မိန်းကလေးတွေပြောတဲ့ စကားတစ်ချို့ရဲ့ နောက်ကွယ် အဓိပ္ပါယ်လေးများ

blank

ကျွန်မတို့ မိန်းကလေးတွေဟာ ခံစားချက်တွေကို မြိုသိပ်ကြတာများတော့ အကျင့်သားတွေ ရနေပြီး စိတ်ထဲရှိတဲ့အတိုင်း မပြောတတ်ကြတော့ဘူး။ ဒါကြောင့် မိန်းကလေးတွေပြောတဲ့ စကားလုံးတွေ၊ အပြုအမူလေးတွေရဲ့နောက်ကွယ်မှာ လျို့ဝှက်တဲ့ အဓိပ္ပါယ်လေးတွေ ရှိနေတတ်ပါတယ်။ အောက်ဖက်မှာတော့ အမျိုးသမီးတွေ ပြောလေ့ပြောထရှိတဲ့ စကားလေးတွေ၊ အပြုအမူလေးတွေနဲ့ နောက်ကွယ်က လျို့ဝှက်အဓိပ္ပါယ်လေးတွေကို ဖော်ပြပေးထားပါတယ်။

၁။ မိန်းကလေးတွေ ပြဿနာတစ်ခု ဖြစ်ပြီးခါစမှာ ပြောတဲ့ “ကောင်းပြီ ကောင်းပြီ” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က သူမဘက်က မှန်ကန်နေပြီး တစ်ဖက်လူကို ငြိမ်ငြိမ်လေးနေလိုက်တော့ ဆိုပြောလိုက်တာနဲ့ အတူတူပါပဲ။

၂။ မိန်းကလေးတွေက (၅) မိနစ်စောင့်လို့ပြောရင် သင်သိထားဖို့က အနည်းဆုံး နာရီဝက်တော့ ကြာမယ်ဆိုတာပါပဲ။

၃။ သူမ ဘာမှ မပြောဘဲ တိတ်ဆိတ်နေတာဟာ မုန်တိုင်းမလာခင် လေညှင်းလေး ခဏတိုက်ခတ် လာတဲ့သဘောပါ။ သင်သတိရှိရှိနဲ့သာ နေတော့။

၎။ မိန်းမတစ်ယောက်က “ရပါတယ် ရှင့်သဘောပဲ။ ” ဆိုပြီး လေးတွဲ့စွာပြောလာခဲ့ ရင်တော့ အဲဒီအရာကို ဆက်မလုပ်တော့တာ အကောင်းဆုံးပါ။

၅။ မိန်းမတစ်ယောက် သင်နဲ့ ပတ်သက်ပြီး သက်ပြင်းအရှည်ကြီးချနေပြီဆိုရင်တော့

“ငါဘာလို့ ဒီလိုလူနဲ့ အချိန်ကုန်ခံပြီး အငြင်းပွားနေမိပါလိမ့်”ဆိုပြီး သူ စိတ်ပျက်လက်ပျက် တွေးနေတာ ဖြစ်မယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်နဲ့ ဒါမှမဟုတ် သင့်ချစ်သူ မိန်းကလေးနဲ့ တိုက်ဆိုင်နေတယ်ဆိုရင် SHARE ပါ။