ချစ်ခြင်းဖွဲ့တည် ခိုင်မာသည်၊ ၂၀၁၈ နှစ်သစ်ဆီ…

blank

နှစ်သစ်အချိန်အခါဆိုတာ အစစအရာရာ ပြုပြင်ပြောင်းလဲသင့်တဲ့ အချိန်ပါ။ မတ်လ ရောက်နေပြီဖြစ်သော်လည်း အချိန်မနှောင်းသေးပါဘူး။ တစ်နှစ်ပတ်လုံး ကျန်ပါသေးတယ်။ ချစ်သူနှစ်ဦးကြား ပြဿနာတွေ ထပ်မဖြစ်တော့ဘဲ နားလည်မှုတွေနဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ရမယ့် အချိန်တစ်ခုလည်းဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ ပိုမိုလှပတဲ့ အချစ်ပန်းချီလေးကို အတူတကွရေးဆွဲနိုင်စေဖို့ အကြံဉာဏ်ကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အကြိုက်တူတဲ့ အားကစား၊ သို့မဟုတ် ကာယလေ့ကျင့်ခန်းတစ်ခုခုကို နှစ်ယောက်အတူ လုပ်ပါ။

၂။ ရန်ဖြစ်ငြင်းခုံခြင်းမပြုခင် ဘာကြောင့်စိတ်ညစ်၊ စိတ်တိုရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပါ။

၃။ တစ်ပတ်မှာ တစ်ခါလောက်တော့ ချိန်းတွေ့ပြီး ပျော်စရာနေရာတွေကို လျှောက်လည်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ စာအုပ်တစ်အုပ်ကို အတူတကွဖတ်ပြီး စာအုပ်ထဲက အကြောင်းအရာတွေကို ဆွေးနွေးပါ။

၅။ နှစ်ယောက်ကြားမှာ အတိတ်ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို မေ့ပစ်လိုက်ပါ။

၆။ နှစ်သက်ရာသင်တန်းတစ်ခုခုကို အတူတက်ရောက်ပါ။

၇။ နှစ်ယောက်စလုံး ကြိုက်နှစ်သက်တဲ့ ဝါသနာတစ်ခုခုကို အတူတကွလုပ်ဆောင်ပါ။

၈။ ဗီဒီယိုဂိမ်း အတူတူဆော့ပါ။

၉။ နှစ်ယောက်စလုံးရဲ့ အကျင့်ဆိုးလေးတွေကို အတူတကွ စွန့်လွှတ်ပစ်လိုက်ပါ။

၁၀။ ချစ်သူတွေလိုသာမဟုတ် သူငယ်ချင်းတွေလိုလည်း ရင်းနှီးစွာ ဆက်ဆံပါ။

၁၁။ “ချစ်တယ်”ဆိုတဲ့စကားကို မကြာခဏပြောပေးပါ။

၁၂။ နှစ်ဖက်မိသားစုတွေနဲ့ အပြန်အလှန် အချိန်ဖြုန်းပေးပါ။

၁၃။ ပျော်ရွှင်စရာခရီးတစ်ခုထွက်ဖို့ ပိုက်ဆံ အတူတူစုပါ။

၁၄။ ရှိုးပွဲတွေ အတူတူကြည့်ပါ။

၁၅။ ညနေတိုင်း ညစာအတူတူစားပါ။

ဂန္ထဝင်ပရိသတ်ကြီးရေ…အထက်ပါအကြံပေးချက်လေးတွေကို လိုက်နာပြီး ချစ်သူနဲ့အတူ ပျော်ရွှင်စရာကမ္ဘာလေးတစ်ခု တည်ဆောက်နိုင်ပါစေ။ အချိန်တွေပြောင်းသွားလည်း အချစ်မလျော့ဘဲ ဆထက်တပိုး အချစ်တွေတိုးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

စာဖတ်ပရိသတ်ကြီးတို့ရော အထက်ဖော်ပြပါအချက်များအနက် မိမိချစ်သူနဲ့ ဘယ်ဟာတွေ အတူတူလုပ်ပြီးကြပြီလဲ။

သူငယ်ချင်းစုံတွဲတွေအတွက်လည်း SHARE ပေးလိုက်ပါဦးနော်။