ဒါ… အချစ်လားကွယ်

blank

ပရိသတ်ကြီးရေ…“သစ်ပင်မှန်ရင်အမြစ်နဲ့မကင်းသလို လူမှန်ရင်လည်းအချစ်နဲ့ မကင်းပါဘူး” ဆိုတဲ့ စကားလေးလိုပါပဲ။ အင်အားကြီးမားလှပါတယ်ဆိုတဲ့ ကမ္ဘာကျော်စစ်ဘုရင်နပိုလီယံတောင် အချိန်တန်တော့ အချစ်ရဲ့ရှေ့တော်မှောက်မှာ ဝပ်ဆင်းခစားလိုက်ရတာပါပဲ။ သင်စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို ချစ်မိနေပြီလား၊ မချစ်သေးဘူးလားဆိုတာ ဝေခွဲမရဖြစ်နေတယ်ဆိုရင် အောက်ပါအချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။

၁။ အစားအသောက်ကိုတောင် မေ့နေတာ။

“တစ်နေ့တာမှာ အရေးကြီးဆုံးဖြစ်တဲ့ အစားစားခြင်းကိုတောင် မေ့နေပြီဆိုကတည်းက သင့်မှာ အစားအသောက်ထက် ပိုအရေးကြီးတဲ့လူတစ်ယောက် ရှိနေပြီမို့ပါ။” ဆိုတဲ့ စကားလေးအတိုင်းပါပဲ။ သင့်ဘဝမှာလည်း အစားအသောက်မေ့နေလောက်အောင် ပိုအရေးကြီးတဲ့သူတစ်ယောက်ရှိနေပြီဆိုရင် သင်သူ့ကိုချစ်နေပါပြီ။

၂။ တစ်ယောက်တည်း ခဏခဏပြုံးမိနေတာ။

သင့်ကိုယ်သင် သတိမထားလိုက်မိခင်မှာပဲ သူ့အကြောင်းတွေကို တွေးနေမိပြီး သင့်ကိုယ်သင် သတိထားမိလိုက်ချိန်မှာ နှုတ်ခမ်းလေးက ပြုံးမိနေပြီ။ အဲ့ဒီလို ခဏခဏဖြစ်နေပြီဆိုရင် သင် သူ့ကိုချစ်မိနေပါပြီ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သူနဲ့အကြည့်ချင်းမဆုံရဲတာ။

ဝေးနေတဲ့အခါ သတိရနေမိပေမယ့် တွေ့ပြန်တော့လည်း သူနဲ့မျက်လုံးချင်းမဆုံရဲအောင် ရှက်ရွံ့နေမိတယ်ဆိုရင် အဲ့ဒါက သင်သူ့ကိုချစ်မိနေလို့ပါ။

၎။ ခါတိုင်းထက် ပိုပြီးအလှကြိုက်လာတာ။

ခါတိုင်းလို ကြုံရာဖက်ရှင်မဟုတ်ဘဲ အဝတ်အစားအရောင်လေးတွေ လိုက်ဖက်အာင် တွဲဖက်ဝတ်ဆင်ချင်လာတာ၊ မျက်နှာကို လှတပတလေး ခြယ်သချင်လာတာဟာ သင့်အလှအပကို သူ့မျက်စိထဲအသိအမှတ်ပြုတာကို လိုချင်လို့ဖြစ်ပါတယ်။

၅။ သူအနားမှာမရှိတဲ့အခါ လွမ်းနေမိတာ။

သင့်အနားမှာသူမရှိတဲ့အခါ သူ့ဆီပဲစိတ်ရောက်နေပြီး လုပ်ကိုင်သမျှ အလွဲလွဲ အချော်ချော်ဖြစ်နေတာ၊ သင့်တစ်နေ့တာက ခြောက်ကပ်ကပ်ဖြစ်နေတာဟာ သင်သူ့ကို လွမ်းနေတာပါ။

၆။ သူနဲ့ပတ်သက်ပြီး သဝန်တိုတတ်လာတာ။

သူဘယ်သူနဲ့ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာတွေကို သင်သိချင်လာတာ၊ တခြားမိန်းကလေးတွေနဲ့သွားလာတာကိုမြင်ရင် သဝန်တိုတတ်လာတာဟာ သင်သူ့ကို ချစ်မိနေပြီမို့ပါ။

၇။ သင့်မျက်စိထဲမှာ လောကကြီးက ခါတိုင်းထက်ပိုသာယာလှပလာတာ။

       မြင်နေကျမြင်ကွင်းနဲ့ရှုခင်းတွေကိုပဲ သင့်မျက်စိထဲ ခါတိုင်းထက်ပိုပြီး သာယာ လှပတယ်လို့ ထင်နေပြီဆိုရင်တော့ အဲ့ဒါက အချစ်ကြောင့် အကောင်းမြင်တတ် လာတာဖြစ်ပါတယ်။

၈။ လူတွေက သင့်ကိုပိုကြည့်ကောင်းလာတယ်လို့ပြောလာကြတာ။

“အချစ်နဲ့တွေ့ရင် လူကနုပျိုလာတယ်” ဆိုတဲ့ စကားလေးရှိပါတယ်။ အချစ်နဲ့တွေ့ရင် လူက နူးညံ့လာတယ်။ ပိုပြီး ရယ်မောတတ်လာတယ်။ ခွင့်လွှတ်တတ်လာတယ်။ သဘောကောင်းလာပါတယ်။ အဲ့ဒီအရာတွေကြောင့် သင့်ကို လူတွေက ပိုကြည့်ကောင်းလာတယ်လို့ပြောကြတာပါ။

၉။ ခါတိုင်းထက်အပေးအကမ်းရက်ရောလာတာ။

သူ့ရှေ့မှာဆို သူငယ်ချင်းတွေကို ကျွေးချင်မွေးချင်စိတ်တွေထက်သန်လာတာဟာ သင့်သဘောကောင်းရက်ရောမှုကို သူသတိထားမိစေချင်လို့ဖြစ်ပါတယ်။

၁ဝ။ အလုပ်ထဲအာရုံမစူးစိုက်နိုင်တာ။

အလုပ်လုပ်နေချိန်မှာတောင် သင့်စိတ်ကအလုပ်ထဲမှာမရှိဘဲ သင့်အာရုံကို တစ်စုံတစ်ယောက်ကပဲ လွှမ်းမိုးထားပြီဆိုရင် သင် သူ့ကိုချစ်နေပါပြီ။

ကဲ… ပရိသတ်ကြီးရေ ဖော်ပြထားတဲ့အချက်လေးတွေထဲက သင်နဲ့ကိုက်ညီတဲ့ အချက်လေးတွေပါနေပါသလား။ တိုက်ဆိုင်တဲ့အချက်လေးတွေပါနေပြီဆိုရင် သင့် သူငယ်ချင်းတွေပါဖတ်ရအောင် SHARE လိုက်ပါဦးနော်။