ဘဝမှာ အရေးပါတဲ့သူတွေက ပြစ်ပယ်လိုက်လို့ စိတ်ညစ်နေလား။ အပိုင်း (၂)

blank

မနေ့ကဘဲ ဘဝမှာ အရေးပါတဲ့သူတွေက ပြစ်ပယ်လိုက်လို့ စိတ်ညစ်နေလား အပိုင်း (၁) ကို ဖော်ပြပြီးပါပြီ။ီနေ့တော့ အပိုင်း (၂) ကို ဆက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကယ်… ဂနဝင် စာဖတ်ပရိသတ်ကြီးတို့ ဖတ်လိုက်ကြရအောင်နော်။

၁။ တစ်စုံတစ်ယောက်က ပေးခဲ့တဲ့ဒါဏ်ရာတွေကို မြင်ရင် ကိုယ့်ကို ဒီအခြေအနေပြန်ရောက်လာအောင် စွမ်းဆောင်နိုင်ဖို့ တွန်းအားပေးခဲ့တယ်လို့ သဘောထားလိုက်ပါ။

၂။ ကိုယ့်ဘဝမှာ တစ်စုံတစ်ခုကို ဆုံးရှုံးသွားလို့ စိတ်ညစ်မနေပါနဲ့။ ဒါကို ဆုံးရှုံးမှုတစ်ခုအဖြစ် ကြေကွဲခံစားနေမယ့်အစား ရှေ့ဆက်လျှောက်လှမ်းဖို့ ဝန်ထုပ်ဝန်ပိုးတွေ လျော့ကျသွားတယ်လို့ သဘောထားလိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဘယ်လောက်ပဲ အတားအဆီးတွေများနေပါစေ ကိုယ်သာတစ်စိုက်မတ်မတ်နဲ့ ကိုယ့်ပန်းတိုင်ကိုယ်ရှေးရှုပြီး အကောင်းမြင်စိတ်လေးတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းလိုက်ပါ။

၎။ ဘေးက ထိုင်ကြည့်ပြီး ဝေဖန်အပြစ်တင်နေသူတွေက တစ်ကယ်တော့ သင့်ဘဝအတွက် အရေးမပါလှပါဘူး။ ဒါကြောင့် သူတို့စကားသံတွေနဲ့ စိတ်ကို လွှမ်းမိုးမခံပါနဲ့။ တစ်ခါတစ်လေ ကိုယ့်ရဲ့စွမ်းဆောင်ရည်ဟာ မူလရှိရင်းစွဲထက် သူတို့ပြောသလောက်နဲ့ ရပ်တန့်သွားတတ်တယ်။

၅။ တချို့လူတွေက ကိုယ့်မှာမရှိတဲ့ အရာတွေ ပိုင်ဆိုင်ထားသူတွေကို အရမ်းအထင်ကြီးပြီး ကိုယ့်မှာရှိတဲ့အရာတွေကိုတော့ တန်ဖိုးမထားတာမျိုး ဖြစ်နေတတ်ပါတယ်။ တကယ်တမ်းကျ ကိုယ့်သမိုင်းကိုယ်ပဲ ရေးရတာပါ။ ဒီတော့ ဘယ်သူတွေဘာပြောပြော ကိုယ်ယုံကြည်ရာလမ်းကို ကိုယ့်ဘာကို ရဲရဲ ဆက်လျှောက်လိုက်ပါ။

၆။ ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်ရင်း၊ အခြားသူတွေကိုယ့်ကို ဘယ်လိုမြင်လဲ ဆိုတာတွေစဉ်းစားရင်း ကိုယ်ပိုင်ဆိုင်ထားတဲ့ အသိညဏ်ပညာ ကိုယ့်အရည်အချင်းတွေကို လျှော့တွက်မိ နေတတ်ပါတယ်။ တကယ်တော့ သင့်လက်ရှိဘဝကို သင့်ထက်ကောင်းအောင် ပုံဖော်နိုင်တဲ့သူ ဆိုတာမရှိပါဘူး။

၇။ ဘဝကို ရိုးသားဖြောင့်မှန်စွာနဲ့ ကိုယ့်အနာဂတ်၊ ကိုယ့်ဘဝကိုယ်ရှေးရှုပြီး သာ ရှေ့ဆက်လျှောက်လှမ်းမယ်ဆို တခြားသူတွေကိုယ့်ကို ပစ်ပယ်ထားလို့ ခံစားရတဲ့ အဓိပ္ပါယ်မဲ့ အားငယ်ခြင်းတွေအတွက် အချိန်မရှိတော့ပါဘူး။

၈။ ရုန်းကန်ခဲ့ရတဲ့ အချိန်တွေ၊ စိတ်ပျက်အားငယ်ခဲ့ရတာတွေနဲ့ ငြင်းပယ်ခံရမှုတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမယ့်အစား ရှေ့ဆက် လျှောက်လှမ်းဖို့အတွက် အားယူလိုက်ပါ။ ဘဝဟာ သင်ပြုမူ တွေးမြင်တဲ့အတိုင်း ရောင်ပြန်ဟပ် လာပါလိမ့်မယ်။

၉။ ဒီလို အကူးအပြောင်းကာလ တွေဟာ ကိုယ့်ကို အကျပ်အတည်း ဖြစ်စေတဲ့ အခြေအအနေတွေကို စွန့်လွှတ်လိုက်ဖို့နဲ့ ကိုယ့်အနာဂတ်အတွက် ပိုကောင်းမွန်တဲ့ လမ်းကို ဆက်လျှောက်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ။

၁ဝ။ အခုအချိန်ဟာ ကိုယ့်ရဲ့ဖြစ်တန်စွမ်းရှိသလောက် ခရီးဆက်နိုင်ဖို့ အစဖြစ်တယ်။ ဒါကြောင့် မကောင်းတဲ့အရာတွေကို စွန့်လွှတ်ပစ်ဖို့ သတ္တိရှိပါ။ ရှေ့ကိုဆက်လျှောက်လှမ်းဖို့ ထိုက်သင့်သလောက် အသိပညာ သိုမှီးပါ။ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကို ရယူဖို့အတွက် စိတ်ရှည်သည်းခံပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။