တစ်ယောက်တည်းလားမေးတော့ တစ်ယောက်တည်းပါ။ လူပျိုကြီး၊အပျိုကြီးဆိုပေမယ့် အားသာချက်တွေတော့ ရှိတာပေါ့။

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ

လူတွေက သင့်ကိုတွေ့တိုင်း “အသက်လေးဆယ် လူတွေမေးတယ်”လို့ စောင်းမြောင်းဆိုတာ ခံနေရပြီလား။ တကယ်တော့ လူပျိုကြီး၊အပျိုကြီးတွေဟာ အိမ်ထောင်သည်ဘဝကိုကူးပြောင်းချင်လို့ရပေမယ့် အိမ်ထောင်သည်တွေကတော့ လူပျို၊အပျိုဘဝကို ပြန်ရောက်ချင်လို့မရတော့ပါဘူးနော်။ အိမ်ထောင်သည်တွေဟာ လွပ်လပ်တဲ့ဘဝကို အိပ်မက်နေတဲ့အချိန်မှာ လူပျို၊အပျိုတွေကတော့ လွပ်လပ်မှုဆိုတဲ့ ကောင်းကင်မှာ အပြည့်အဝပျံသန်းခွင့်ရနေကြသူတွေပါ။ ဒါ့အပြင် မိမိဘဝကိုမိမိစိတ်ရှိတိုင်းဖန်တီးပုံဖော်ခွင့်ရတဲ့ ပဲ့ကိုင်ရှင်တွေပါ။ တစ်ခါတလေမှာ အထီးကျန်တယ်လို့ ခံစားမိကောင်းခံစားရပေမယ့် ဘယ်လိုအားသာချက်တွေရှိနေတယ်ဆိုတာကို လေ့လာကြည့်လိုက်ရအောင်ပါနော်။

၁။ မိမိအခန်းကို မိမိစိတ်တိုင်းကျ အလှဆင်နိုင်ခြင်း။

၂။ မိမိအခန်းကို ရှုပ်ပွနေအောင်ထားလည်း ကိစ္စမရှိခြင်း။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မိမိအိပ်ယာကို တစ်ကိုယ်တည်းမင်းမူနိုင်ခြင်း။

၎။ တီဗွီလုစရာမလိုခြင်း။

၅။ အလုပ်တွေကို အပြည့်အဝအာရုံစိုက်နိုင်ခြင်း။

၆။ လျှောက်လည်နေစဉ် အိမ်ပြန်ချိန်နောက်ကျမှာ မပူရခြင်း။

၇။ မိမိငွေကို မိမိစိတ်တိုင်းကျ သုံးစွဲနိုင်ခြင်း။

အပူမရှာချင်လို့ လွပ်လပ်ရေးအောင်ပွဲခံနေတဲ့ ဂန္ထဝင်ပရိသတ်ကြီးရေ မိမိရဲ့အားသာချက်တွေကို အပြည့်အဝအသုံးချခံစားရင်း ပျော်ရွှင်လွတ်လပ်တဲ့အရသာကိုတစ်ဝကြီး ခံစားနိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်ရှင်။ ဘယ်တော့စားရမှာလဲ လို့အမေးခံနေရလို့ စိတ်ညစ်နေတယ်ဆိုရင် ဒီစာစောင်လေးကို SHARE ထားလိုက်ပါနော်။