သာယာပျော်ရွှင်စရာ အိမ်ထောင်ရေး ပိုင်ဆိုင်ချင်သူတို့ အတွက်…

blank

သာယာပျော်ရွှင်တဲ့ relationship တစ်ခုဖြစ်လာဖို့ လမ်းညွှန်ထားတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ သင်လည်း ပျော်ရွှင်တဲ့ relationship တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဝေးဝေး သွားအောက်ဖက်မှာပေးထားတဲ့ အချက်လေးတွေ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

၁။ လက်တွဲဖော်ရဲ့ ကောင်းကွက်လေးတွေကို ရှာပြီး တန်ဖိုးထားပါ။

၂။ နှစ်ယောက်လုံးအတွက် ပျော်ရွှင်စေမယ့် အရာတွေကို နေ့စဉ်လုပ်ဆောင်ပါ။

၃။ အားနည်းချက်တွေကို နားလည်ခွင့်လွှတ်ပေးပါ။

၎။ ကောင်းမွန်တဲ့ အိမ်ထောင်ဖက်တစ်ယောက် ကိုပဲ လိုက်ရှာဖို့ ကြိုးစားနေမယ့်အစား ကိုယ့် ကိုယ်တိုင်က ကောင်းမွန်တဲ့ အိမ်ထောင်ဖက်တစ်ယောက်ဖြစ်လာအောင် ကြိုးစားပါ။

၅။ အိမ်ထောင်ရေးကို တန်ဖိုးထားတတ်ပါ။

၆။ အိမ်ထောင်ဖက်အပေါ် ဘယ်လောက်ထိ ချစ်မြတ်နိုးကြောင်း ဖော်ပြဖို့ မမေ့ပါနဲ့။

၇။ ကောင်းကွက်လေးတွေ မြင်အောင်ကြည့်ရင်း ရေရှည် သာယာတဲ့ အိမ်ထောင်တစ်ခု ပြုစုပျိုးထောင်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားပါ။

၉။ အတိတ်က အမှားတွေက နေ သင်ခန်းစာ ယူပြီး အနာဂတ်အိမ်မက်လေးတွေ တကယ်ဖြစ်လာအောင် ဖန်တီးလိုက်ပါ။

၁ဝ။ relationship တိုးတက်အောင် ပြုစုပျိုးထောင်ဖို့ အသစ်အဆန်းတွေ အမြဲ လေ့လာနေပါ။

၁၁။ လက်ရှိအချိန်တွေကို အကောင်းဆုံး ဖြတ်သန်းပါ။ ဘာမှအရေးမပါတဲ့ ကိစ္စတွေအပေါ် မှာ စိတ်အနှောင့်အယှက် ဖြစ်နေမယ့်အစား ကိုယ့်ချစ်ခြင်းတွေ ခိုင်မာလာစေဖို့ အာရုံစိုက်လုပ်ဆောင်လိုက်ပါ။

၁၂။ နွေးထွေးကြင်နာတတ်ပါ။

၁၃။ ကိုယ့်အပြုအမူတွေကတစ်ဆင့် ကိုယ့်ချစ်ခြင်းတွေကို ဖော်ပြနေပါ။

၁၄။ ကိုယ့်လက်တွဲဖော်ကို တတ်နိုင်သလောက် အချိန်ပေးပါ။

၁၅။ အသေးအဖွဲ ကိစ္စလေးတွေကို အလေးအနက်ထားတတ်ပါ။ “ဘာမှမဟုတ်တဲ့ အရာလေးတွေက ငါ့တို့ကို ဆုံစည်းစေခဲ့သလို အဲဒီ ဘာမဟုတ်တဲ့ အရာလေးတွေကြောင့်ပဲ ငါမင်းကို တစ်သက်လုံး ချစ်လာစေခဲ့တာ”လို့ ဆိုနီယာ ရှက်ဒ် (Sonia Schaad) က ပြောခဲ့ပါတယ်။

၁၆။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ပါရမီ ဖြည့်ပေးပါ။

၁၇။ အဆင်မပြေတာလေးတွေ ရှိလာရင် တတ်နိုင်သမျှ အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပါ။

၁၈။ အတွေးအခေါ် လွတ်လပ်နေပါစေ။

၁၉။ စိတ်ရောကိုယ်ပါ နှစ်မြှပ်ပြီး ကိုယ့်အိမ်ထောင်ရေးကို တည်ထောင်ပါ။

အထက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေက လက်တွေ့ဘဝမှာ တကယ့်ကို အသုံးဝင်မယ်လို့ ယူဆပြီး တင်ပြလိုက်ရတာဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးရဲ့ relationshipလေးတွေ ယခင်ကထက် သာယာပျော်ရွှင်လာစေဖို့ ဆန္ဒပြုရင်း ဂန္ထဝင်မှ တင်ဆက်လိုက်သည်။

သင့်သူငယ်ချင်းတွေအတွက်လည်း မျှဝေပေးဖို့ မမေ့နဲ့အုံးနော်။