relationship အခြေအနေတွေက ဖော်ဆောင်နေတဲ့ သင့်ကျန်းမာရေး

blank

ဘဝမှာလက်တွဲဖော်မရှိဘဲ တစ်ယောက်တည်း ရပ်တည်နေရလို့ အားငယ်မနေပါနဲ့။ မိမိ လက်တွဲဖော်နဲ့ အဆင်မပြေလို့ အိမ်ထောင်ကွာရှင်းလိုက်ရလို့ ဆိုပြီးတော့လည်း စိတ်ပျက်မနေပါနဲ့။ သင်တို့မှာလည်း အခြားသူတွေနဲ့ မတူတဲ့ စိတ်ပိုင်းရော ရုပ်ပိုင်းပါ အကျိုးရှိစေတဲ့ ရလာဒ်တွေအများကြီး ပိုင်ဆိုထားပါတယ်။ ဒီလိုဆိုတော့ သာယာတဲ့ relationship ပိုင်ဆိုင်ထားတဲ့သူတွေကို လျစ်လျူရှုသလို ဖြစ်သွားနိုင်ပါတယ်။ ဒီလို သာယာတဲ့ relationship ပိုင်ဆိုင်ထားတဲ့ သူတွေမှာကျ အထက်က ဖော်ပြထားတဲ့ တစ်ယောက်တည်း သမားတွေမပိုင်ဆိုင်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

အောက်ဖက်မှာတော့ relationship အခြေအနေအသီးသီးမှာ ရရှိနိုင်တဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

၁။ တစ်ယောက်တည်း သမားတွေ
  •  relationship မရှိဘဲ တစ်ယောက်တည်း ရပ်တည်တဲ့သူတွေရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ ဘယ်သူနဲ့မှ ညှိနှိုင်းစရာမလိုဘဲ ကိုယ့်စိတ်ကြိုက် ဘဝကို ရပ်တည်လို့ရမယ်။ ညဘက်တွေမှာ သည်းမခံနိုင်လောက်တဲ့ ဟောက်သံတွေနဲ့ ပူညံပူညံ လုပ်တဲ့ အသံ တွေအတွက်လည်း စိတ်ညစ်စရာ မလိုတော့ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်တာပေါ့။ J
  • ဒါ့အပြင် သူတို့မှာ မိသားစု၊ မောင်နှမသားချင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတူနေဖို့ အချိန်ပိုတွေ ရှိလာပါလိမ့်မယ်။ ဒါဟာ relationship ရှိတဲ့သူတွေ မရနိုင်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ ဒီတော့ ပိုပျော်ပျော်ရွှင်ရွှင်နေနိုင်တာပေါ့။ ပျော်ရွှင်တော့ ကျန်းမာရေးကလည်း ပိုသာယာတယ် မဟုတ်ဘူးလား။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၂။ relationship ရှိတဲ့ သူတွေနဲ့ အိမ်ထောင်ရှိတဲ့သူတွေ

ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

  • တစ်ယောက်ကိုတစ်ယောက် ကြင်နာစွာ နမ်းရှိုက်နေကြတဲ့ အချိန်လေးတွေက ခန္ဓာကိုယ်မှာ ရှိတဲ့ ကယ်လိုရီ (၇ဝ) လောက်ကို အလွယ်တကူ လောင်ကျွမ်းစေနိုင်ပါတယ်။ ပညာရှင်တွေရဲ့ သုတေသနတွေအရ မိန်းမနဲ့ ယောက်ျား တစ်နာရီကြာ လိင်ဆက်ဆံခြင်းက ယောက်ျားခန္ဓာကိုယ်မှာ ရှိတဲ့ ကယ်လိုရီ (၁၂ဝ) ခန့် လောင်ကျွမ်းစေနိုင်ပြီး မိန်းမခန္ဓာကိုယ်က ကယ်လိုရီကိုတော့ (၉ဝ) ခန့် လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။
  • နောက်ထပ် လေ့လာတွေ့ရှိချက်တွေအရ တစ်ယောက်ကိုတစ်ယောက် ရင်ချင်းအပ်ပြီး ရင်းရင်းနီးနီးနေထိုင်ကြတဲ့ ခံစားမှုတွေက နာကျင်မှုဝေဒနာတွေကို သက်သာစေပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ ဒီလိုရင်းရင်းနီးနီး နေထိုင်ကြတဲ့ သူတွေဟာ သာမန်လူတွေနဲ့ ယှဉ်ရင် သွေးပေါင်ချိန်တွေ ပုံမှန်ဖြစ်နေတတ်ပြီး၊ ဖျားတာနာတာတွေလည်း ဖြစ်ခဲပါတယ်။ အခြားရောဂါတွေ အလွယ်တကူ မဝင်နိုင်စေဖို့လည်း ကိုယ်ခံအားကောင်းမွန်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ယောက်ျားနဲ့ မိန်းမ ပုံမှန်လိင်ဆက်ဆံခြင်းက ဆီးလမ်းကြောင်းမှာ ရှိတဲ့ ကင်ဆာ ဖြစ်ပွားမှုအန္တရာယ် ကနေ ကာကွယ်ပေးပြီးသားဖြစ်ပါတယ် လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် အိမ်ထောာင်သည်တွေဟာ တစ်ကိုယ်တည်း သမားတွေထက် အသက်ပိုရှည်ကြပါတယ်လို့ သုတေသနပညာရှင်တွေရဲ့ အဆိုအရ လေ့လာသိရှိရပါတယ်။

၃။ ချစ်သူနဲ့ ကွဲကွာနေတဲ့သူတွေ၊ မိမိအိမ်ထောင်ဖက်နဲ့ ကွဲရှင်းလိုက်ကြတဲ့သူတွေ
  • ဒီလို ဆိုးရွားတဲ့ ဘဝအတွေ့အကြုံတွေကို ခံစားရပြီးတဲ့နောက်မှာတော့ ဒီလို အိမ်ထောင်ကွဲတွေဟာ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာပျော်ရွှင်စေမယ့် နည်းလမ်းလေးတွေကို ရှာဖွေတတ်လာပါတော့တယ်။ ဒီလိုအသည်းတွေ ကြေမွအောင် ခံစားထားရတာကြောင့် သူတို့ဟာ အရာရာ အကောင်းမြင်စိတ်လေးတွေနဲ့ လောကကြီးကို အလှဆင်ချင်လာပါတော့တယ်။ ဘဝကြီးက ပိုနေပျော်လာတော့တယ် မဟုတ်ဘူးလား။
  • ကိုယ်နဲ့ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ relationship တစ်ခုကို စွန့်လွှတ်လိုက်တာကြောင့် စိတ်တွေလွတ်လပ်ပေါ့ပါးပြီး စိတ်ပျိုတဲ့အတွက် ကိုယ်ပါနုလာပါတော့တယ်။ ဒါကြောင့် စိတ်ကျရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုတွေရဲ့ အန္တရာယ်ကနေလည်း ရှောင်ရှားပြီးသား ဖြစ်သွားပါလိမ့်မယ်။
၎။ လိင်တူ ချစ်ကြိုက်ကြတဲ့ သူတွေ
  • တစ်ကယ်တော့ ဒီလို relationship သမားတွေမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ ချစ်သူတွေ၊ အိမ်ထောင်သည်တွေမှာ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ခံစားရနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက… ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အတိုင်း လိင်တူဆိုတာနဲ့ နှာခေါင်းရှုံ့ချင်ကြတဲ့သူတွေကြောင့် ဒီလို relationship ထဲမှာ ရှိနေတဲ့သူတွေဟာ စိတ်ကျရောဂါတွေ၊ လူတောမတိုးရဲတော့တာတွေ ဖြစ်လာတတ်တာပါ။
၅။ တစ်မြေစီ ဝေးကွာနေတဲ့ ချစ်သူ တွေ
  • တစ်ခါတစ်လေ ဝေးနေရတာက တစ်ယောက်ကိုတစ်ယောက် ပိုခင်တွယ်စေဖို့ အကြောင်းတရားတွေပါပဲ။ ဝေးနေတဲ့အချိန်တွေဆို အရင်က သူနဲ့ကိုယ်ကြားမှာ ရှိတဲ့ ပဋိပက္ခလေးတွေကိုတောင် ပြန်တွေးပြီး ပြုံးနေတတ်ပါတယ်။ ဒီလိုဝေးနေရတဲ့ အခါ တစ်ယောက်ကို တစ်ယောက် ပိုနားလည်လာပြီး သူဟာ ကိုယ့်ဘဝအတွက် ဘယ်လောက်ထိ အရေးပါလဲ ဆိုတာ ပိုသိလာပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။