မိန်းကလေးတွေ ဖွင့်ဟမပြောဆိုပေမယ့် ချစ်သူဆီက လိုချင်တဲ့ အရာလေးတွေ

blank

၁။ မနက်မိုးလင်းတိုင်း၊ ညအိပ်ယာဝင်ခါနီးတိုင်း နှုတ်ဆက်တဲ့ မက်ဆေ့ဂ်ျ (message) လေးတွေ။

၂။ ချစ်သူနဲ့အတူရိုက်ထားတဲ့ စုံတွဲဓာတ်ပုံလေးတွေ။

၃။ အံ့သြဝမ်းသာစေတဲ့ surprise သေးသေးလေးတွေ။

၎။ ကြိုက်တတ်တာလေးတွေကို ဝယ်သွားပြီး ရုတ်တရက် ရောက်သွားတာမျိုးတွေ။

၅။ ချစ်သူရဲ့ ကိုယ်သင်းနံ့လေးတွေရှိနေတဲ့ အင်္ကျီလေးတွေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ချစ်သူရဲ့ အားကစားဝတ်စုံလေးတွေ။

၇။ ချစ်သူနဲ့ အတူ သီချင်းဆိုရတာ၊ ကရတာနဲ့ အတူတူရယ်မောတာလေးတွေ။

၈။ လှိုက်လှိုက်လှဲလှဲနဲ့ ချီးကျူးစကားပြောတာမျိုးလေးတွေ။

၉။ ဖခင်တစ်ယောက်လို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာပေးတာမျိုးလေးတွေ။

၁ဝ။ ချစ်သူကို လွမ်းတဲ့အခါ ဖက်ထားဖို့ မွှေးပွရုပ်လေးတွေ။

၁၁။ ဝမ်းနည်းတဲ့အခါ အားပေးစကားပြောပေးတာလေးတွေ။

၁၂။ အလှပြင်ထားတဲ့အခါ သတိထားမိပြီး လှကြောင်းပြောပေးတာလေးတွေ။

၁၃။ ပြဿနာတွေဖြစ်တဲ့အခါ ယောက်ျားကောင်းပီသစွာ မားမားမတ်မတ်နဲ့ ဖြေရှင်းပေးတာလေးတွေ။

၁၄။ နဖူးကို အနမ်းပေးတာလေးတွေ။

၁၅။ ကိုယ့်ကို သိပ်ချစ်ကြောင်း ပြောပြတာလေးတွေ။

သင်ကော… သင်ချစ်သူဆီက လိုချင်တဲ့အရာလေးတွေရှိလား။ Comment box မှာ မျှဝေပေးခဲ့ပါဦး။