ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို (၇)ရက်အတွင်း ဖန်တီးကြရအောင်

blank

၁။ ပထမနေ့ – သင်လိုချင်တဲ့လက်တွဲဖော်ရဲ့ အမူအကျင့်တွေအတိုင်း သင်ကိုယ်တိုင် ကျင့်ကြံနေထိုင်ပါ။ ဥပမာ – သင်က ချစ်ခင်ကြင်နာတတ်ပြီး နားလည်ပေးတတ်တဲ့ လက်တွဲဖော်မျိုးကို လိုချင်တာဆိုရင် သင်ကိုယ်တိုင်လည်း သင့်လက်တွဲဖော်အပေါ်မှာ ကြင်ကြင်နာနာဆက်ဆံပြီး နားလည်ပေးပါ။

၂။ ဒုတိယနေ့ – လောကမှာ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး။ ဒါကြောင့် သင့်လက်တွဲဖော်ရဲ့ အားနည်းချက်လေးတွေကို နားလည်ပေးပါ။ လက်ခံပေးပါ။ ပြုပြင်သင့်တာလေးတွေကို ပြုပြင်ပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ တတိယနေ့ – သင့်လက်တွဲဖော်ကို အကောင်းဆုံးတွေကိုပဲပေးပါ။ အနွေးထွေးဆုံးကြင်နာမှု၊ အကောင်းမွန်ဆုံးစိတ်သဘောထား၊ အလှဆုံးအပြုံးလေးတွေ၊ အနူးညံ့ဆုံးစကားလေးတွေနဲ့ ဆက်ဆံပါ။

၎။ စတုတ္ထနေ့ – သင့်ချစ်သူကို ပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ရှာဖွေပါ။  သူသင့်အပေါ် ပေးခဲ့တဲ့ အကြင်နာမေတ္တာတွေအတွက် ကျေးဇူးတင်ပါ။ အပြစ်မြင်တာတွေ၊ စိတ်မကျေနပ်တာတွေကို ဖယ်ရှားနိုင်ဖို့ ချစ်ခြင်းမေတ္တာတွေကို ဝေမျှပါ။

၅။ ပဉ္စမနေ့ – သင့်လက်တွဲဖော်က ထုတ်ဖော်မပြောသည့်တိုင်အောင် သူ့ရင်ထဲကခံစားချက်တွေကို အကောင်းဆုံးနားလည်သိရှိနိုင်အောင် ကြိုးစားပါ။ ဒီလို နားလည်အောင် ကြိုးစားတာက အစမှာတော့ ခက်ခဲကောင်းခက်ခဲလိမ့်မယ်။ ဒါပေမဲ့ အိမ်ထောင်ရေးအတွက် တကယ်ကို အကျိုးရှိပါတယ်။

၆။ ဆဋ္ဌမနေ့ – သင့်လက်တွဲဖော်ကို အနမ်းလေးနဲ့ နှုတ်ဆက်ပါ။ ထိတွေ့ခြင်းတွေဟာ အန်ဒေါ်ဖင်ဟော်မုန်(Endorphin Hormones) တွေကို ထုတ်လွှတ်ပေးတာကြောင့် သင်တို့နှစ်ဦးကြားမှာ ပျော်ရွှင်မှုလေးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား သံယောဇဉ်တွေကိုလည်း တိုးပွားလာစေနိုင်ပါတယ်။

၇။ သတ္တမနေ့ – အရာရာပြောင်းလဲနေတဲ့ လောကကြီးမှာ အပြုအမူတွေ၊ စိတ်သဘောထားလေးတွေ ပြောင်းလဲတာမျိုးရှိတတ်ပါတယ်။ ဥပမာ – နှစ်ဦးကြားက ရင်ခုန်စရာအပြုအမူလေးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားသလိုမျိုးပေါ့။ ဒါကြောင့် နှစ်ဦးကြားက ရင်ခုန်စရာလေးတွေ ပြန်လည်အသက်ဝင်လာဖို့ အချိန်ပေးပြီး ပြန်လည်ဖန်တီးပါ။

ဂန္ထဝင်ပရိသတ်ကြီးရေ…။ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို တစ်သက်တာအတွက် ခိုင်မာစွာတည်ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။

ချစ်ရသူကို mention ခေါ်ပြီး (၇)ရက်အစီအစဉ်လေးကို အတူတကွ လုပ်ဆောင်ကြည့်ပါ။