မိဘတွေကို တန်ဖိုးထားတတ်လာစေဖို့ ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ပါ။

blank

၁။ ချစ်သူ အတွက် မိဘတွေကို လိမ်ခဲ့၊ ညာခဲ့တာတွေ အများကြီးပါ။ ဒါဆို မိဘတွေအတွက် ဆိုပြီးတော့ ချစ်သူကို ဘယ်နှခါ လိမ်ဖူးလဲ စဉ်းစားကြည့်ပါအုံး။

၂။ ချစ်သူနဲ့ လက်ထက်ဖို့ တစ်သက်လုံး ကျွေးမွေးပြုစုလာတဲ့ မိဘတွေကို ကျောခိုင်းခဲ့တယ်။ ကဲ မိဘတွေကို ပြုစုဖို့အတွက် ချစ်သူကို ဘယ်နှညများ ထားခဲ့ ဖူးလဲ စဉ်းစားကြည့်ပါအုံး။

၃။ ချစ်သူကိုတော့ နေ့လည်စာ အတူစားဖို့ အားမအား အမြဲမေးတတ်တယ်။ မိဘတွေနဲ့ ထမင်းလက်ဆုံစားဖို့ ဘယ်နှခါများ စောင့်ခဲ့ဖူးလဲ စဉ်းစားကြည့်ပါအုံး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ချစ်သူတောင်းတဲ့ ကတိတစ်ခုကြောင့် အကျင့်ဆိုးတွေအားလုံး ဖျောက်ပစ်တတ်တယ်။ မိဘတွေ မလုပ်ဖို့ အတန်တန် တားမြစ်ထားတာတွေကိုရော ဂရုတစိုက် ရှောင်ကျဉ်မိရဲ့လား။

ကဲ ဂန္ထဝင် ပရိသတ်ကြီးလည်း မိဘတွေအတွက် ဘာတွေလုပ်ပေးဖို့ လိုအပ်မလဲဆိုတာ သတိထားမိကြမယ်လို့ မျှော်လင့်ပါတယ်။ မိဘတွေ သက်ရှိထင်ရှားရှိစဉ်မှာ တန်ဖိုးထား ဆက်ဆံကြဖို့ တိုက်တွန်းရင်း ဂန္ထဝင်မှ တင်ဆက်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။