ချစ်သူနှစ်ဦးကြား မိန်းကလေးတို့ ကျူးလွန်မိတတ်သော အမှားလေးများ

blank

Relationship တွေမှာ များသောအားဖြင့် မိန်းကလေးတွေ ကျူးလွန်မိကြတဲ့ အမှားလေးတွေ ကို ဂန္ထဝင်ရဲ့ မိန်းကလေးပရိသတ်တို့ သတိထားလို့ရအောင် တင်ဆက်လိုက်ရပါတယ်။

၁။ ချစ်သူရဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေကို လိုအပ်တာထက်ပိုပြီး မစွက်ဖက်ပါနဲ့။

ကျွန်မတို့ မိန်းမသားတွေဟာ ငယ်ငယ်ကတည်းက နောက်လိုက်အနေအထားနဲ့ ကြီပြင်းလာကြရတော့ ချစ်သူရဲ့ အလေးအနက်ထားနေရာပေးမှုကို သိပ်ကို လိုချင်ကြပါတယ်။ ချစ်သူက သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကို ဆုံးဖြတ်ပိုင်ခွင့်ပေးလာတဲ့အခါ ကျွန်မတို့ က အရမ်း စွက်ဖက်တာမျိုးလေးတွေ ပြုလုပ်လာတတ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့အလားအလာ တစ်ခုတော့မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ချစ်မြတ်နိုးတယ်ပြောပြော တစ်ချိန်ကျရင် မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ ချစ်သူအပေါ်မှာပဲအမြဲ မှီခိုနေတာမျိုး မဖြစ်ပါစေနဲ့။

ကိုယ်အားငယ်နေတဲ့ အချိန်မှာ ချစ်သူရဲ့ ဖေးမစာနာမှုတွေ ရယူလိုတာ ပြဿနာ မရှိပါဘူး။ သို့ပေမယ့် လိုတာထက်ပိုပြီး အားကိုးမိသွားမယ် ဆိုရင်တော့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်လိုစိတ်တွေ ပျောက်ဆုံးသွားပါမယ်။ ဒါ့အပြင် ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ ပျော်ရွှင်မှုတွေဟာ တစ်ခြားသူတစ်ယောက်ပေါ်မှာ လုံးဝ မှီခိုသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဆို အကြောင်းတစ်ခုခုကြောင့် သူမရှိနိုင်တော့တဲ့အခါ ကိုယ်ဟာ အရုပ်ကြိုးပြတ် ကျန်ခဲ့တာမျိုး ဖြစ်သွားနိုင်ပါတယ်။

၃။ သူ့အကြာင်း ကိုယ်အကုန်သိပါတယ်ဆိုပြီး ပိုင်သေတွက်သာမျိုး မလုပ်မိစေနဲ့။

တစ်စုံတစ်ယောက်ကို အကြွင်းမဲ့ နားလည်ဖို့ဆိုတာ မလွယ်လှပါဘူး။ သို့ပေမယ့် လည်း အမြဲဆက်သွယ်နေကျ နည်းလမ်းလေးတွေဖြစ်တဲ့ စကားတွေကတစ်ဆင့် သူ့စိတ်ထဲမှာ ဖြစ်ပျက်ခံစားနေရတာတွေကို လေ့လာပါ။ ပြီးရင်တော့ သူ့အတွက် အလိုအပ်ဆုံး၊ အသင့်တော်ဆုံး ဖြစ်မယ့်အရာတွေကို ရွေးချယ်လုပ်ဆောင်လိုက်ပါ။

၎။ ချစ်သူကို အရာရာ ချုပ်ချယ်ကန့်သတ်ပြီး ပြောင်းလဲပစ်ဖို့ မကြိုးစားပါနဲ့။

ကိုယ့်ချစ်သူမှာ ကိုယ်နှစ်သက်မြတ်နိုးတဲ့ အမူအကျင့်လေးတွေ ရှိနိုင်သလို ကိုယ်မနှစ်သက်တဲ့ အရာလေးတွေလည်း ရှိနေမှာပါ။ သင်တို့နှစ်ယောက် ဘဝအတွက် ကြီးကြီးမားမား မထိခိုက်နိုင်ဘူးဆိုရင်တော့ အတတ်နိုင်ဆုံး လျစ်လျူရှုပေးလိုက်ပါ။ ပြီးရင်တော့ သည်းခံနိုင်အောင် ကြိုးစားလိုက်ပါ။ ဒါကို အပြီးတိုင် ပြောင်းလဲပစ်ဖို့ မမျှော်လင့်ပါနဲ့ ။ နှစ်ယောက်လုံး အတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်လို့ပါ။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သင့်အတွက် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့တာတွေကို လျစ်လျူမရှုပါနဲ့။

တစ်ချို့ယောက်ျားတွေဟာ ကိုယ့်ကို ဘယ်လောက်ပဲ ချစ်မြတ်နိုးနေပါစေ ချစ်ခြင်းကိုထုတ်ဖော်ပြသရာမှာ သိပ်ကို အားနည်းကြပါတယ်။ သူတို့ ကြိုးစားအားထုတ်မှုတွေက သင့်ကို ရင်ခုန်စိတ်လှုပ်ရှားစေဖို့ စွမ်းဆောင်ချင်မှ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် သင်ဖြစ်စေချင်တဲ့ ပုံစံကို ပွင့်လင်းစွာပြောဆိုခြင်းက နှစ်ယောက်လုံးအတွက် ပို အဆင်ပြေစေပါတယ်။

၆။ တစ်ဦးနဲ့ တစ်ဦးကြား လိမ်ညာဖုံးကွယ် ထားတာမျိုးတွေ မဖြစ်ပါစေနဲ့။

Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် စိတ်အခန့်မသင့်ကြတဲ့အချိန်၊ နားလည်မှုလွဲကြတဲ့ အချိန်တွေ ဆိုတာရှိစမြဲပါ။ ဒီလိုအချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက် သံသယတွေ ပိုများလာတတ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်လာရင် အကောင်းဆုံးက စိတ်ထဲမှာ ဘာမှမထားဘဲ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းဖို့ပါပဲ။ အကယ်၍ ဘယ်လိုမှ ရှေ့ဆက်လို့အဆင်မပြေဘူးဆိုရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါ။ ဒါမှမဟုတ် ရှေ့ဆက်လက်တွဲလို့ အဆင်ပြေလောက်တယ် ဆိုရင်တော့ လတ်တလော အဆင်မပြေမှုလေးတွေကို အတတ်နိုင်ဆုံး နားလည်ပေးလိုက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။