မေမေ့ကိုတိုင်တည်တဲ့ သမီးရဲ့ အဓိဋ္ဌာန်စကားလေးများ

blank

၁။ ခက်ခဲတဲ့နေ့ရက်တွေကြုံလာရရင်တောင် ကိုယ့်ဘဝကိုယ် ချစ်မြတ်နိုးတန်ဖိုးထားပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂။ သံသယစိတ်တွေရှိနေရင်တောင်မှ လူတွေအပေါ် အကောင်းမြင်စိတ်မွေးပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၃။ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ခွန်အားတွေ၊ ဘဝကသင်ပြသွားတဲ့ သင်ခန်းစာတွေကို ရှာဖွေပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၎။ စိတ်ရှုပ်ထွေးနေတဲ့အချိန်တွေမှာတောင် အရာရာကို ရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်ပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၅။ အဆိုးမြင်စိတ်တွေက သမီးဘဝကို ထိခိုက်မှုမရှိစေအောင် သတိထားကာကွယ်ပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၆။ ရှုံးနိမ့်မှုတွေကြုံလာတိုင်း အားမလျှော့ဘဲ ပိုပြီးကြိုးစားသွားပါမယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၇။ အချစ်ထက် ကိုယ့်ကိုယ်ကို ပိုပြီးတန်ဖိုးထားမယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၈။ သမီးကို သစ္စာရှိတဲ့သူတွေအပေါ် သမီးရဲ့သစ္စာတည်မြဲမှုကို ပြသမယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၉။ အကြင်နာတရားမရှိတဲ့သူတွေအပေါ်ကိုတောင် ကြင်ကြင်နာနာဆက်ဆံပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။ အကြင်နာတရားမရှိသူတွေက ကြင်နာမှုကို ပိုပြီးလိုအပ်ကြတယ်လေ။

၁ဝ။ သမီးကိုယ်တိုင်တင်မဟုတ်ဘဲ သူများတွေအပေါ်မှာရော ယုံကြည်နိုင်အောင်ကြိုးစားပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁၁။ အဆိုးမြင်ဝါဒတွေဖုံးလွှမ်းနေတဲ့လူတွေကို ဝေးဝေးကရှောင်ပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၁၂။ အလုပ်ကို စိတ်ပါဝင်စားစွာနဲ့ အကောင်းဆုံးကြိုးစားပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၁၃။ နေ့ရက်တိုင်းကို အကောင်းဆုံးဖြတ်သန်းပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၁၄။ ကိုယ့်ကိုယ်ကိုသာမက လူတကာနဲ့အဆင်ပြေအောင် အကောင်းဆုံးကြိုးစားဆက်ဆံပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၁၅။ သမီးရဲ့ပျော်ရွှင်မှုတွေကို ထိခိုက်စေမယ့်အရာတွေကနေ ဝေးသထက်ဝေးအောင်ပြေးပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၁၆။ ကြင်နာချိုသာတဲ့စကားတွေကိုပဲပြောပြီး ခွင့်လွှတ်တတ်အောင်ကြိုးစားမယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၁၇။ နေ့သစ်တိုင်းမှာ မနေ့ကထက် ပိုကောင်းတဲ့သူဖြစ်အောင် ကြိုးစားပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၁၈။ ဘဝရဲ့ အခိုက်အတန့်တိုင်းကို တန်ဖိုးထားပြီး ပျော်ရွှင်စွာဖြတ်သန်းပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၁၉။ အတိတ်တွေကိုမေ့ပစ်ပြီး အမှားတွေကို သင်ခန်းစာယူပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂ဝ။ လိုအပ်တဲ့အချိန်မှာ အကူအညီတောင်းမယ်၊ ဒါပေမယ့် အားနည်းချက်တစ်ခုအဖြစ် သတ်မှတ်မထားပါဘူးလို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂၁။ သမီးမပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံမယ်၊ ပြောင်းလဲနိုင်တဲ့အရာတွေကို ပြောင်းလဲဖို့ သတ္တိမွေးမယ်၊ ခြားနားချက်တွေကို သိရှိဖို့ကြိုးစားမယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂၂။ နေ့ရက်တိုင်း၊ အချိန်တိုင်းကို တန်ဖိုးထားပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂၃။ သမီးရဲ့ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြသဖို့ မကြောက်ရွံ့ပါဘူးလို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂၄။ သမီးအတွက် ဖေဖေ၊ မေမေတို့ လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်တယ်၊ အဲ့ဒီကျေးဇူးတွေကိုလည်း သမီးပြန်ဆပ်ပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂၅။ သမီးကိုယ့်ကိုယ်ကိုတန်ဖိုးထားသလို သူများတွေကသမီးကို တန်ဖိုးဖြတ်လိမ့်မယ်၊ ဒါ့ကြောင့် သမီး ကိုယ့်ကိုယ်ကို ဘယ်တော့မှ အထင်မသေးဘူး မေမေ။

၂၆။ ဘဝကောင်းကင်ကျယ်မှာ အကြောက်တရားတွေကို စွန့်လွှတ်ပြီး လွတ်လွတ်လပ်လပ်ပျံသန်းမယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂၇။ ဘဝမှာ နာကျင်ခံစားရမှာကို မကြောက်ဘဲ သမီးခံစားချက်တွေအတိုင်း နေထိုင်ပြုမူပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂၈။ ကြောက်ရွံ့နေရင်တောင် အခွင့်အရေးတွေကို လက်လွှတ်မခံဘူးလို့ မေမေ့ကို သမီးကတိပေးပါတယ်။

၂၉။ နေ့တိုင်းနေ့တိုင်းမှာ ဘုရားပေးတဲ့ ကံကောင်းခြင်းတွေကို အမိအရဆုပ်ကိုင်ပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၃ဝ။ သမီးသွားချင်တဲ့နေရာတွေကိုသွားမယ်၊ ဘဝကိုလည်း နောင်တကင်းစွာ ဖြတ်သန်းမယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၃၁။ သမီးကို နာကျင်ခံစားစေခဲ့တဲ့သူတွေကို မေတ္တာရှေ့ထားပြီး ခွင့်လွှတ်ပေးပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၃၂။ အချစ်ကြောင့် နာကျင်ခံစားရရင်တောင် အချစ်ကို ဆက်လက်ယုံကြည်နေမယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

၃၃။ အခုအချိန်ကစလို့ လောကကြီးကပေးလာသမျှအရာအားလုံးကို ချစ်မြတ်နိုးတန်ဖိုးထားပါ့မယ်လို့ မေမေ့ကို သမီးကတိပေးပါတယ်။

ပြီးတော့ လောကကြီးကအရာအားလုံးထက် ဖေဖေနဲ့ မေမေ့ကို ပိုပြီးချစ်ပါတယ် မေမေ။

သင့်မေမေကို ကတိပေးနိုင်ဖို့ သင့်မေမေမြင်အောင် SHARE လိုက်ပါ။