တွေဝေတတ်သော လက်တွဲဖော်ရှိသူတိုင်း ကြုံတတ်တဲ့ ဖြစ်ရပ်လေးတွေ

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… သင့်မှာ အမြဲတမ်း မရေမရာ ဖြစ်နေတတ်ပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ မချနိုင်တဲ့ လက်တွဲဖော်ရှိမယ်ထင်ပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ သူတို့မှာ သင့်ကိုချစ်ဖို့ တွေဝေမနေပါဘူး။ အဲဒီ့လို လက်တွဲဖော်မျိုးရှိနေတဲ့ ပရိသတ်တွေအတွက် အောက်ပါဖော်ပြထားတဲ့ ၁၂ ချက်က မှန်နေမယ်လို့ထင်ပါတယ်။ ဖတ်ကြည့်ရအောင်…။

၁။ သူနဲ့ တစ်နေ့တာအချိန်ဖြုန်းဖို့ တွေးတောစီစဉ်ရတာက သင့်ကို ခေါင်းကိုက်စေပါတယ်။

၂။ ” ဒါလေးနဲ့ ဒါလေး ဘယ်ဟာပိုကောင်းတယ် ထင်သလဲ ” ဆိုတဲ့ မေးခွန်းတွေနဲ့ သင့်ကို အမြဲစိတ်ရှုပ်စေတတ်ပါတယ်။ သင်က ပိုကောင်းတဲ့တစ်ခုကို ရွေးပေးတာတောင် သူက တွေဝေနေဆဲပါပဲ။

၃။ သင်ဈေးဝယ်ထွက်ရင်လည်း ပစ္စည်းတွေကူရွေးပေးဖို့ သူ့ကို အားကိုးလို့ မရပါဘူး။

၎။ သင့်ဆုံးဖြတ်ချက်ကို မကြိုက်တာတောင်မှ သင့်ဆီက ဆုံးဖြတ်ချက်ကို မကြာခဏ တောင်းတတ်ပါတယ်။

၅။ အရာဝတ္ထုတွေအပေါ် သင့်ရဲ့ အမြင်တွေကို ပြောပြတဲ့ အခါမှာလည်း သူက သင့်ကို ဇီဇာကြောင်တယ်လို့ စွပ်စွဲတတ်ကြပါသေးတယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၆။ ဆိုင်မှာ စားတိုင်းလည်း အစားအသောက်မှာဖို့ သူ့ခမျာ အချိန်အကြာကြီး ယူလေ့ရှိတာကြောင့် သင် စားပွဲထိုးကို ခဏခဏ တောင်းပန်ရတယ်။

၇။ ဘာဝတ်ရမယ်၊ ဘာယူသွားရမယ် ဆိုတာ သူ့ဘက်က သေချာ မဆုံးဖြတ်နိုင်တာကြောင့် သင်တို့နှစ်ယောက်လုံး ဘယ်သွားသွား အမြဲနောက်ကျတတ်ပါတယ်။

၈။ သင်ဆုံးဖြတ်ချက်ချတဲ့အချိန်တိုင်း ကူညီမပေးနိုင်တာကြောင့် ကြာလာရင် နာကျင်စရာကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။

၉။ သင်တို့နှစ်ယောက်လုံးနဲ့ ပတ်သတ်တဲ့ ဘဝဆုံးဖြတ်ချက်တွေချဖို့ သူလုံးဝငြင်းဆန်တတ်ပြီး သင့်စိတ်ကြိုက် ဆုံးဖြတ်ခိုင်းတတ်တယ်။

၁၀။ မွေးနေ့နဲ့ အခါကြီးရက်ကြီးတွေမှာ သူ့ကို မွေးနေ့လက်ဆောင်အဖြစ် ဘာပေးရမှန်းမသိဘူး ဖြစ်နေတတ်တယ်။

၁၁။ သင်နဲ့စကားပြောရင်လည်း ဘာပြန်ပြောရမှန်းမသိလို့ တမေ့တမောကြီး ကြာမှစကားပြန်တတ်ပါတယ်။ အဲ့ဒါကိုပဲ သင်က သူနဲ့စကားပြောရတာ ကြောင်တောင်တောင်နိုင်တယ်လို့ ထင်နေတတ်ပါတယ်။

၁၂။ သင်သူ့ကို မေးလိုက်တဲ့ မေးခွန်းကို သင်ကိုယ်တိုင်မေ့သွားလောက်တဲ့အထိ သူပြန်ဖြေဖို့ အချိန်အကြာကြီး ယူတတ်ကြပါတယ်။

ကဲ…စာဖတ်ပရိသတ်ကြီးမှာရော ဒီလိုဖြစ်ရပ်တွေ ကြုံနေရပြီလား။ ဒီလိုအကျင့်ရှိတဲ့ လက်တွဲဖော်ကိုပဲဖြစ်ဖြစ်၊ သူငယ်ချင်းကိုပဲ ဖြစ်ဖြစ် COMMENT BOX မှာ mention ခေါ်ရင်း SHARE လိုက်ကြရအောင်။