ချစ်သမီးထံသို့ နှလုံးသားဖြင့် ထုံမွှမ်းအပ်သောပေးစာ

blank

သမီးရေ…

လူကြီးသူကောင်းတွေ ပြောခဲ့တဲ့ စကားတွေအရတော့ “အတွေ့အကြုံတွေကနေရတဲ့ ဘဝသင်ခန်းစာတွေကြောင့် လူတွေက ပိုပြီးတည်ငြိမ်ရင့်ကျက်သွားတတ်ကြတယ်” တဲ့။ မေမေ့သမီး လောကကြီးကိုရင်ဆိုင်ရတဲ့အခါ အားပြုလျှောက်လှမ်းနိုင်စေဖို့ သမီးလေးကို ပြောပြချင်တဲ့ အရာတွေရှိတယ် သမီးရေ…။ မေမေကိုယ်တိုင်တွေ့ကြုံပြီး ရလာခဲ့တဲ့ အရာတွေမို့ သမီးအတွက်နှလုံးသားနဲ့ ရင်းပြီးရထားတဲ့ ခံစားမှုစာလွှာလေးလို့တောင် ပြောလို့ရပါတယ်။

၁။ အိပ်မက်ထဲကရွှေမင်းသားကိုစောင့်မျှော်ရင်းသမီးရဲ့ အချိန်တွေမကုန်ပါစေနဲ့။

၂။ သမီးရဲ့ဝင်ငွေအင်အားနဲ့ ညီမျှတဲ့ ခရီးတွေထွက်နိုင်သလောက်ထွက်ပါ။ တက်နိုင်သလောက် အတွေ့အကြုံတွေ ရယူခံစားပါ။

၃။ အလုပ်အကိုင်ရှာတဲ့နေရာမှာ ငွေမျက်နှာတစ်ခုတည်းကိုပဲ မကြည့်ပါနဲ့ သမီးရေ။ ငွေတွေပေါနေပေမယ့် သမီးအတွက်ကိုယ်ပိုင်အချိန်မရှိတဲ့အခါ သမီးစိတ်ဆင်းရဲနေရပါလိမ့်မယ်။

၎။ ငယ်ရွယ်စဉ်ကတည်းက သမီးအသားအရေတွေကို ထိန်းသိမ်းပါ။ ပျက်စီးမှ ပြုပြင်ဖို့ စိတ်မကူးပါနဲ့။ ဤဆောင်းပါးကိုဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အပေါင်းအသင်းတွေကို ဂရုတစိုက်ရွေးချယ်ပါ။

၆။ သမီးကိုတကယ်မှ ချစ်ရဲ့လားလို့ ဒွိဟစိတ်တွေ ခဏခဏဝင်စေတဲ့ ချစ်သူမျိုးကို ဇွတ်အတင်းတွယ်ကပ်မနေပါနဲ့။

၇။ သမီးအထီးကျန်ခံစားနေရရင် သမီးအစ်မဆီကို ဖုန်းဆက်ပါ။ တစ်အူတုံဆင်းညီမတွေထက် သမီးကိုဘယ်သူမှ နားလည်မှာမဟုတ်ပါဘူး။ သမီးငိုဖို့ ပုခုံးတစ်ဖက်လိုနေရင်တော့ အမေ့ကိုသာရှာပါ။ အကောင်းအဆိုးတွေတိုင်းကို အမေ့မေတ္တာနဲ့ ကျော်လွှားနိုင်မှာပါ။

၈။ ဒဏ္ဍာရီချစ်ဇာတ်လမ်းတွေကို အားကျပြီး စိတ်ကူးယဉ်မနေပါနဲ့။ အချစ်စစ်အချစ်မှန်ဆိုတာ ဖြောင့်ဖြူးသာယာလေ့မရှိဘူးဆိုတာ သမီးမမေ့ပါနဲ့။

၉။ သမီးနဲ့ တစ်ပုံစံတည်းတူတဲ့ လက်တွဲဖော်ကိုပဲမရှာပါနဲ့။ သမီးတို့ နှစ်ယောက်မှာရှိနေတဲ့ အရည်အချင်းတွေ၊ အကြံဥာဏ်တွေတူနေရင် အိမ်ထောင်ရေးက ပေါက်သင့်သလောက် ခရီးမပေါက်ဘဲနေပါလိမ့်မယ်။

၁ဝ။ အိမ်ထောင်တစ်ခုတည်ထောင်တဲ့ အခါ အိမ်ထောင့်တာဝန်တွေကို ခွဲဝေယူတတ်မယ့်လူမျိုးကို ရွေးချယ်တတ်ပါစေ။

၁၁။ တစ်နှစ်တစ်ခါ နေရာအသစ်တစ်ခုလောက်တော့ ပြောင်းလဲနေထိုင်ကြည့်ပါ။

၁၂။ သတင်းတွေ နေ့တိုင်းဖတ်ပါ။

၁၃။ အလုပ်တစ်ခုစလုပ်ကတည်းကအဆင်ပြေမယ်ဆိုတာမရှိပါဘူး။ အတွေ့အကြုံကနေသင်ခန်းစာယူပြီး တဖြည်းဖြည်းနဲ့ တိုးတက်လာတာပါ။ စိတ်မပျက်ဘဲ အရှေ့ကိုတက်လှမ်းနိုင်ဖို့ ကြိုးစားပါ။

၁၄။ သမီးဘေးနားမှာရှိနေတဲ့ သူငယ်ချင်းတွေကပဲ သမီးလိုအပ်ချိန်တွေမှာရှိနေမှာပါ။

၁၅။ သမီးကလေးယူဖို့ အဆင်သင့် မဖြစ်သေးရင် အစိုင်းတပြင်းမယူပါနဲ့။ ကလေးယူရင် ပိုပြီးတာဝန်တွေကြီးလာမှာဖြစ်တဲ့အတွက် သေသေချာချာစဉ်းစားပါ။

ဒါတွေကတော့ ကျွန်မသမီးလေးအသက် (၂၂) နှစ်မပြည့်ခင် မှာချင်တဲ့ အကြောင်းအရာလေးတွေပါ။ စာဖတ်ပရိသတ်ကြီးမှာရော ကိုယ့်သမီးရတနာလေးကို ပြောချင်တာလေးတွေရှိရင် Comment box မှာရေးပေးပါဦး။