အမျိုးသမီးများအတွက် အိမ်ထောင်ရေးအကြံပေး – အပိုင်း (၁)

blank

စာဖတ်ပရိသတ်ကြီးရေ… အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ အချစ်တွေလျော့မသွားဘဲ ပိုမိုသာယာလာပြီး အိမ်ထောင်ရေးလေးတည်တံ့နေစေဖို့ အိမ်ထောင်ရှင်မလေးပီပီ ကိုယ့်ဖက်က ကြိုးစားအားထုတ်ရမယ့်အရာ နှစ်ခုရှိပါတယ်။

ပထမတစ်ခုကတော့ အမြဲ တစ်ကိုယ်ရည်သန့်ရှင်းပြီး ကျန်းမာရေးကောင်းမွန်ရမယ်။

နောက်တစ်နည်းကတော့ အနေအထိုင်သပ်ရပ်ရမယ်။

ဒါလေးတွေက ဘာမှ မပြောပလောက်ဘူးလို့ ထင်ရပေမယ့် သင့်အဆင့်အတန်းကိုပါ ဖော်ပြနေပါတယ်။

ဒီတော့… ချစ်စခင်စတုန်းက သူနဲ့ ချိန်းတွေ့တဲ့အခါ သင်အမြဲတမ်း သပ်သပ်ရပ်ရပ်ရှိနေတတ်တာကို သတိရပါ။ သင့်အိမ်ထောင်ဖက်က သင့်ကို စတွေ့တုန်းကလိုပဲ ရင်ခုန်နေစေချင်သေးရင် သင်လည်းပဲ စတွေ့တုန်းကလို လှလှပပ သပ်သပ်ရပ်ရပ်နေပါ။ သင့်ရဲ့ သွင်ပြင်တွေနဲ့ သူ့ကို ဆွဲဆောင်လို့ ရသေးတယ်ဆိုတာ ပြသလိုက်ပြီး ချစ်သက်တမ်းကို ဆွဲဆန့်လိုက်ပါ။

စာဖတ်ပရိတ်သတ်ကြီးတို့ အိမ်ထောင်ရေး တည်မြဲစေရန် ရည်ရွယ်ရင်း ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။