သင့်အချစ်နဲ့ သူ့အချစ် အချိုးမညီကြောင်း ဖော်ပြပေးနေတဲ့ အပြုအမူလေးများ

blank

ကိုယ့်ချစ်သူက ကိုယ်ချစ်သလောက် ကိုယ့်ကိုပြန်မချစ်တဲ့အခါ အချစ်ရေးတွေက တစ်ဖက်သတ်ဆန်ပြီး နာကျင်ခံစားရစေပါတယ်။ ဒီလိုအခြေအနေမျိုးရောက်နေပြီလို့ ဘယ်လိုပြောနိုင်မလဲ။ ဘယ်အချက်တွေကို ကြည့်ပြီး ပြောနိုင်မလဲ။ ဂန္ထဝင်ပရိသတ်ကြီးရေ… အောက်မှာဖော်ပြပေးထားတာတွေကတော့ ကံမကောင်းစွာပဲ တစ်ဖက်သတ်ဆန်တဲ့ အချစ်ရေးအခြေအနေကိုရောက်နေပြီဆိုတာ သိစေနိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

၁။ နှစ်ယောက်သား ပြဿနာတက်ပြီး စိတ်ဆိုးရင် သင်ကပဲ အမြဲလိုက်ချော့နေရတယ်။

၂။ ခဏခဏ အဆင်မပြေဖြစ်တတ်လို့ အကြောင်းအရာတစ်ခုဆိုရင် အတည်တကျဆွေးနွေးလို့ မရဘူး။

၃။ ကတိမတည်မှု၊ မရေရာမှုတွေကြောင့် သင်ဘယ်အရာကိုမှ ပုံသေ မျှော်လင့်ထားလို့မရဘူး။

၎။ တစ်ခုခု လုပ်တော့မယ်ဆိုရင် သင်ပဲ အစအဆုံး စီစဉ်ရတယ်။ သူက သင့်အတွက် ဘာမှ ကြိုတင်မစီစဉ်ချင်ဘူး။

၅။ သင့်ထက် သူ့သူငယ်ချင်းတွေကို ပိုဦးစားပေးတယ်။

၆။ သင်မလုပ်တဲ့ ကိစ္စတွေ၊ သင်မမှားခဲ့တဲ့ ပြဿနာတွေအတွက် သင်ပဲအမြဲတောင်းပန်နေရတယ်။ သင့်ကိုလည်း အမြဲခံစားရအောင်လုပ်တယ်။

၇။ သင့်ချစ်သူက သင့်ကို လုံးဝမလေးစားဘူး။ ဒါကို သင်ကိုယ်တိုင်လည်း သိနေပါတယ်။

၈။ သင့်သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ၊ သင့်ကို ကန့်သတ်ချုပ်ချယ်တာတွေ ရှိနေတယ်။

၉။ သင်တို့အချစ်ရေးဟာ လုံးဝ လျှို့ဝှက်ချက်ဖြစ်နေတယ်။

၁ဝ။ သင့်ချစ်သူက သင့်ကို အနာဂတ်အကြောင်းဘာမှ မတိုင်ပင်ဘူး။ လက်ထပ်ဖို့၊ ကလေးယူဖို့ သင်ကပြောရင်တောင် သူက မကြိုက်ဘူး။

၁၁။ သင့်ချစ်သူရဲ့ သူငယ်ချင်းတွေနဲ့ တွေ့ချင်ရင်တောင် အမြဲတောင်းဆိုနေရတယ်။

၁၂။ ချစ်သူတွေကြား စိတ်ဆိုးစိတ်ကောက်တတ်တာ သဘာဝပေမယ့် နေ့တိုင်း၊ အချိန်တိုင်းရန်ဖြစ်တာကတော့ ပုံမှန်မဟုတ်ပါဘူး။

၁၃။ သင့်အလှအပနဲ့ ပတ်သတ်ပြီးတော့ပဲ ချီးမွမ်းစကားဆိုတယ်။ သင့်အရည်အချင်း၊ သင့်အသိဉာဏ်နဲ့ ပတ်သတ်ပြီး ဘာချီးမွမ်း၊ဝေဖန်မှုမှ မပေးဘူး။

၁၄။ သူ့အပျင်းပြေဖို့ တစ်ယောက်ယောက်လိုအပ်နေပြီဆိုမှ သင့်ကို လှမ်းခေါ်တတ်တယ်။

၁၅။ သူသင့်ကို အလိုရှိလို့ လှမ်းခေါ်ရင် မိသားစုနဲ့ တခြားအလုပ်တွေကိုတောင် ပစ်ပြီး အပြေးသွားရတယ်။

၁၆။ နှစ်ယောက်တည်းအချိန်လေးတွေ ဖန်တီးမယ်လို့ စဉ်းစားမိတာနဲ့ သင့်စိတ်ထဲမှာ ကြောက်ရွံ့မှုတစ်ခုခုကို ခံစားနေရတတ်တယ်။

၁၇။ သင်နဲ့ တီတီတာတာ စကားလေးတွေပြောဖို့ဟာ သူ့အတွက် ကိစ္စကြီးတစ်ရပ်လို ဖြစ်နေတတ်ပြီး အရမ်းဝန်လေးနေတတ်တယ်။

၁၈။ သင့်အတွက် အရေးကြီးကိစ္စတွေကို သူ့ကိုဖွင့်ပြောရမှာကို အရမ်းကြောက်ရွံ့နေတတ်တယ်။

၁၉။ မိသားစုဝင်တွေက သူ့ရဲ့ကိုယ့်အပေါ်ဆက်ဆံမှုတွေကို စိုးရိမ်နေတာကြောင့် သင့်ချစ်သူအကြောင်း သေချာရှင်းပြဖို့ လိုအပ်လာတယ်။

၂ဝ။ သင့်ချစ်သူ သင့်ကမ္ဘာလေးထဲကို ရောက်လာဖို့ သင်နည်းမျိုးစုံသုံးပြီး ကြိုးစားပေမယ့် သူကဂရုမစိုက်ဘူး။

ဂန္ထဝင်ပရိသတ်ကြီးရေ… သင်လည်း ဒီလို အခြေအနေမျိုး ကြုံတွေ့နေရပြီဆိုရင် တစ်ခုခုပြောင်းလဲဖို့ သင့်ပါပြီနော်။ သင့်ကို ဂရုမစိုက်တဲ့ချစ်သူကို ရင်နာနာနဲ့ ဆက်ချစ်မနေဘဲ လမ်းခွဲမလား၊ သူ့ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားမလားဆိုတာ ဆုံးဖြတ်ပါ။ ပျော်ရွှင်တဲ့ အချစ်ခရီးလမ်းမှာ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။