နှလုံးသားကို ပုံပေးထိုက်တဲ့ ယောကျ်ားကောင်းဆိုတာ…

blank

၁။ လေးစားမှုဆိုတာ relationship တစ်ခုကို ခိုင်မာစေတဲ့ အရေးအကြီးဆုံးအရာဆိုတာကို ယုံကြည်တဲ့အတွက် လက်တွဲဖော်ကို လေးစားတန်ဖိုးထားပြီး ထိုက်တန်တဲ့ လေးစားမှု၊တန်ဖိုးထားမှုတွေ ပေးဖို့အတွက်လည်း အသင့်ရှိနေတတ်ပါတယ်။

၂။ ယောက်ျားကောင်းတွေက သူတို့အနားက လက်တွဲဖော်ကလွဲရင် ကျန်တဲ့ မိန်းကလေးတွေကို ဖွဲနဲ့ဆန်ကွဲလို့ သတ်မှတ်ထားတတ် ကြသူတွေပါ။ ဘဝရဲ့ ဆူကြုံနိမ့်မြင့် မှန်သမျှမှာ သူတို့အနားမှာ ရှိနေတတ်တဲ့၊ သူတို့ကို အားပေးကူညီတတ်တဲ့ မိန်းကလေး တစ်ယောက်တည်းကိုပဲ တန်ဖိုးထား ချစ်ခင် တတ်ကြပါတယ်။

၃။ ယောကျ်ားကောင်းတွေကတော့ ဘဝကို လိမ်ညာမှုတွေနဲ့ ဖြတ်သန်းဖို့ မစဉ်းစားကြပါဘူး။ သူတို့ဟာ သူတို့ လက်တွဲဖော်ကို လိမ်ညာဖို့ နေနေသာသာ သူတို့ အကြောင်း ‘ကကြီး ‘ ကနေ ‘ အ’ အထိ အကုန်ပြောပြထားတတ်ပါတယ်။

၄။ ယောကျ်ားကောင်းတွေမှာ သူတို့ကိုယ် သူတို့ ထိန်းချုပ်ကြပါတယ်။ အချစ်ဆိုတာ တပ်မက်ခြင်းထက် အများကြီး ပို အဓိပ္ပါယ်ရှိတယ်ဆိုတာ သိထားတာမို့ သူတို့ စိတ်ဆန္ဒသာယာဖို့ တစ်ခုတည်းကိုပဲ မစဉ်းစားတတ်ကြပါဘူး။

၅။ ယောကျ်ားကောင်းတွေဟာ သူတို့ရဲ့ လက်တွဲဖော်ကို နာကျင်အောင် မလုပ်တတ်ကြပါဘူး။ အခြားသူတွေရဲ့ ကုန်းစကားတွေကြောင့်လည်း သူတို့ လက်တွဲဖော်ကို နာကျင်မှုတွေ မပေးတတ်ကြပါဘူး။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ မိန်းမ (၂)ယောက်ကို တစ်ပြိုင်ထဲ တွဲတာမျိုး၊ ပလီပလာ ပြောတာမျိုး ယောင်္ကျားကောင်းတွေ မလုပ်ကြပါဘူး။ သူတို့ကို ချစ်တဲ့ မိန်းမတစ်ယောက်နဲ့ပဲ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါတယ်။

၇။ တစ်ချို့ယောက်ျားတွေဟာ သူတို့ရဲ့ လက်ရှိချစ်သူကို ငြီးငွေ့လာပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဖောက်ပြန်တတ်ကြပါတယ်။ ယောကျ်ားကောင်းတွေကတော့ သစ္စာတရား စောင့်သိပြီး အချစ်ခရီးကို အမြဲတမ်းစိတ်လှုပ်ရှားနေအောင် ဖန်တီးတတ်ကြပါတယ်။

သင်ကော…သင့်နှလုံးသားကို ပုံအောပေးထိုက်တဲ့ ယောကျ်ားကောင်းတစ်ယောက်နဲ့ တွေ့နေပြီလား။