မိဘတွေဆီက အတုမြင် အတတ်သင်ခဲ့တဲ့ အိမ်ထောင်ရေး သာယာစေတဲ့ နည်းလေးများ

blank

ကလေးတွေဟာ အများအားဖြင့် သူတို့မိဘတွေကို ကြည့်ပြီး အတုမြင် အတတ်သင် လုပ်လေ့ရှိကြပါတယ်။ ကလေးတွေ အတုယူတဲ့ အရာတွေထဲက အရေးကြီးတဲ့ တစ်ခုကတော့ မိဘတွေရဲ့ တစ်ဦးအပေါ် တစ်ဦး ပြုမူဆက်ဆံမှုပါပဲ။ ကျွန်မက အရမ်းကို ကံကောင်းခြင်းများစွာနဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတာပါ။ မိဘနှစ်ဦးကြား တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မှု ဆိုတာကို အမြဲ မြင်နေခဲ့ရတယ်။ ပြီးတော့ relationship တစ်ခုဆိုတာ ဘယ်လိုဖြစ်သင့်တယ် ဆိုတာတွေလည်း သင်ယူခဲ့ရပါတယ်။ ဒါကြောင့်လည်း အခု ကျွန်မရဲ့ relationship လေးက သာယာနေပြီး ကံကောင်းခြင်းတွေ စံစားနေရတော့တာပေါ့။ မိဘတွေဆီကနေ သင်ယူလို့ရတဲ့ အိမ်ထောင်ရေး သာယာစေတဲ့ နည်းလမ်းလေးတွေကို ဂန္ထဝင် စာဖတ်ပရိသတ်တို့အတွက်လည်း မျှဝေလိုက်ပါတယ်။

၁။ တစ်ဦးရဲ့ အားနည်းချက်လေးတွေကို တစ်ဦးက နားလည်ပြီး ချစ်ခင်ပေးနိုင်ဖို့ သင်ယူပါ။

၂။ ဘာလုပ်လုပ် ကိုယ့်ဖက်ကနေ ကြည်ဖြူပေးရမယ် လို့တော့မဟုတ်ပါဘူး။

၃။ တစ်ဦးနဲ့ တစ်ဦး အလုပ်ကိစ္စတွေ၊ အခန်းကဏ္ဍတွေမှာ အရေးပေးမှု ညီမျှပါစေ။

၎။ တစ်ဦးအပေါ် တစ်ဦး အလျှော့ပေးရပါမယ်။ တစ်ခါတစ်လေမှာ တစ်ဦးကို တစ်ဦး အချိန်ပေးဖို့ မဖြစ်နိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။ အဲ့ဒီအခါ သူတစ်ခါ ကိုယ်တစ်လှည့် အလျှော့ပေးလိုက်ရင် အဆင်ပြေအောင် ညှိနှိုင်းနေထိုင်တတ်ဖို့ လိုအပ်ပါတယ်။

၅။ နှစ်ဖက်မိဘတွေကို ရိုသေလေးစားဖို့ကလည်း အရေးကြီးပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ တစ်ဦးအတွက် တစ်ဦး လုပ်ပေးတာလေးတွေကို အသေးအဖွဲလေးတွေ ဆိုရင်တောင် တန်ဖိုးထားပါ။

၇။ အမျိုးသားက အမျိုးသမီးအပေါ် ကြင်နာယုယပေးရပါမယ်။ ကားတံခါး ဖွင့်ပေးတာမျိုး၊ စားသောက်ဆိုင်မှာ ခုံဆွဲပေးတာမျိုး၊ သူမ အေးနေရင် မိမိ အပေါ်ဝတ်ကို သူမကို ဝတ်ပေးတာမျိုး စသဖြင့် ကြင်နာမှုလေးတွေ ရှိသင့်ပါတယ်။

၈။ အမျိုးသမီးကလည်း မိမိ အမျိုးသားကို ဂရုတစိုက်ရှိရပါမယ်။ ညစာချက်ကျွေးတာမျိုး၊ ယောကျာ်းအဝတ်တွေကို ခေါက်ပေးတာမျိုး စသဖြင့် သူ့အတွက် လုပ်ပေးနိုင်တဲ့ ဘက်ကနေ ပါရမီ ဖြည့်ပေးသင့်ပါတယ်။

၉။ နှစ်ဦးသားကြား ပွင့်ပွင့်လင်းလင်း ရှိဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။

၁ဝ။ လင်နဲ့ မယား၊ လျှာနဲ့ သွား ဆိုသလို ရန်ဖြစ်တာတွေ၊ စကားများတွေက လင်မယားကြားမှာ မထူးဆန်းတာကိုလည်း သတိရပါ။ အရမ်းကြီး ခံစားပြီး စိတ်ပျက်စရာ မလိုပါဘူး။

အသိတစ်ခုခု ရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။