ချစ်သူနှစ်ဦးကြား အမုန်းမပွားပဲ အပြုံးများဝေဆာစေဖို့

blank

Relationship တစ်ခု သာယာပျော်ရွှင်စေဖို့ အဓိက သော့ချက်က ဘာတွေများ ပါလိမ့်။ ရယ်မောပျော်ရွှင်ခြင်းတွေလား။ ငွေကြေးတောင့်တင်းမှုလား။ ခင်မင်ရင်းနှီးမှုတွေလား။ တစ်ဦးနဲ့ တစ်ဦးကြား ပွင့်လင်းမှုတွေလား။

ဒါတွေအားလုံးက အရေးကြီး သလိုပါပဲ။ ဒါပေမယ့် သင့် relationship ကို တည်တံ့ပြီး ခိုင်မာစေချင်ရင်တော့ ကြင်နာတတ်ဖို့ လေ့ကျင့်ထားရမှာ ဖြစ်ပြီး ကြင်နာမှုရှိပေးဖို့က အဓိကကျပါတယ်။

ကြင်နာမှုဆိုတဲ့ အတိုင်း သင့်ချစ်သူအပေါ် ရင်းရင်းနှီးနှီး ဆက်ဆံရမယ်၊ သဘောထား ကြီးရမယ်၊ ပြီးတော့ သနားညှာတာ ရမယ်။ ကြင်နာမှုတွေ လွှမ်းခြုံထားတဲ့ relationship တစ်ခုမှာ ချစ်စိတ်တွေတိုးပြီး ပိုမိုခိုင်မာ လာစေတယ်။ ပြီးတော့ အရေးကြီးတာက ဒီလို ကြင်နာမှုဆိုတာ တစ်လုံးတစ်ခဲတည်း အားသွန်ခွန်စိုက် လုပ်ပြနေဖို့ မလိုဘူး ဆိုတာပါပဲ။ ကြင်နာမှု ဆိုတာ အနုစိတ်ဆန်ပါတယ်။ နေ့စဉ် အသေးအဖွဲလေးတွေ ကနေစပြီး လေ့ကျင့်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ သင့်ရဲ့ relationship က လှည့်ကြည့်စရာ မလိုအောင် ဖြောင့်ဖြူးသွားပါပြီ။

တစ်ကယ်လို့ သင့်ကိုယ်သင် သတိပေးဖို့လိုသေးတယ် ဆိုရင် အောက်မှာ ပြောထားတာတွေက သာယာတဲ့ relationship တစ်ခု တည်ဆောက်တဲ့ နေရာမှာ အသုံးဝင်တဲ့ အကြင်နာတရားလေးတွေကို လေ့ကျင့်ယူနိုင်ဖို့ အသွယ် ၂ဝ သော နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

၁။ သင့်ချစ်သူကို အကျိုးယုတ်စေမယ့် အရာမျိုး မလုပ်မိပါစေနဲ့။

၂။ သင့်ချစ်သူ နှစ်သက်တဲ့ ပန်းလေးတွေ၊ ချိုချဉ်လေးတွေ သတိတရ ပေးပါ။

၃။ သင့်ချစ်သူရဲ့ လောကအမြင်တွေကို တလေးတစား ရှိပေးပါ။

၎။ အတတ်နိုင်ဆုံး အတူတူ ရယ်မောပျော်ရွှင်ပါ။

၅။ သင့်ချစ်သူ စကားပြောနေရင် သူ့ဆီမှာပဲ အာရုံစိုက်ပါ။

၆။ စတိုးဆိုင်တစ်ခုကို ကိုယ်ရောက်နေတယ်ဆိုရင်လည်း သူ ဘာလိုအပ်တာရှိလဲ ဖုန်းဆက်ပြီးမေးပါ။

၇။ ပိတ်ရက်မှာ မနက်စာ ပြင်ဆင်ပေးပါ။

၈။ သင့်ချစ်သူကို တစ်ခုခုမပြောခင် သေချာစဉ်းစားပြီးမှ ပြောပါ။

၉။ သင့်ချစ်သူကို မြင်တာနဲ့ မမေ့မလျော့ဘဲ ပြုံးပြပါ။

၁ဝ။ သူ့မှာ ခက်ခဲတဲ့ နေ့မျိုး ကြုံနေရတယ်ဆိုရင် အတူတူ ရင်ဆိုင်ကျော်လွှားပေးပါ။

၁၁။ သင့်ချစ်သူရဲ့ ဘဝမှာ နေ့ရက်ကောင်းလေးတွေ ပိုင်ဆိုင်ဖို့ အမြဲ ဆုတောင်းပေးပါ။

၁၂။ သင်မှားတာ ရှိရင်လည်း တောင်းပန်လိုက်ပါ။

၁၃။ သင့်အချိန်တွေကို သေချာစီမံ ကန့်သတ်ထားပြီး သူ့အတွက် တန်ဖိုးရှိတဲ့ အချိန်လေးတွေ ပေးပါ။

၁၄။ သင့်ရဲ့ အပြုအမူတွေ၊ အပြောအဆိုတွေ အတိုင်း တာဝန်ယူပြီး လုပ်ဆောင်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၅။ တစ်အိမ်လုံးမှာ ကြင်နာမှု အငွေ့အသက်တွေ လွှမ်းခြုံနေအောင် ထားပါ။

၁၆။ သင် သတိတရ လုပ်ပေးတဲ့ အသေးအဖွဲကိစ္စလေးတွေ အပေါ်မှာ မျှော်လင့်ခြင်း ကင်းကင်းနဲ့ လုပ်ပေးပါ။

၁၇။ တစ်ကိုယ်ရည် လွတ်လပ်ခွင့်လည်း ပေးသင့်သလောက် ပေးပါ။

၁၈။ သင့်ရဲ့ ဒေါသစိတ်ကိုလည်း သတိချပ်ပြီး ထိန်းပါ။

၁၉။ သင့်ချစ်သူ မလုပ်နိုင်တဲ့ အိမ်မှုကိစ္စ၊ ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးပါ။

၂၀။ သင့်ချစ်သူကို ချီးမွမ်းတာတွေ၊ အသိအမှတ်ပြုတာတွေကို စိတ်ထဲကနေ နှစ်ပြီး လုပ်ဆောင်ပါ။

အကြင်နာတရား ဆိုတာ မိမိကိုယ်တိုင် အတွက်ပဲ ကောင်းကျိုးရစေတာ မဟုတ်ပါဘူး။ မိမိနဲ့ ဆက်နွယ်နေတဲ့ လက်တွဲဖော်ကိုပါ အလေးထားရာ ရောက်ပါတယ်။ ဒီလို အလေးထားမှုကြောင့် သူကလည်း မိမိကို ပိုပိုပြီး ခင်တွယ်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ သာယာ ပျော်ရွှင်ပြီး လိုက်လျောညီထွေရှိတဲ့ relationship လေး တစ်ခု သေချာပေါက် ဖြစ်ပြီပေါ့။

ဒီစာလေးရဲ့ အကျိုးကျေးဇူးကို သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။