာ ကိုယ့်သားသမီးတွေရဲ့ လုပ်ဆောင်မှုတွေ၊ အရည်အချင်းတွေ၊ မှန်ကန်တဲ့ လုပ်ရပ်တွေကို ချီးမွမ်းကြပါတယ်။ နည်းစနစ်တကျမှန်ကန်မှုအတွက် ကလေးတွေကို ဂုဏ်ယူစွာ ချီးမွမ်းတဲ့အခါ သူတို့လေးတွေရဲ့စိတ်မှာ မှန်ကန်စွာ လုပ်ဆောင်တတ်ဖို့ ပိုမိုစိတ်အားထက်သန်လာကြပါတယ်။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အကောင်းမြင်တတ်အောင် ပုံသွင်းပေးခြင်း

ဒိန်းမတ်မိဘတွေဟာ သူတို့ရဲ့ သားသမီးတွေကို အကောင်းမြင်တတ်အောင် အလျဉ်းသင့်သလို သင်ကြားပေးတတ်ပါတယ်။ ဥပမာ- ရာသီဥတုအရမ်းအေးပြီး ဆိုးရွားနေတယ်ဆိုရင်တောင် “ဖေဖေတို့ ခရီးမသွားလိုက်မိတာ တကယ်ကံကောင်းတာပဲနော်” ဆိုပြီး အကောင်းဘက်က တွေးတတ်အောင် လေ့ကျင့်ပေးတတ်ကြပါတယ်။

၎။ မျှဝေခံစားတတ်အောင် သင်ကြားပေးခြင်း

ဒိန်းမတ်နိုင်ငံမှာ မိဘတွေသာမက၊ ကျောင်းက ဆရာတွေကပါ ကလေးတွေကို မျှဝေခံစားတတ်အောင် သေသေချာချာ သင်ကြားပေးပါတယ်။ သူတစ်ပါးရဲ့ နေရာကနေဝင်ခံစားပြီး ညှာတာတတ်အောင်၊ မျက်နှာ အမူအရာတွေကို အကဲခတ်တတ်အောင် သင်ကြားပေးခြင်းက ကလေးတွေရဲ့ ဘဝကို များစွာ အကျိုးဖြစ်ထွန်းစေပါတယ်။

၅။ တင်းကျပ်မှုမရှိဘဲ ကောင်းစွာအုပ်ချုပ်ခြင်း

ဒိန်းမတ်နိုင်ငံက မိဘတွေဟာ ကလေးတွေအပေါ် တင်းတင်းကျပ်ကျပ်မအုပ်ချုပ်ပါဘူး။ ဒါပေမဲ့ တိတိကျကျနဲ့ အဆင့်အတန်းရှိစွာနေထိုင်တတ်ဖို့ကိုတော့ သေသေချာချာ ဆုံးမပဲ့ပြင်တတ်ကြပါတယ်။ မိဘတွေရဲ့ စကားကို တသဝေမတိမ်းလိုက်နာရမယ်လို့ အမိန့်ပေးမထားကြပေမဲ့ လိုက်နာသင့်တဲ့ ကျင့်ဝတ်လေးတွေကို ကိုယ့်အသိဉာဏ်နဲ့ လိုက်နာပြီး ရင့်ကျက်စွာ တွေးတောတတ်ဖို့ သင်ကြားပေးကြပါတယ်။

၆။ အတူတကွ စည်းစည်းလုံးလုံးရှိခြင်း

မိသားစုဝင်တိုင်း အတူတူဆော့ကစားတာ၊ လက်ဖက်ရည်အတူတူသောက်တာ၊ ထမင်းလက်ဆုံစားတာ၊ စကားဝိုင်းဖွဲ့ပြောတာတွေက ဒိန်းမတ်မိသားစုတွေရဲ့ ချစ်စရာ အလေ့အထလေးတစ်ခုဖြစ်ပါတယ်။ ဒီလိုအတူတကွရှိခြင်းကြောင့် ကလေးတွေအနေနဲ့ ပိုမိုပျော်ရွှင်ပြီး ဘဝကို ကောင်းမွန်စွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။