အိမ်ထောင်သည်ဘဝရဲ့ ခါးသီးဖွယ်အမှန်တရားများ

blank

၁။ မိမိခင်ပွန်းသည်က အခြားမိန်းမတစ်ယောက်အပေါ် အာရုံစိုက်နေတာလောက် နိမ့်ကျသိမ်ငယ်ရတဲ့ အဖြစ် ဇနီးသည်တွေရဲ့ဘဝမှာ မရှိပါဘူး။

၂။ အောင်မြင်တဲ့ဇနီးမောင်နှံတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် မပြိုင်ဆိုင်ကြဘဲ ပိုတော်အောင် အပြန်အလှန်ပံ့ပိုးကူညီပေးကြတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ သားသမီးတွေက သူတို့အနာဂတ်ကိုပျော်ရွှင်အောင်တည်ဆောက်တတ်ဖို့ဆိုတာ ငယ်ရွယ်စဉ် ဘဝ မှာ မိဘတွေရဲ့သာယာတဲ့အိမ်ထောင်ရေးနဲ့ ကြီးပြင်းခဲ့ရဖို့ အရေးကြီးပါတယ်။

၎။ ယောကျာ်းတွေဖောက်ပြန်ရတဲ့အကြောင်းရင်းက လှပပြီးဆွဲဆောင်မှုရှိတဲ့ မိန်းမတွေက မိမိဇနီး သည်ထက် မိမိအပေါ် ပိုဂရုစိုက်တာခံရလို့ပါ။ ဒါပေမဲ့ မိမိဇနီးသည်ကို လှပပြီးဆွဲဆောင်မှုရှိတဲ့ မိန်းမ တစ်ယောက်ဖြစ်အောင် ဂရုစိုက်ပေးရမှာကတော့ ခင်ပွန်းသည်တွေရဲ့တာဝန်ပါပဲ။

၅။ ခင်ပွန်းသည်တိုင်းကသာ ဇနီးသည်တွေကို အရာအားလုံးထက် နံပါတ်တစ်နေရာထားမယ်ဆိုရင် အိမ်ထောင်ရေးကံမကောင်းတဲ့မိန်းမဆိုတာ လောကကြီးမှာ မရှိတော့ပါဘူး။

၆။ သာယာတဲ့အိမ်ထောင်တစ်ခုဖြစ်ဖို့ ရွှေ၊ ငွေ၊ အိုးအိမ်တိုက်တာတွေထက် သစ္စာရှိမှု၊ အပြန်အလှန်ငဲ့ ညှာမှုနဲ့ အချစ်တွေသာ အဓိကကျပါတယ်။

၇။ အမှတ်တရတစ်ခုခုရှိမှ လက်ဆောင်ပေးတာမျိုးမဟုတ်ဘဲ မိမိအိမ်ထောင်ဖက်နှစ်သက်တဲ့ ပစ္စည်း လေးတွေကို မကြာခဏလက်ဆောင်ပေးတာကလည်း အိမ်ထောင်ရေးကို သာယာစေပါတယ်။

၈။ သာယာတဲ့အိမ်ထောင်တစ်ခုဖြစ်ဖို့ အရေးမပါတဲ့ ဘေးစကားတွေကို လျစ်လျူရှုတတ်ဖို့လည်း လို အပ်ပါတယ်။

၉။ သာယာတဲ့အိမ်ထောင်ရေးဖြစ်ဖို့ဆိုရင် တစ်ဖက်တည်းကြိုးစားနေလို့မရပါဘူး။ နှစ်ဦးနှစ်ဖက် တက်ညီလက်ညီ ကြိုးစားတည်ဆောက်မှ အောင်မြင်တာပါ။

၁ဝ။ မိမိအိမ်ထောင်ဖက် သဘောကောင်းတိုင်း အခွင့်အရေးမယူပါနဲ့။ ကျောက်ဆောင်တောင် ရေတိုက်စားပါများရင် ပွန်းပဲ့လာတတ်ပါတယ်။ မိမိဘဝအတွက် တန်ဖိုးရှိတဲ့သူကို စိတ်ပျက်နာကျင် အောင် မလုပ်မိပါစေနဲ့။

၁၁။ အိမ်ထောင်ရေးအတွက် အကြံဉာဏ်ကောင်းတွေကို လိုချင်တယ်ဆိုရင် သာယာတဲ့ အိမ်ထောင်မှု ဘဝကို လက်တွေ့တည်ဆောက်ထားနိုင်တဲ့ စုံတွဲတွေဆီကသာ အကြံဉာဏ်တောင်းခံပါ။

၁၃။ နှုတ်ချိုသျှိုတစ်ပါးဆိုတဲ့စကားလေးအတိုင်းပါပဲ။ ခါးတဲ့စကားပေမဲ့ ချိုသာစွာပြောတတ်ရင် နားဝင် ချိုပါတယ်။ အိမ်ထောင်ရေးသာယာဖို့ဆိုရင် အပြန်အလှန်နှုတ်ထွက်စကားလေးတွေ ချိုသာနေဖို့လည်း အရေးကြီးပါတယ်။

ကဲ… ဂန္ထဝင်ရဲ့ ပရိသတ်ကြီးထဲက အိမ်ထောင်သည်မိန်းမသားလေးတွေနဲ့ ၊လက်ထပ်တော့ မယ့်သူလေးတွေလည်း ယခုဆောင်းပါးလေးကို မျှဝေဖို့ မိမိတို့ချစ်သူတွေကို mention ခေါ်လိုက်ပါဦးနော်။ ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။