သင့်ကလေးတွေ သင့်ဆီက မျှော်လင့်နေတဲ့ တစ်ခုတည်းသောအရာ

blank

ချစ်တယ်ဆိုတဲ့အကြောင်းကို Messenger က ပြော။မွေးနေ့ဆုတောင်းတွေကို Facebook wall ပေါ်မှာ တင်ပေးရင်း ဖြတ်သန်းဖြစ်တဲ့ ခေတ်ကြီးမှာ မိဘတွေဟာလည်းပဲ သားသမီးတွေအတွက် အချိန်ပေးနိုင်တာ နည်းလာပါတော့တယ်။

အရင်တုန်းက မိဘတွေဟာ အားလပ်ချိန်လေးတွေမှာ ကလေးတွေနဲ့ပဲ ကုန်ဆုံးဖို့၊ စာသင်ပေးဖို့၊ အတူတူကစားဖို့ အချိန်ရခဲ့ပေမယ့် အခုအချိန်မှာတော့ ကလေးတွေအတွက် အချိန်ပေးတာတွေ လျော့နည်းလာပါတော့တယ်။ တကယ်တော့ သင့်ကလေးတွေ သင့်ဆီက မျှော်လင့်နေတဲ့ တစ်ခုတည်းသောအရာက ဘာလဲသိလား….။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူတို့ကို အချိန်ပေးဂရုစိုက်တာပါပဲ။

ရုပ်ဝတ္ထုပစ္စည်းတွေဟာ သင့်ကလေးရဲ့ အနားကနေ ပျောက်ကွယ်သွားမှာဖြစ်ပေမယ့် သင်ဖန်တီးပေးမယ့် အမှတ်တရတွေဟာ သူတို့ရင်ထဲမှာ တစ်သက်တာလုံး တည်ရှိနေမယ့် အရာတွေပါပဲ။

သင့်ရဲ့အမြင်လေးကို ဝေမျှပေးခဲ့ပါဦး။