သင်ဟာ သင့်ချစ်သူရဲ့ လက်တွဲဖော် အစစ်လား အဖြည့်ခံလား သိစေနိုင်မယ့် လက္ခဏာ ၁၇ ရပ်

blank
photo credit: pixabay.com

အမှန်တရားဆိုတာ ခါးသီးလှပါတယ်။ ဒါ့ကြောင့် သင် အခုဖော်ပြသွားမယ့် အချက်လေးတွေကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် သင်လည်း ကြုံတွေ့နိုင်တဲ့ အကြောင်းအရာလေးမို့ ဂန္ထဝင်မှ ရေးသားတင်ဆက်လိုက်ပါတယ်။

တစ်ခါတစ်လေ ကိုယ်ဟာ မထင်မတ်ဘဲ လူတစ်ယောက်ရဲ့ ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ် တစ်ရုပ်လို ဖြစ်နေတတ်မှာပါ။ သင်ကတော့ တစ်နေ့နေ့မှာ သူပြန်ပြီး သင့်အပေါ် ပြန်ကောင်းလာမှာပါ၊ အဖက်ဖက်ကနေ ပြီးပြည့်စုံတဲ့ relationship မျိုးဖြစ်လာမှာပါ ဆိုပြီး ထင်နေမိလိမ့်မယ်။ သင်က ဘယ်တုန်းကမှ သူ့ရဲ့ ဦးစားပေးနံပါတ်တစ် မဖြစ်ခဲ့ဖူးတာတောင် တစ်ဖြည်းဖြည်းတော့ ပိုပြီး အဆင်ပြေလာမှာပါ ဆိုပြီး မျှော်လင့်ချင်လည်း မျှော်လင့်နေပါလိမ့်မယ်။ သင် ဘာကိုမှ မယ်မယ်ရရ မတောင်းဆိုတာတောင် သူက သင့်ကိုပဲ အပြစ်ပြောနေပါလိမ့်မယ်။

သင်ဟာ အမြဲလိုလို စိတ်ဒုက္ခတွေ ခံစားနေရတဲ့ ကြားကနေ တစ်ခါတစ်လေ သူစိတ်ကူးပေါက်မှ ပေးတတ်တဲ့ မဖြစ်စလောက် ပျော်ရွှင်မှုလေးတွေကို ကျေနပ်နေရတယ်။

စဉ်းစားကြည့်ပါဦး။ အနည်းနဲ့အများကတော ကျွန်တော်တို့တွေ့  ဒီလို အခြေအနေတွေ ကြုံတွေ့ခဲ့ဖူးကြမှာပါ။ တစ်ချို့ဆိုရင် ဒီအခြေအနေကနေ ရုန်းထွက်ဖို့ ကြိုးစားနေကြရင်းနဲ့ ခုထိ မရုန်းနိုင်ကြသေးပါဘူး။ သင်အရမ်းချစ်ရတဲ့ သူကို အဆက်အသွယ်ဖြတ်ဖို့ ဆိုတာ မလွယ်ကူပေမယ့် အခြေအနေ အားလုံးကို သင်သိနေမှတော့ အခုပဲ သူ့ဆီဖုန်းခေါ်ပြီး သင်တို့ရဲ့ ဆက်ဆံရေး ပြီးဆုံးသွားပြီ ဆိုတာ ပြောလိုက်ပါ။

လမ်းခွဲခါစမှာတော့ ကမ္ဘာကြီး ပျက်သွားသလိုတောင် ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သင့်တစ်ဘဝလုံး သူ့နောက်ကွယ်မှာ လူမသိ သူမသိ ပါရမီဖြည့်ပေးဖို့ အတွက်လောက်ပဲ ရှိနေရတာကမှ ပိုပြီး ဆိုးရွားတာပါ။ သင်က ဘယ်တော့မှလည်း သူ့ရဲ့ ဦးစားပေးဖြစ်မလာပါဘူး။ သင့်ဘဝလည်း ပိုပြီး သာယာလာစရာ အကြောင်း မရှိပါဘူး။ သင်အပြစ်မမြင် ချစ်ခင်နေတဲ့ အဲ့ဒီ ကျီးတစ်ကောင်ကလည်း ဘယ်တော့မှ ဒေါင်းတစ်ကောင် ဖြစ်လာမှာ မဟုတ်ပါဘူး။

သူတစ်ကယ် ချစ်ရတဲ့သူကို တွေ့သွားတဲ့အချန်ထိ သင်လည်း မျက်နှာငယ်နဲ့ သူ့အနား တွယ်ကပ်နေချင်မှာ မဟုတ်တော့ပါဘူး။ ဒီတော့ အောက်မှာ ဖော်ပြထားတာတွေက သင်ဟာ ဦးစားပေးမဟုတ်ဘူး ဆိုတာ၊ သင်က ရွေးချယ်မှုသက်သက်သာ ဖြစ်တယ်ဆိုတာ သိလို့ရမယ့် အချက်လေးတွေပါ။

၁။ သူနဲ့ သင့်ရဲ့ တွေ့ဆုံချိန်တွေက အမြဲ သင်စီစဉ်ထားသလိုမဟုတ်ပဲ သူ့စိတ်တိုင်းကျပဲ ဖြစ်နေတတ်တယ်။

၂။ သင့်မှာ ဘာအစီအစဉ်ကောင်းတွေ ရှိလဲ ဆိုတာ အမြဲ မေးပေမယ့် သူလုပ်ချင်ရာ လုပ်တတ်တယ်။

၃။ သူ လာတွေ့မလား ဆိုပြီး စောင့်နေရင်း သူငယ်ချင်းတွေနဲ့ မိတ်ပျက်ရတာတွေကို သင်သတိထားမိလာတယ်။

၎။ သူ့ကိုစောင့်ရင်း အချိန်ကုန်ရတဲ့ ညတွေကို သင်စိတ်ကုန်လာတယ်။

၅။ သူ့အတွက်အရေးပါတဲ့ ပွဲမျိုး ဥပမာ သူ့သူငယ်ချင်း မင်္ဂလာဆောင် သွားတာမျိုးမှာ သင့်ကို ဘယ်တော့မှ ပွဲမထုတ်ဘူး။

၆။ သူ့မှာ အခြားတစ်ယောက် ရှိနေရင်တောင် သူ့အတွက်အမြဲ အဆင်သင့် ရှိနေတတ်တဲ့ သင့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတတ်တယ်။

၇။ သင့်အတွက် အရေးကြီးတဲ့ အရာတွေကိုတောင် သူ ဂရုတစိုက် မရှိတတ်ပါဘူး။

၈။ သူဆီက message ပြန်လာဖို့ဆိုတာ တစ်သက်စာလောက် ကြာနေတတ်ပါတယ်။

၉။ သင်တို့အချစ်ရေး ပြေလည်ဖို့ သင်ကပဲ အရာရာ အလျှော့ပေးနေရတယ် လို့ အမြဲခံစားနေရတယ်။

၁၀။ သူဖုန်းခေါ်တိုင်း အမြဲ ပြန်ဖြေစေချင်တယ်။ ဒါပေမယ့် သင်ဖုန်းခေါ်တာကိုတော့ ဘယ်တော့မှ အရေးမလုပ်ဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၁။ “ဒီအတိုင်းဆို တို့နှစ်ယောက် မဖြစ်ပါဘူးကွာ” ဆိုတာမျိုး ခဏ ခဏ ညည်းပြတတ်တယ်။

၁၂။ သင်ကပဲ အမြဲ ခွင့်လွှတ်ပေးနေရတယ်။

၁၃။ ချစ်သူဆီက ရသင့်တဲ့ အခွင့်အရေးလေးတွေ တောင်းဆိုရင်လည်း သူ့ဆီက အပြစ်တင်စကားတွေပဲ ကြားရတယ်။

၁၄။ သူ့အကြောင်းဆိုရင် အသေးစိတ် အရာလေးတွေကအစ သင်မှတ်မိနေတတ်တယ်။

၁၅။ သူကတော့ သင့်အကြောင်း ဥပမာ သင်ဘာကြိုက်တတ်လဲ ဆိုတာတောင် မသိပါဘူး။

၁၆။ အချိန်တိုင်းလိုလို သင်စိတ်ဆင်းရဲနေရတယ်။

၁၇။ သူစိတ်ကူးပေါက်မှ ပေးတတ်တဲ့ ပျော်ရွှင်မှုလေးတွေနဲ့ သင်ကျေနပ်နေရတယ်။

သင်ကိုယ်တိုင်ပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေမှာပဲ ဖြစ်ဖြစ် ဒီလို အဖြစ်မျိုးနဲ့ ကြုံနေရပြီး ဒီဆောင်းပါးလေးကြောင့် ဆုံးဖြတ်ချက်တစ်ခုခု ချနိုင်လိုက်တယ်ဆိုရင် သူငယ်ချင်းတွေနဲ့လည်း Share ပါ။ သင်ဟာ အချစ်စစ် အချစ်မှန်နဲ့ ထိုက်တန်သော သူတစ်ဦးပါ။ “Do not settle for less than you deserve” ဆိုသလို ကိုယ်နဲ့ ထိုက်တန်သော ချစ်ခြင်း၊ ကိုယ့်ကို တန်ဖိုးထား ဆက်ဆံသော ချစ်ခြင်းမျိုးနဲ့ မတွေ့မချင်း မတင်းတိမ်ရောင့်ရဲ လိုက်ပါနဲ့။ စစ်မှန်တဲ့ ချစ်ခြင်းတွေမှာ တွေ့ရတဲ့ ဝိသေသလေးတွေကိုလည်း ဖတ်ကြည့်လိုက်ရအောင်။