ကိုယ့်ကို တန်ဖိုးမထားတဲ့သူတစ်ယောက်ရဲ့လက်ထဲ တစ်ဘဝလုံး မစတေးမိစေဖို့

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးတို့…

တစ်ခါတစ်လေ ကိုယ်ချစ်သလောက်၊ ကိုယ်မြတ်နိုးသလောက် ကိုယ့်အပေါ် မတုန့်ပြန်တဲ့သူမျိုးနဲ့ ကြုံတွေ့ဖူးကြမှာပါ။ ဒီလိုအခြေအနေမျိုး ကြုံလာခဲ့ရင် အတော်များများက ချစ်ပြီးမှတော့ မထူးတော့ပါဘူးဆိုပြီး ကြိတ်မှိတ်သည်းခံတတ်ကြပါတယ်။ ဒီလိုပြောနေတာက သင့်ရဲ့ တစ်ဖက်လူအပေါ်ထားတဲ့ စေတနာမေတ္တာတွေကိုတော့ လျှော့ချဖို့ တွန်းအားပေးနေတာ မဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါပေမယ့် သင့်ရဲ့ အကြင်နာမေတ္တာတွေကို တန်ဖိုးမထားတတ်တဲ့ သူအတွက်တော့ တစ်သက်လုံး သင့်ကိုယ်သင် စတေးဖို့ မသင့်တော်ပါဘူး။ သင်က သင့်ကို အရမ်းတန်ဖိုးထား ချစ်မြတ်နိုးတဲ့ သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး သင့်အပေါ် ထပ်တူထပ်မျှ လေးစားနိုင်တဲ့သူတစ်ယောက်နဲ့ပဲ လက်တွဲဖို့ စွန့်လွှတ်သင့်တဲ့သူကို စွန့်လွှတ်နိုင်အောင် ကြိုးစားလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ပေးဆပ်ခြင်းဆိုတာ လူတကာနဲ့ မထိုက်တန်လို့ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။