ရည်းစားဦးကို ပြန်တွေ့ရင် ဘယ်လိုပုံစံတွေ ဖြစ်နေမယ်ထင်လဲ။

blank

ဘဝမှာ ရည်းစားဦးကိုတော့ လူတိုင်း မှတ်မှတ်ရရ  ဖြစ်နေတတ်ကြတယ်။ ဘဝအခြေအနေတွေ၊ အချိန်အခါတွေ ပြောင်းလဲသွားတာနဲ့အမျှ ရည်းစားဦးနဲ့ ဆုံဆည်းဖြစ်မှလည်း ဆုံဆည်းလိမ့်မယ်။ နောင်တစ်ချိန် ကိုယ့် ရည်းစားဦးနဲ့ ပြန်ဆုံတဲ့အခါ….

၁။ ကိုယ်နဲ့ ပြတ်သွားပြီးတဲ့နောက် အရမ်းသွက်၊ အရမ်းဟော့တဲ့ မိန်းကလေးနဲ့ တွဲနေတာမျိုး ဖြစ်နိုင်ပါတယ်။

၂။ လုပ်ငန်းခွင်မှာ အောင်မြင်နေတာမျိုး၊ ပိုချောပိုခန့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၃။ သင်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ သင့်ကိုသတိရလွမ်းဆွတ်နေတုန်းလည်း ဖြစ်နိုင်ပါတယ်။

၎။ လောကဓံရဲ့ အရိုက်အပုတ်တွေကြောင့် သင်မမှတ်မိနိုင်လောက်အောင် အိုမင်းရင့်ရော်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၅။ အစားအသောက်တွေ သောင်းကျန်းပြီး အရမ်းဝနေတဲ့ ဝတုတ်ကြီးလည်း ဖြစ်နေနိုင်တာပဲ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ အချိန်တွေ ကြာသွားပေမယ့် သင့်အကြောင်းတွေ အမြဲစိတ်ဝင်တစား ရှိနေသေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၇။ သင်နဲ့လမ်းခွဲပြီးတဲ့နောက် လိုက်ဖက်တဲ့ လက်တွဲဖော်နဲ့ လက်တွဲဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၈။ သူ့ ပတ်ဝန်းကျင်က သူငယ်ချင်းမိတ်ဆွေတွေကတောင် သူဘယ်ရောက်နေမှန်း မသိလောက်အောင် ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၉။ လမ်းခွဲလိုက်တာ ဘယ်လောက်ပဲ ကြာသွားပါစေ သင့်စိတ်ထဲမှာ သူ့ကို အမှတ်တရရှိ နေသေးတာမျိုးလည်းဖြစ်နိုင်ပါတယ်။

သင်နဲ့ သင့်ရည်းစားဟောင်း အခြေအနေကကော ဘယ်လိုလဲ။