Single သမားများအတွက် ချစ်သူများနေ့ ဖြတ်သန်းဖို့ ကောင်းနိုးရာရာနည်းလေးများ

blank

ချစ်သူစုံတွဲတွေ မျှော်လင့်တောင့်တနေသလောက် တစ်ကိုယ်တော်သမားတွေက ကြောက်ရွံ့ရှောင်ဖယ်နေတတ်ကြတဲ့ ချစ်သူများနေ့ကို ရောက်လို့လာပါပြီ။ တစ်ချို့ဆိုရင် ချောကလက်တွေ၊ပန်းစည်းတွေ၊ မွှေးပွရုပ်တွေကိုစိတ်နာပြီး စုံတွဲတွေကိုမျက်မုန်းကျိုးနေတတ်ကြပါတယ်။

တစ်ချို့တစ်ကိုယ်ရည်တစ်ကာယသမားတွေက သူတို့အထီးကျန်မှုကို တစ်ကမ္ဘာလုံးက ပျက်ရယ်ပြုနေတယ်လို့ခံစားရနေရတာကြောင့် “Single Awareness Day”နေ့လို့ ခနဲ့ပြီး ခေါ်ဝေါ်ကြပါတယ်။ တစ်ကိုယ်တည်းဖြစ်နေတယ်လို့ ခံစားနေရတဲ့ single ပရိသတ်တွေအတွက် ချစ်သူများနေ့မှာ ဘာတွေလုပ်လို့ရတယ်ဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ကိုယ့်အတွက်ကိုယ်လက်ဆောင်ဝယ်လိုက်ပါ။

ကိုယ့်အတွက် ချစ်သူများနေ့လက်ဆောင်လေးကို ကိုယ်တိုင်ဝယ်ပါ။ ပန်းစည်းလှလှလေးတွေ၊ ချစ်စရာအမွှေးပွရုပ်လေးတွေ ဝယ်ပြီးကိုယ့်ကိုယ်ကိုလက်ဆောင်ပေးပစ်ပါ။ အရင်ကတည်းက ကိုယ်လိုချင်နေတဲ့ဝတ်စုံလှလှလေးပဲဖြစ်ဖြစ်ဝယ်လိုက်ပါ။ ဒါမှမဟုတ် အိမ်တွင်းအောင်းပြီး သီချင်းနားထောင်တာတို့၊စာဖတ်တာတို့လည်း လုပ်လို့ရပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ သူငယ်ချင်းတွေနဲ့ လည်ပတ်လိုက်ပါ။

အခင်ဆုံးသူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ပါ။ ဒါမှမဟုတ် ညစာသွားစားပါ။ အိမ်မှာပဲ ချစ်သူမရှိသူများစုပေါင်းပြီး ပါတီလုပ်လို့ရပါတယ်။ ချစ်ခင်ရတဲ့သူငယ်ချင်းတွေစုပေါင်းရင် ပျော်စရာကောင်းတယ်ဆိုတာ သင်လည်းသိလာမှာပါ။

၃။   မေတ္တာငတ်မွတ်နေတဲ့ လူတွေအတွက်အချိန်ပေးပါ။

မိဘမဲ့ဂေဟာတွေ၊ ဘိုးဘွားရိပ်သာတွေကို သွားလည်ပြီး ချစ်ခြင်းငတ်မွတ်နေတဲ့လူတွေနဲ့အတူ အချိန်တွေကုန်ဆုံးလိုက်ပါ။ ဆေးရုံက လူနာတွေကို နှင်းဆီပန်းဝေခြင်းဖြင့်လည်း ချစ်သူများနေ့ကို စိတ်ချမ်းသာစွာကုန်ဆုံးပါ။

၎။ ချစ်ခင်ရသူတွေအတွက်ချစ်ခြင်းတွေပုံဖော်ပါ။

ချစ်သူမရှိလို့ စိတ်ပျက်အားငယ်နေမယ့်အစား ကိုယ့်အနီးနားကလူတွေအတွက် ချစ်ခြင်းတွေကို ဝေမျှလိုက်ပါ။ ချစ်သူများနေ့ဆင်နွှဲနေသူတွေကို ငြူစူနေမယ့်အစား အကောင်းမြင်စိတ်မွေးပြီး ချစ်သူများနေ့ကို ကျော်ဖြတ်ပါ။

 ၅။ Relationship တစ်ခုအတွက် ကြိုတင်ပြင်ဆင်ပါ။

တစ်ကိုယ်တည်းသမားတွေဟာ မိမိအနီးအနားက ချစ်သူစုံတွဲတွေကို မြင်နေကြားနေရတဲ့အတွက် အမှားနည်းပြီး ပျော်ရွှင်စရာ Relationship တစ်ခုတည်ဆောက်ဖို့နည်းလမ်းတွေကို ပိုသိကြပါတယ်။ ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ ချစ်သူရဲ့အရည်အချင်းတွေကိုပုံဖော်ကြည့်ပြီး ချစ်သူများနေ့ကို ရင်ခုန်စွာကျော်ဖြတ်ပါ။

စာဖတ်ပရိသတ်ကြီးရော ကိုယ်က Single တစ်ယောက်ဆိုရင် ချစ်သူများနေ့မှာ ဘာတွေလုပ်မယ်စိတ်ကူးထားလည်း comment box မှာရေးပေးခဲ့ပါဦး။