တကယ်ကို ရှားပါးမွန်မြတ်တဲ့ ဇနီးမယားကောင်းတစ်ယောက်ဆိုတာ

blank

၁။ ခင်ပွန်းသည်ကို နေ့စဉ်နဲ့အမျှ စိတ်ခွန်အားတွေပေးစွမ်းနိုင်တဲ့ မိန်းမ။

၂။ ခင်ပွန်းသည်ရဲ့ ရည်မှန်းချက်တွေကို ကူညီအကောင်အထည်ဖော်ပေးနိုင်တဲ့မိန်းမ။

၃။ ခင်ပွန်းသည်ကို ရယ်မောပျော်ရွှင်အောင် စွမ်းဆောင်နိုင်တဲ့မိန်းမ။

၎။ အပြုံးတစ်ချက်ကြောင့် ခင်ပွန်းသည်ရဲ့ရင်ကို အေးမြစေတဲ့မိန်းမ။

၅။ ခင်ပွန်းသည်ကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်တဲ့မိန်းမ။

၆။ ခင်ပွန်းသည်ရဲ့စိတ်ကို နားလည်နိုင်တဲ့ မိန်းမ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ဘယ်လိုစိတ်ခံစားမှုတွေပဲရှိနေပါစေ၊ ခင်ပွန်းသည်ကို အခက်မတွေ့စေတဲ့မိန်းမ။

၈။ ခင်ပွန်းသည်ကို စိတ်လုံခြုံမှုတွေ ပေးစွမ်းနိုင်တဲ့မိန်းမ။

၉။ ခင်ပွန်းသည်ရဲ့ လျှို့ဝှက်ချက်တွေကို စိတ်ချယုံကြည်စွာနဲ့ ဖွင့်ဟတိုင်ပင်လို့ရတဲ့ မိန်းမ။

၁ဝ။ ခင်ပွန်းသည်ရဲ့ စိတ်ကူးအိပ်မက်တွေကို မျှဝေခံစားပေးတတ်တဲ့မိန်းမ။

၁၁။ ခင်ပွန်းသည်ရဲ့ အိပ်မက်ဆိုးတွေနဲ့ညအတွက် ကြယ်တစ်လုံးလို အစွမ်းကုန်လင်းပေးနိုင်သော မိန်းမ။

၁၂။ ခင်ပွန်းသည်နဲ့သာဆို မိုးကုပ်စက်ဝိုင်းအစွန်းထိ ရဲရဲဝံ့ဝံ့လျှောက်လှမ်းနိုင်တဲ့မိန်းမ။

၁၃။ ကိုယ့်ခင်ပွန်းသည်ရဲ့ အလုပ်အကိုင်၊ လူမှုရေးရာကိစ္စတွေအားလုံးကို နားလည်သိရှိပြီး ကူညီစီမံပေးတဲ့မိန်းမ။

၁၄။ ခင်ပွန်းသည်အပေါ်ကို နွေးထွေးယုယမှုတွေ၊ ကြင်နာမှုတွေ အပြည့်အဝပေးစွမ်းနိုင်တဲ့မိန်းမ။

၁၅။ ဘယ်လောက်အခက်အခဲတွေကြုံရပါစေ၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် အားပေးတတ်တဲ့မိန်းမ။

၁၆။ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာတွေကို ခင်ပွန်းသည်သိအောင်ပြောပြဖို့ ဝန်မလေးတဲ့မိန်းမ။

၁၇။ နှစ်ခါပြန်စဉ်းစားစရာမလိုအောင် စိတ်ချယုံကြည်လို့ရတဲ့မိန်းမ။

၁၈။ ခင်ပွန်းသည်ရဲ့ အာရုံတစ်ခုလုံးကို အချိန်ပြည့်လွှမ်းမိုးထားနိုင်တဲ့မိန်းမ။

၁၉။ အထင်အမြင်လွဲတာမျိုးတောင်မရှိရအောင် အနေအထိုင်ပိရိသေသပ်တဲ့မိန်းမ။

၂ဝ။ ခင်ပွန်းသည်ရဲ့ အနာဂတ်အစီအစဉ်တွေကို အတူတူပုံဖော်ပေးနိုင်တဲ့မိန်းမ။

၂၁။ ခင်ပွန်းသည်အနားမှာ အကောင်းဆုံးဖြည့်ဆည်းပေးရင်း ခင်ပွန်းသည်ကို ကံအကောင်းဆုံးလူသားတစ်ယောက်အဖြစ် ထင်မှတ်လာအောင် စွမ်းဆောင်နိုင်တဲ့မိန်းမ။

သင့်ဆီမှာဒီလိုအရည်အချင်းတွေပြည့်မီတဲ့ ချစ်သူကောင်မလေး (သို့) ဇနီးမယားတစ်ယောက်ရှိနေပြီဆိုရင်တော့ သူ့ကို Comment Box မှာ mention ခေါ်လိုက်ပါ။