သင့်ချစ်သူဟာ သင်လက်ထပ်သင့်တဲ့သူဖြစ်တယ်ဆိုတာကို သိသာစေမယ့် အချက်(၄) ချက်

blank
၁။ သင်တို့တွေဟာ အတွေးအမြင်၊ အယူအဆတွေကို ဖလှယ်ကြတယ်။

ချစ်သူနှစ်ဦးမှာ စိတ်သဘောထား တူညီဖို့က အရေးအကြီးဆုံးအချက်ပါ။ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုဟာ ရုပ်ပိုင်းဆိုင်ရာတွေထက် ပိုပြီး အရေးကြီးလှပါတယ်။ အရှင်းဆုံးပြောရရင်တော့ သင်တန်ဖိုးထားတဲ့ အရာတွေကို သူက နားလည်မပေးနိုင်ဘူး ဆိုရင် စောစောကတည်းက ဖြတ်တောက်ပစ်လိုက်ပြီး သင့်ကို နားလည်တန်ဖိုးထားတဲ့ လူကိုရှာဖွေတာက ပိုကောင်းပါတယ်။ သင့်အတွေးအမြင်တွေကို မကွယ်မဝှက် ဖလှယ်လို့ရနေပြီဆိုရင် သင့်ချစ်သူဟာ သင်လက်ထပ်ဖို့ သင့်တော်နေပါပြီ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ သင်တို့ အတူရှိနေတိုင်း ပျော်စရာတွေနဲ့ ပြည့်နေတယ်။

လူတိုင်းဟာ ချစ်စ ခင်စ မှာတော့ ပျော်ရွှင်ကြတာချည်းပါပဲ။ ဒါပေမယ့် ချစ်သူအဖြစ် ကာလ ရှည်ကြာစွာ တွဲနေတာတောင်မှ အပျော်မပျက် ဆက်တွဲဖြစ်ကြရင် ဒါမှမဟုတ် ကိုယ့်ပြောရွှင်မှုကို သူက တန်ဖိုးထားတယ်ဆိုရင်တော့ အဲဒီလိုလူမျိုးကို လက်ထပ်သင့်နေပါပြီ။

၃။ သူဟာ အတိုင်းထက်အလွန်ကို ရိုးသားပါတယ်။

အကယ်၍ သင့်ချစ်သူမှာ မရိုးသားတဲ့ အမူအရာတွေ တွေ့ရင် သတိသာထားပေတော့။ လိမ်ညာတတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့အကျင့်စာရိတ္တကို သူ့စကားတွေကနေတစ်ဆင့် သိနိုင်ပါတယ်။ မလုံမခြုံခံစားရတာ၊ ရိုးသားမှုမရှိတာ၊ စိတ်ဓာတ်ရေးရာ ညံ့ဖျင်းတာတွေကိုသာ ချစ်သူဘဝမှာ ကြုံတွေ့နေရရင် လက်ထပ်ပြီးရင် ပိုတောင်ဆိုးသွားနိုင်ပါတယ်။ သင့်ကို မဖုံးမကွယ်ဘဲ အားလုံး အမှန်အတိုင်းပြောပြတတ်တဲ့ ယောက်ျားမျိုးဆိုရင်တော့ လက်ထပ်ဖို့ သင့်တော်ပါပြီ။

၎။ သူက မျှမျှတတပဲ ငြင်းခုန်တယ်။

ရန်ဖြစ်တယ်ဆိုတာ relationship တိုင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် အငြင်းပွားမှုတွေရဲ့ အဆုံးမှာ စွန့်လွှတ် အနစ်နာခံမှု၊ ဖြန်ဖြေမှုတွေနဲ့ အိမ်ထောင်ရေး တည်မြဲဖို့ ကြိုးစားကြရမှာပါ။ ဒါကြောင့် မျှတတဲ့ စိတ်သဘောထား ပိုင်ရှင်မျိုးဖြစ်ပြီး နှစ်ဖက်စလုံးကို အဆင်ပြေပြေ ထိန်းညှိတတ်တဲ့ လူမျိုးဖြစ်ဖို့လိုအပ်ပါတယ်။ ရင့်ကျက်တဲ့ ဆွေးနွေးမှုတွေနဲ့ သင့်ကို ထိခိုက်အောင်မပြောဘဲ ချစ်စရာကောင်းအောင် ငြင်းခုန်တတ်သူဆိုရင်တော့ သူ့ကိုရွေးချယ်လိုက်ဖို့ အသင့်တော်ဆုံးပါပဲ။

ကဲ စာဖတ်ပရိသတ်ကြီးရေ… သင်ရွေးချယ်ထားတဲ့ ချစ်သူဟာ ဘယ်လိုလူမျိုးဖြစ်လဲ။ သူ့ရဲ့ ဘယ်လိုအရည်အသွေးတွေကြောင့် သူ့ကို လက်ထပ်ဖို့ ရွေးချယ်ထားတယ် ဆိုတာကို comment box မှာ ပြောခဲ့ပါဦးနော်။