အဖိုးမဖြတ်နိုင်သော ခင်မင်မှု၏ အနှစ်သာရ

blank

အတူတူစားသောက်ပြီး ကျသင့်ငွေကို သင့်သူငယ်ချင်းက ရှင်းပေးတယ်ဆိုတာ သူ့မှာ ပိုက်ဆံတွေ သုံးမကုန်နိုင်အောင် ပေါများနေလို့တော့ မဟုတ်ပါဘူး။ ခင်မင်မှုကို ငွေထက် ပိုတန်ဖိုးထားနေလို့ပါ။

ရန်ဖြစ်ပြီးချိန်မှာ အရင် ပြန်တောင်းပန်တယ်ဆိုတာ သူမှားနေလို့မဟုတ်ပါဘူး။ သူ့အနားက သူတွေကို တန်ဖိုးထားတတ်လို့ပါ။

သင့်ကိစ္စဆိုရင် ကူညီဖို့အသင့် ဖြစ်နေတယ် ဆိုတာ သင့်ကို ပေးဆပ်ရမယ့် တာဝန်ရှိလို့ မဟုတ်ပါဘူး။ သင့်ကိုအရင်နှီးဆုံး သူငယ်ချင်းအဖြစ် သတ်မှတ်ထားလို့ပါ။

သင့်ဆီကို သတိတရနဲ့ စာမကြာခဏ ရေးတယ် ဆိုတာ သူအလုပ်မရှိ အလုပ်ရှာလုပ်နေတာ မဟုတ်ပါဘူး။ သူ့ရင်ထဲမှာ သင့်ကို မှတ်မှတ်ရရရှိနေလို့ပါ။

လုပ်စရာရှိတာကို မတွက်ကပ်ဘဲ လုပ်သွားတယ်ဆိုတာ သူ တုံးအနေလို့ မဟုတ်ပါဘူး။ သူ့ဆီမှာ တာဝန်သိစိတ်ရှိနေလို့ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူငယ်ချင်းဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ တစ်ယောက်တစ်နေရာဆီ ကွဲပြီး ကိုယ့်ဘဝကိုယ် ကျောင်းကြရမှာ အသေအချာပါပဲ။ ကျွန်မတို့ ပြောခဲ့ဘူးတဲ့ စကားတွေ၊ မက်ခဲ့ဖူးကြတဲ့ ကိုယ်စီအိပ်မက်တွေကို လွမ်းနေကြရတော့မှာပါ။ ရက်၊ လ၊ နှစ်တွေ တစ်ဖြည်းဖြည်း ပြောင်းလဲလာတာနဲ့ အမျှ ဒီအမှတ်တရလေးတွေကို အချိန်တွေက တိုက်စားသွားပါတော့မယ်။ နောင်တစ်ချိန်မှာ ကျွန်မတို့သားသမီးလေးတွေက သူငယ်ချင်းတွေ စုရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံတွေကို မြင်ပြီး “ဒါတွေက ဘယ်သူတွေလဲ” လို့မေးလာ ကြပါလိမ့်မယ်။ အဲ့ဒီအခါ ရင်ထဲမှာတော့ သူတို့ကို လွမ်းဆွတ်မိသွားပြီး ဝမ်းနည်းမိနေပေမယ့် အပြုံးမျက်နှာလေးနဲ့ လေးနက်သေချာတဲ့ စကားတစ်ခွန်းပြောမိမှာပါ။ အဲ့ဒီစကားလေးကတော့ “ဘဝရဲ့ အကောင်းမွန်ဆုံး နေ့ရက်တွေကို အတူတူ ဖန်တီးပေးခဲ့တဲ့ သူတွေလေ“ ဆိုပြီးပေါ့။

ဒီတော့ အတူတူရှိနေတုန်း သူငယ်ချင်းတွေကို တန်ဖိုးထားပါ။ သူတို့ကို ချစ်ခင်ကြင်နာပါ။ ပြီးတော့မှ “နီးတစ်ကျတ်ကျတ် ဝေးတစ်သက်သက်” ဆိုသလို မဖြစ်ပါစေနဲ့။

အဝေးက သူငယ်ချင်းတွေကို သတိရမိပြီး အရင်အချိန်လေးတွေကို ပြန်ခံစားမိလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။