သူများ စုံတွဲတွေကို အားကျပြီး ကိုယ့် relationship ကို အားမလို အားမရ ဖြစ်နေပါသလား။ – အပိုင်း – (၂)

blank

ကျွန်မတို့တွေ ဒီအကြောင်းနဲ့ ပတ်သတ်လို့ အချက် (၆) ချက်ကို ဆွေးနွေးခဲ့ကြ ပြီးပါပြီ။ အခုတစ်ပတ်မှာတော့ ကျန်ရှိနေတဲ့ အချက် ၈ ချက်ကို ပရိတ်သတ်ကြီး သိနိုင်ဖို့ ဂန္တဝင်မဂ္ဂဇင်းမှ တင်ဆက်ပေးလိုက်ပါတယ်။

၁။ အရာရာကို အထအန ကောက်တာတွေကို ရပ်ရမှာပါ။

သူများစုံတွဲတွေ ချစ်စကား၊ ကြိုက်စကားတွေ ရေပက်မဝင် ပြောနေတာကို မြင်ပြီး ကိုယ့်ချစ်သူ ကိုယ့်ကို သိပ်စကားမပြောတာကို သူငါ့ကိုသိပ်မချစ်ဘူးလို့ မထင်လိုက်ပါနဲ့။ သင်တို့ relationship ပိုပြီး သာယာလာစေချင်ရင် အရာရာကို လိုက်ပြီး အထအန ကောက်မနေဘဲ လက်ရှိ အခြေအနေကိုပဲ ပိုပြီး ကောင်းအောင် လုပ်ဆောင်လိုက်ဖို့ပဲ လိုအပ်တာပါ။

၂။ သင်တို့ရဲ့ လက်ရှိ relationship ကို သင် တန်ဖိုး မထားမိတာပါ။

သင့်ရဲ့ relationship က ဘယ်လို အခြေအနေမျိုးရောက်နေလဲ ဆိုတာတောင် မခန့်မှန်းနိုင်တော့တဲ့ အချိန်မျိုးလည်း သင့်မှာ ရှိလာနိုင်ပါသေးတယ်။ သင်က လုံးဝကို လက်လျှော့လိုက်ချင်တဲ့ အချိန်မျိုး ဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါပေမယ့် သူများချစ်သူတွေနဲ့ ယှဉ်ပြီး ကိုယ့်အခြေအနေကို အလိုမကျ ဖြစ်နေတာတွေ ရပ်လိုက်ပါ။ သင်သိထားရမယ့် တစ်ခုတည်းသောအရာက သင့် relationship က သင့်အပေါ်မှာပဲ မူတည်နေတယ် ဆိုတာပါပဲ။

၃။ သင်ဟာ ယှဉ်ပြိုင်မိနေတာပါ။

တစ်ခြား relationship တွေက ကောင်းလိုက်တာ ဆိုပြီး မတွေးပါနဲ့။ သူတို့လို ဖြစ်ချင်တာ ဒါမှမဟုတ် သူတို့ထက် ပိုကောင်းချင်တာတွေက သင်တို့ရဲ့ relationship မှာ အနှောင့်အယှက် ဖြစ်စေမှာပါ။ သင့်အချိန် အားလုံးလိုလိုက သင်အားကျရတဲ့ စုံတွဲဆီမှာ အာရုံစိုက်မိနေရင်းပဲ ကုန်ဆုံးနေတာမျိုး ဖြစ်တတ်ပါတယ်။ သင်ကိုယ်တိုင်အတွက် ကောင်းတာတွေ အများကြီး လုပ်လို့ရမယ့် အချိန်တွေကို ဖြုန်းတီးမိသလို ဖြစ်နေတော့တာပေါ့။ ဒီတော့ သင့် relationship အတွက် အရေးပါတာတွေကိုပဲ အာရုံစိုက်ပါ။

၎။ သင် အနာဂါတ်ကို ကြိုမမြင်နိုင်ပါဘူး။

သင်တို့က အရမ်းချစ်ပြီး စခဲ့ကြတာ မဟုတ်တာနဲ့ပဲ သင်တို့ရဲ့ relationship က ရေရှည် မတည်တံ့နိုင်ဘူး ဆိုပြီး တွေးလို့မရပါဘူး။ ပြီးတော့ ဒါက နောင်တစ်ချိန်မှာ သင့်ကို ပျော်ရွှင်စေမယ့် အခွင့်အရေးတွေကို မှေးမှိန်စေမယ့် အရာလို့လည်း တွက်ဆမထားပါနဲ့။ တစ်ချို့ဆို အစပိုင်းမှာ မျက်စိဆံပင်မွှေး စူးလောက်အောင်ကို အချစ်ပို ပြနေ တတ်ပေမယ့် ခဏဆိုရုံနဲ့ လမ်းခွဲလိုက်ကြရတာမျိုးလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲ အစမှာ မဖြောင့်ဖြူးခဲ့ဘူး ဆိုပါစေ အနာဂါတ်အတွက် ပိုကောင်းလာဖို့ မျှော်လင့်လို့ ရပါသေးတယ်။ အရေးကြီးတာက လက်ရှိအချိန်တွေမှာ ကိုယ့် relationship ကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ဖို့ပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ တစ်ခြားသူတွေနဲ့ ဘဝချင်းတော့ လဲလို့ မရဘူး ဆိုတာ သိထားရမှာပါ။

သင်က သင့်သူငယ်ချင်း တစ်ချို့ရဲ့ ဘဝတွေလို လွယ်ကူချောမွေ့တဲ့ ဘဝမျိုး ရချင်နေတာပါ။ သူတို့တွေက လိုတိုင်းတ ရနေကြတယ်။ သူတို့ ဘာလုပ်လုပ် လွယ်ကူ နေတတ်ကြတယ်။ ဒါပေမယ့် ဒါတွေက ဟုတ်ရဲ့လား။ သူတို့ မပြောဖူးတဲ့ သူတို့ မိသားစုအရေးတွေကရော ဘာတွေ ဖြစ်နေမလဲ။ သူတို့ရဲ့ relationship က အဆင်ပြေလိုက်၊ ကွဲလိုက် ဖြစ်နေလား ဆိုတာတွေရော။ သင်က သူတို့ ဘဝတွေမှာ တကယ် နေကြည့်ချင်တာလား။ မဟုတ်လောက်ပါဘူး။ လူအားလုံးကတော့ တစ်ခြားသူတွေ ရနေတဲ့ ကောင်းခြင်းတွေ ရချင်ကြတာပါပဲ။ ဘယ်သူမှတော့ အဆိုးတွေ မလိုချင်ကြပါဘူး။ ဝမ်းနည်းစရာ ကောင်းတာက ဘယ်သူ့ ဘဝမှာမှ ကောင်းခြင်း တွေချည်း ပြည့်မနေပါဘူး။ အရေးကြီးတာက ရတဲ့ အရာ၊ ရောက်နေတဲ့ နေရာကိုပဲ အကောင်းဆုံး နေထိုင်ရပ်တည်ကြဖို့ပါပဲ။

၆။ အခြား relationship တွေရဲ့ အရေးကိစ္စတွေက သင်နဲ့ မဆိုင်ပါဘူး။

လူတွေရဲ့ သဘာဝက စူးစမ်း တတ်ကြပါတယ်။ ဒါပေမယ့် စူးစမ်းတာကနေ သင့်မှာ စိတ်စွဲလမ်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့ကြည့်ပြီး ကိုယ့် relationship ကိုယ် အားမလိုအားမရ ဖြစ်နေမယ်ဆို ဘာမှ အကျိုးမထူးပါဘူး။ အခြားစုံတွဲတွေ သာယာနေလား၊ ပျော်ရွှင်နေလား ဆိုတာတွေက သင်နဲ့ မဆိုင်ပါဘူး။ ဒါက ကိုယ့်ဒုက္ခကိုယ် ရှာနေသလိုပါပဲ။အဓိကကတော့ ကိုယ့် ချစ်သူနဲ့ ကိုယ် အဆင်ပြေပြေ ရှေ့ဆက်သွားနိုင်ဖို့ပါပဲ။

၇။ အခြားသူတွေရဲ့ relationship က သင်နဲ့ ထပ်တူကျဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

လူတွေ မတူညီမှတော့ relationship တွေလည်း ဘယ်လို တူညီနိုင်ပါ့မလဲ။ စိတ်ဆိုတာလည်း တစ်ဦးနဲ့ တစ်ဦး မတူညီနိုင်ဘူးလေ။ ပြီးတော့ လူတွေရဲ့ ဆက်ဆံရေးတွေအတွက် စံသတ်မှတ်ထားတာတွေလည်း မရှိပါဘူး။ သင်ပထမဆုံး လုပ်သင့်တာက သင့်ကိုယ်သင် လေ့လာဖို့ပါ။ ပြီးမှ သင့်လက်တွဲဖော်ကို လေ့လာပါ။ လေ့လာပြီးပြီဆိုမှ သင်တို့ relationship အတွက် ဘယ်ဟာက အထောက်အကူပြုမလဲ ဆိုတာ စဉ်းစားပါ။ အခြားစုံတွဲတွေလို အတုယူပြီး သူတို့ အဆင်ပြေသလို သင်လည်း အဆင်ပြေမှာပဲလို့ မမျှော်လင့်သင့်ပါဘူး။ သင်တစ်ကယ် အဆင်ပြေချင်ရင် သူများတွေလို လိုက်လုပ်မနေဘဲ သင်တို့နဲ့ အဆင်ပြေစေမယ့် နည်းလမ်းကိုပဲ ရှာဖွေရမှာပါ။

ဒီလောက်ဆိုရင်တော့ လုံလောက်ပြီ ထင်ပါတယ်။ နှိုင်းယှဉ်နေတာတွေ ရပ်လိုက်ပါတော့။ ဒီလို နှိုင်းယှဉ်နေရုံနဲ့ ဘယ်တော့မှ ပြောင်းလဲလာနိုင်မှာ မဟုတ်လို့ပါ။ တစ်ကယ်တော့ သင်က တစ်ကယ်ဖြစ်မလာမယ့် အရာတွေမှာ အစိုးရိမ်လွန်မိနေတာပါ။ အခုကစပြီး ပြဿနာတွေ ပိုပြီး ရှာဖွေနေမှာထက် ပိုကောင်းလာတဲ့ relationship တစ်ခု ဖြစ်လာအောင်ပဲ တည်ဆောက်လိုက်ဖို့ ဂန္တဝင်မဂ္ဂဇင်းမှ အကြံပြုလိုက်ပါရစေ။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။