ဒဏ္ဍာရီ ပုံပြင်တွေမှာ မဖော်ပြထားတဲ့ အချစ်အကြောင်း

blank

ကျွန်တော်တို့တွေ့ဖူး ကြည့်ဖူးကြတဲ့ အချစ်ဇာတ်လမ်းတွေထဲက ဖော်ပြထားတဲ့ အချစ်အကြောင်းတွေကနေ သင်ခန်းစာ အများကြီး ယူလို့ရတာ မှန်ပါတယ်။ သို့ပေမယ့် အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ ဒီလို ဒဏ္ဍာရီဇာတ်လမ်းတွေမှာ ဖော်ပြမထားတဲ့ အချစ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ဒဿနလေးတွေပဲ ဖြစ်ပါတယ်။

၁။ Relationship တစ်ခုသာယာဖို့ ကိုယ်ကချည်းပဲ တစ်ဖက်သတ် အလျှော့ပေးနေရတာမျိုး မဖြစ်သင့်ပါဘူး။

ခိုင်မာတဲ့ Relationship တစ်ခုဖြစ်လာဖို့ အပြန်အလှန်ညှိနှိုင်းဆောင်ရွက် မှုက အရေးအကြီးဆုံး ကဏ္ဍက ပါဝင်နေပါတယ်။ ပြဿနာ တစ်ခုဖြစ်လာရင် တစ်ယောက်ကိုတစ်ယောက် သည်းခံနားလည်မှုတွေနဲ့ ရှေ့ဆက်ရမှာပါ။ ဒါမှလည်း မျှတတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာမှာပါ။ အကယ်၍ တစ်ယောကတည်းကပဲ အလျှော့ပေး ညှိနှိုင်းရတာတွေ များလာမယ်ဆို ကြာလာရင် သည်းမခံနိုင်တော့ဘဲ ဆက်ဆံရေးတစ်ခုလုံး ပြိုလဲပျက်စီး သွားနိုင်ပါတယ်။

၂။ သာယာတဲ့ ဆက်ဆံရေးတစ်ခု ဆိုတာ ကိုယ့်လုပ်ရပ်တွေ၊ ချစ်ခြင်းမေတ္တာတွေ ရောင်ပြန်ဟပ်နေတာပါ။

တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ သာယာနေတဲ့ ချစ်သူတွေတွေ့ ရင် ကံကောင်းလိုက်တာလို့ တွေးကောင်းတွေး နေပါလိမ့်မယ်။ တစ်ကယ်တော့ ကံဆိုတာ အလုပ်ပါပဲ။ ကိုယ်က တစ်ဖက်လူအပေါ် မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်မြတ်နိုးပြီး သူ့အပေါ် အမြဲစာနာနားလည်ပေးမယ်ဆို သူလည်း ကိုယ့်အပေါ် ဒီလိုပဲ ပြန်တုန့်ပြန် လာပါလိမ့်မယ်။

၃။ အချစ်စစ်မှာ အနစ်နာခံမှု၊ ပေးဆပ်မှုတွေ ပါဝင်နေတယ်။

အချစ်မှာ အနစ်နာခံပေးဆပ်မှုတွေ ရှိတယ်။ ကိုယ်သိပ်ချစ်ရတဲ့သူ တစ်ယောက်အတွက်ဆို ဘာကိုပဲ ပေးဆပ်ရပေးဆပ်ရ ပေးဆပ်ချင်နေတယ်။ သူပျော်နေရင် ကိုယ်လည်း စိတ်ချမ်းသာနေတယ်။ သူနဲ့ကိုယ်ကြား သာတယ်နာတယ် ဆိုတာတွေလည်း မရှိတော့ပါဘူး။ ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ရဲ့ ဝိသေဿတွေပါပဲ။

၎။ တစ်ခါတစ်လေ နာကျင်မှုဟာလည်း အချစ်ရဲ့ဝိသေဿ တစ်ခုပါပဲ။

လူနှစ်ယောက်ပေါင်းစည်းခြင်းမှာ “ခြောက်ပစ်ကင်း သဲလည်းစင်” ဆိုတာ ပုံပြင်ထဲမှာပဲ ရှိပါတယ်။ တစ်ကယ့်လက်တွေ့ ဘဝမှာတော့ တစ်ယောက်ကြောင့် တစ်ယောက် နာကျင်ကြေကွဲ ရတာတွေလည်း ရှိပါတယ်။ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်နဲ့ ပတ်သက်ပြီး ခံစားရတဲ့ နာကျင်မှုက အခြားနာကျင်မှုတွေနဲ့ လုံးဝမတူပါဘူး။ ဒါက သူဟာ ကိုယ့်ဘဝရဲ့ စိတ်ချမ်းသာပျော်ရွှင်မှုအတွက် ဘယ်လောက်တောင် အရေးပါနေလဲ ဆိုတာကို မြင်သာစေတဲ့ အချက်တစ်ခုပါပဲ။

၅။ ရုပ်ရည်လှပခြင်းတွေက ငယ်ဘဝမှာ အရေးပါသလို ထင်ရပေမယ့် ထာဝရ စိတ်ချမ်းသာမှုကိုတော့ မပေးစွမ်းနိုင်ပါဘူး။

ရုပ်မလှပေမယ့်လည်း ချစ်သူက သိပ်မြတ်နိုးပြီး သာယာတဲ့ Relationship တွေကို ပိုင်ဆိုင်နေတဲ့သူတွေကို သင်တွေ့ဖူးမှာပါ။ တစ်ဦးနဲ့တစ်ဦး ရေရှည်လက်တွဲဖို့ အရေးအပါဆုံးက ဒီလိုရုပ်ပိုင်း သာယာမှုတွေထက် စိတ်ထားအလှလေးတွေက ပိုအရေးပါပါတယ်။ ရုပ်အလှဆိုတာ အချိန်ကြာလာတာနဲ့ အမျှ ပျက်စီးနိုင်ပေမယ့် စိတ်အလှကတော့ ဘယ်တော့မှ ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ အချစ်ဆိုတာ စိတ်ကူးယဉ်စရာ ရဲတိုက်လေးတစ်ခုထဲမှာ အတူတကွ စံမြန်းနေတာထက် ပိုပါတယ်။

အပေါ်ယံ ကြွယ်ဝချမ်းသာမှုတွေဟာ သာယာတဲ့ Relationship တစ်ခုဖြစ်လာဖို့ အထောက်အပံ့တွေဖြစ်တာ မှန်ပါတယ်။ သို့ပေမယ့် အဲဒီ ရုပ်ဝတ္ထုတွေနောက်လိုက်ရင်း တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာပျော်ရွှင်အောင် လုပ်မပေးနိုင်ကြတော့ဘူဆိုရင်တော့ တဖြည်းဖြည်း ဒီ Relationship ကို ငြီးငွေ့လာပါလိမ့်မယ်။ စိတ်မချမ်းသာရဘဲ ရုပ်ဝတ္ထုတစ်ခုပဲ ပြီးပြည့်စုံနေလည်း အလကားပါပဲ။

၇။ အခက်အခဲတွေ အတူရင်ဆိုင်ခြင်းက မိုခိုင်မာတဲ့ Relationship တစ်ခု ဖြစ်လာစေပါတယ်။

အခက်အခဲတွေ အတူတကွ ရင်ဆိုင်ခြင်းဆိုတာ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးကိုပိုမို ခိုင်မာအောင် ပံ့ပိုးပေးတဲ့ အရာပါပဲ။ ဘဝရဲ့တိုက်ပွဲတွေကို ကိုယ်ချစ်မြတ်နိုးရတဲ့သူနဲ့ အတူတကွ ရင်ဆိုင်ရတာ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်မလဲနော်။ ဒါတွေဟာ အသက်ကြီးလာတဲ့တစ်ချိန်မှာ ဘယ်လိုမှ မေ့လို့မရနိုင်တဲ့ အမှတ်တရ လေးတွေအဖြစ် ကျန်ခဲ့မှာ မလွဲပါပဲ။

၈။ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေမှုတွေ ဖြစ်လာတာဟာ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိလို့ပါပဲ။

တစ်ယောက်နဲ့တစ်ယောက် အတွေးအမြင်တွေမတူဘူး၊ ရည်မှန်းချက်ပန်းတိုင်တွေ မတူကြဘူးဆို တစ်သက်လုံး လက်တွဲသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ လူတန်းစေ့နေနိုင်ပြီး သာယာတဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့၊ သားသမီးတွေနဲ့ အေးအေးချမ်းချမ်း ရပ်တည်သွားကြဖို့ဆိုတဲ့ ဆန္ဒလေးတွေတော့ တူညီသင့်ပါတယ်။

၉။ အဆင်မပြေမှုတွေမရှိတာ မဟုတ်ပါဘူး။ နားလည်မှုတွေနဲ့ ချိန်ညှိသွားကြတာပါ။

Relationshipတစ်ခု သာသာဖို့ဆို တစ်ယောက်စိတ်တစ်ယောက် ကောင်းကောင်းနာလည်ဖို့ လိုအပ်ပါတယ်။ ဘဝရဲ့ အနိမ့်အမြင့်တွေကြား အဆင်မပြေမှုတွေဆိုတာ ရှိမှာပါပဲ။ ဒါကိုတစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်ပြီး ညှိနှိုင်းဖြေရှင်းသွား မယ်ဆို ချစ်ခြင်းတွေ ပိုခိုင်မြဲ လာစေမှာ မလွဲပါပဲ။ အချစ်စစ်ဆိုတိုင်း သာယာဖြောင့်ဖြူးတဲ့လမ်းကိုပဲ လျှောက်လှမ်းနေတာ မဟုတ်ပါဘူး။ ဒီလိုပဲ နားလည်မှုတွေနဲ့ ရှေ့ဆက်နေရတာပါ။

၁၀။ အခြားသူတစ်ယောက် က ချစ်လာမှာကိုပဲ ထိုင်စောင့်နေတာမျိုး မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်မှ အခြားသူတစ်ယောက်ကိုယ့်ကို တစ်ကယ်ချစ်မချစ် အကဲခတ်လို့ ရတာပါ။ ဒါကြောင့် ကိုယ့်အရှိတွေကို အရှိအတိုင်းလက်ခံပြီး ချစ်မြတ်နိုးကြည့်ပါ။ ပြီးရင်တော့ ဒီထက် ပိုတော်တဲ့ လူသားတစ်ယောက်ဖြစ်လာဖို့ ကြိုးစားရုန်းကန်လိုက်ပါ။ ကိုယ့်ဘဝ မြင့်မားလာတာနဲ့ ကိုယ်နဲ့ ထိုက်တန်တဲ့သူတစ်ယောက် အလိုလို ရောက်လာ ပါလိမ့်မယ်။

၁၁။ အချစ်ဆိုတာ သာယာကြည်နူးဖွယ်တွေချည်းပဲ ပြည့်နှက်နေတာမျိုး မဟုတ်ပါဘူး။

အချစ်ဆိုတာ ချစ်သူနှစ်ဦး သာယာချမ်းမြေ့တဲ့ အချိန်တွေကိုပဲ အတူတကွခံစားပျော်ရွှင်ရုံတင် မကပါဘူး။ ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို လက်တွဲမဖြုတ်ဘဲ အတူတကွ ရင်ဆိုင်ရဲတာဟာလည်း အချစ်စစ်ရဲ့ လက္ခဏာ တစ်ခုပဲဖြစ်ပါတယ်။ ဒီလို အေးအတူ ပူအမျှ ရင်ဆိုင်နိုင်ပြီဆို သူတို့ရဲ့ ချစ်ခြင်းတွေကို ဘာကမှ တားဆီးလို့ မရတော့ပါဘူး။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။